၁၀၁။ဘုရင်ကြီး၏ လှည့်ကွက် -၂

1.6K 128 1
                                    

၁၀၁။ဘုရင်ကြီး၏ လှည့်ကွက် -၂

“သားတော်က သူတို့ကို မှားယွင်းပြီး စွပ်စွဲနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ မြင်ရသလောက်တော့ ဂျန်ချင်းက အသက်ရှင်နေသေးပုံပဲ၊ ဒါကလည်း ဖြစ်နိုင်ချေ ရှိပါတယ်၊ ဒီဖြစ်နိုင်ချေက ဂျန်ဝုရှီ ကျောက်စိမ်းနှင်းပွင့်ဆေးလုံး ထုတ်နိုင်တာနဲ့, အိမ်ရှေ့စံ ပြန်ကောင်းလာတာရဲ့ အဖြေဖြစ်တယ်၊ ဒီကိစ္စက အဖေ့အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်မလားပဲ” မိုရွှမ်ဖေးက ရှင်းပြသည်။ သူက ကြမ်းပြင်ကို နဖူးဖြင့် တိုက်ကာ ဘုရင်ကြီးအား ကျိုးနွံစွာ လျှောက်တင်သည်။

ဘုရင်ကြီးက မိုရွှမ်ဖေးကို ကြည့်ရင်း တစိမ့်စိမ့် တွေးနေ၏။

“မင်းနဲ့ ဘိုင်ယန်ရှင်းအန် ကြားက ကိစ္စတွေကရော  ဘယ်လိုလဲ” ဘုရင်ကြီး မေးသည်။

မိုရွှမ်ဖေးက တွန့်ဆုတ်စွာ ဖြေလေ၏ “သူမက သားတော်အပေါ် စိတ်ယိုင်နေပါပြီ၊ ပြီးတော့ သားတော်ရဲ့ ထိန်းချုပ်မှုအတွင်းမှာ ရှိပါတယ်၊ အိမ်ရှေ့စံနန်းဆောင်မှာ ဂျန်ဝုရှီနဲ့ ကိစ္စကြောင့် အခုထိ စိတ်ကောက်နေတုန်းပဲ၊ ပြီးတော့ သူမ အတော် အေးစက်စက် ဖြစ်နေတုန်းပဲ။”

သူမက နဂိုကတည်းက ခပ်တန်းတန်း နေထိုင်ခဲ့သည့်အပြင် အခုဆို သူ့ကို အေးစက်စက်ပင် တုံ့ပြန်လာခဲ့သည်။

ဘုရင်ကြီး မျက်မှောင်ကုတ်သွားသည်။

မိုရွှမ်ဖေးက အတင်းအကျပ် ပြောလာသည် “အဖေ, အိမ်ရှေ့စံနဲ့ လင်းအိမ်တော်က မကြခဏ ချိတ်ဆက်ပြီး လျှို့ဝှက်ကြံစည်နေကြတယ်, သိထားတဲ့ ကိစ္စသာ အမှန် ဖြစ်ခဲ့ရင်.....”

“တော်တော့....”ဘုရင်ကြီးက ဒေါသကြောင့် မျက်နှာကြော ရှုံ့မဲ့သွားကာ စာလိပ်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။

“ဒီကိစ္စတွေကို ငါ ကိုင်တွယ်မယ်၊ အရာရှိလင်းရဲ့ အကျင့်ပျက်ခြစားတာတွေနဲ့ အိမ်ရာ ဝယ်ယူမှုတွေကို စစ်ဆေးနေတာ ဘယ်အထိ ရောက်နေပြီလဲ” ဘုရင်ကြီးက ညင်သာစွာ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

ပါရမီရှင်သမားတော်Nơi câu chuyện tồn tại. Hãy khám phá bây giờ