၁၀၈။ မုန်တိုင်း အစပျိုးခြင်း - ၄

1.4K 116 1
                                    

၁၀၈။ မုန်တိုင်း အစပျိုးခြင်း - ၄

ရဲရဲနီသည့် မိုးက ခါးသီးပြီး အသက်ရှုကျပ်စေသည့် အနံ့ကို သယ်ဆောင်ကာ ကျဆင်းခဲ့သည်။ ဂျန်ဝုရှီက ပြန့်ကျဲနေသည့် အလောင်းများကို ဖျတ်ခနဲ ကြည့်လိုက်သည်။ သူမ မျက်လုံးများက ထူးဆန်းစွာ တည်ငြိမ်နေသည်။

“နင့်ကို နိုးစေမိလို့ ဝမ်းနည်းပါတယ်, ဝုရှီ။” ဂျန်ဝုယောင်းက တောင်းပန်၍ ပြုံးပြသည်။ ထို့နောက် သွေးများ ပေကျံနေသည့် သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ “ငါ ဒီလိုမျိုး ဖြစ်နေတာ နင့်ကို တကယ် မမြင်စေချင်ပါဘူးကွာ။”

ဂျန်ဝုရှီက မျက်မှောင်ကုတ်လိုက်သည်။ အိမ်ဝန်းရှေ့မှ တိုက်ခိုက်နေသံကို ကြားရ၍ သူမ မျက်လုံးများမှာ အေးစက်သည့် စိတ်ဆန္ဒတို့ ဖြတ်သန်းသွားသည်။

(သခင်မလေး, တစ်ခုခု ဖြစ်နေပုံပဲ။) ကြောင်နက်လေး၏ ကျောပြင်က အမွှေးများ ထောင်ကုန်သည်။ သူက စိုးရိမ်တကြီး ဖြစ်သွားသည်။

“ဒါ ဘုရင်ကြီးလက်ချက်ပဲ။” ဂျန်ဝုရှီက သေချာစွာ စဉ်းစားမိလျှင် ထူးထူးခြားခြား အေးစက်သွားရသည်။ “ဂျန်ဝုယောင်း။”

“ဟမ်, ဘာလဲ” ဂျန်ဝုယောင်း အပြုံးက ဖျော့တော့သွားသည်။ သူ့မျက်လုံးများမှာတော့ လှုပ်ရှားတက်ကြွလို့နေသည်။

“သူတို့ကို သတ်...”

“မင်းလေး အလိုအတိုင်းပါဘဲ” ဂျန်ဝုယောင်းကာ ပြုံး၍ သူ့ပုံရိပ်က ရိပ်ခနဲဖြင့် ခြံဝန်းရှေ့သို့ ပြေးထွက်သွားသည်။

(သခင်မလေး, နင့် ဦးလေး။) ကြောင်နက်လေးက အလျင်အမြန် ပြောလာသည်။

ဂျန်ဝုရှီက ကြောင်နက်လေးကို လွှတ်ပစ်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်က ရှည်လျား ကြီးမားသွားပြီး ခန့်ညားသည့် အနက်ရောင် တောကောင်ကြီး ဖြစ်သွား၍ အနောက်ဘက်ခြံဝန်းသို့ ဆင်းသက်လာသည်။ ဂျန်ဝုရှီက တောကောင်ကြီးအပေါ်သို့ ခုန်တက်လိုက်သည်။ မျက်လုံးများက ဒေါသဖြင့် တောက်လောင်နေလေ၏။

ပါရမီရှင်သမားတော်Where stories live. Discover now