၁၂၁။ သတ်ဖြတ်ခြင်း အနုပညာ - ၃

1.5K 126 1
                                    

၁၂၁။ သတ်ဖြတ်ခြင်း အနုပညာ - ၃

ဂိတ်တံခါးရှေ့တွင် ဒူးထောက်နေကြသည့် အရာရှိများက တံတိုင်းအပေါ်သို့ စူးစိုက်ကြည့်ပြီး ဘုရင်ကြီးကို မြင်ကြလျှင် စတင်၍ အော်ဟစ်ကြသည်။ ဘုရင်ကြီးက သူတို့ကို ကယ်တင်နိုင်မည်ဟူ၍ ယုံကြည်ကြသောကြောင့် ဖြစ်သည်။

သို့သော် သူတို့က ဖုန်တောထဲတွင် လဲကျနေသည့် အလောင်းများကို တွေ့မြင်ကြရပြီး သူတို့ကို မှတ်မိသွားကြလျှင် သူတို့၏ နှလုံးသားများက လုံးဝဥဿုံ စိတ်ပျက်ညှိုးငယ်ခြင်းသို့ ကျဆင်းနစ်မြုပ်သွားကြသည်။

အရာရှိများက လုံးဝ တိတ်ဆိတ်သွားကြသည်။ ဝုဝမ်နှင့် ဝေချွမ်ဟွာသည်ပင် ဓားသွားမှ မလွတ်မြောက်ကြလျှင် မည်သူက လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါတော့မည်နည်း။

သူတို့၏ အထက်တန်းစား အရာရှိဘဝတွင် ပထမဆုံးအနေဖြင့် သေအံ့မူးမူးခံစားချက်မှာ ကျဆင်းနစ်မြုပ်သွားကြသည်။

“ဂျန်ဝုရှီ, ဘာလို့ သူတို့ကို ဒီ ခေါ်လာရတာလဲ” ဘုရင်ကြီးက တုန်ယင်နေသည့် လေသံဖြင့် မေးသည်။ သူက ဝုဝမ်နှင့် သူ့ယောက္ခမကြီးတို့အား ကွပ်မျက်ခြင်းကို တွေ့မြင်ခဲ့သော်လည်း အစွမ်းကုန် သည်းခံခဲ့ရသည်။ အရာရှိများက ဂိတ်တံခါးရှေ့တွင် ဒူးထောက်လျက် အသနားခံနေတာက သူ့ကို နာကျင်စေခဲ့သည်။ သူ့ကိုယ်သူ မနည်းရုန်းကန်ကာ ထိန်းသိမ်းနေရသည်။

သူက အရာရှိများ၏ မျက်နှာကို သေချာစွာ ကြည့်လိုက်သည်။ သူတို့အားလုံးက ချွင်းချက်မရှိ လင်းအိမ်တော်၏ ရန်သူများ ဖြစ်ကြပြီး တစ်နည်းမဟုတ် တစ်နည်း နာမည်ဆိုးရှိကြသူများ ဖြစ်ကြသည်။

သူမက တစ်ယောက်မျှ အလွတ်မပေးသလို, မည်သူ့ကိုမျှလည်း မှားယွင်း ဖမ်းဆီးခြင်း မရှိချေ။

ရူလင်းစစ်တပ်က ဂျန်မိသားစုအား အကောက်ကြံခဲ့ကြသည့် နေပြည်တော်အတွင်းရှိ အရာရှိများအားလုံးကို တစ်ချက်တည်းဖြင့် ဖမ်းဆီးခဲ့သည်။

ပါရမီရှင်သမားတော်Where stories live. Discover now