၁၇၅။ ကိစ္စများကို ကိုင်တွယ်ခြင်း - ၁

1.4K 97 1
                                    

၁၇၅။ ကိစ္စများကို ကိုင်တွယ်ခြင်း - ၁

အခန်းထဲတွင် ဂျန်ဝုရှီက သူမပါးစပ်ကို ထပ်တလဲလဲ ဆေးကြောနေသည်။ သို့သော် သွေးအရသာကို မဖယ်ရှားနိုင်ပေ။ သူမက စားပွဲဘေးတွင် ထိုင်လျက် ကြောင်နက်လေး တရစပ် ရုန်းကန်နေခြင်းကို ကြည့်နေသည်။ သူမ မျက်လုံးများတွင် စိုးရိမ်ခြင်းများ ရောစွက်နေသည်။

သူမက လက်မြှောက်၍  သူမအမြဲလုပ်နေကျအတိုင်း ကြောင်နက်လေး၏ အမွှေားများကို ပွတ်သပ်ပေးသည်။

“ကျော်လွှားလိုက်ပါ” သူမက တီးတိုး ပြောသည်။

ကြောင်နက်လေးက မည်မျှလောက် ကြာအောင် သူ ရုန်းကန်နေရသလဲ မသိတော့ပေ။ သူ မှတ်မိတာက... ရွှေခြင်္သေ့ကို သူ့လက်သည်းဖြင့် တဆင့်ချင်း တက်နင်းထားတာကို ဖြစ်သည်။ ရွှေခြင်္သေ့၏ ခန္ဓာကိုယ်က ဖွတ်ဖွတ်ညက်ညက် ကျေနေပြီး ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူ့ကို အမှောင်ထဲ ဆွဲသွင်းကာ ဘာမှ မရှိတော့အောင် လှဲသိပ်လိုက်သည်။ ကြောင်နက်လေးက ခေါ်သံကြားလိုက်သည်။ ၎င်းအသံက သူအရမ်းရင်းနှီးသည့် အသံဖြစ်သည်။

“ညောင်”

ဂျန်ဝုရှီက နွေးထွေးသည့် အရာက သူ့ပါးပြင်ကို ထိုးဆွနေတာကို ခံစားရသည်။ သူမက မျက်လုံးကို တစ်ဝက်ပွင့်အောင် မနည်းကြိုးစားဖွင့်လိုက်ရသည်။ ကြောင်နက်လေးက သူမ မျက်နှာကို ချစ်ခင်ယုယစွာ ပွတ်သပ်‌ပေးနေသည်။

(ဘာလို့ နင် ဒီမှာ အိပ်နေရတာလဲ။) ကြောင်နက်လေးက ဂျန်ဝုရှီကို သေချာ ကြည့်၍ မေးသည်။ သူနိုးလာတော့ ဂျန်ဝုရှီကို စားပွဲပေါ်တွင် ပယ်ပယ်နယ်နယ် အိပ်နေတာ တွေ့လိုက်ရသည်။

ဂျန်ဝုရှီက ထ၍ ကြောင်နက်လေးကို ပြန်မဖြေဘဲ ကြောင်နက်လေးကို သေချာ ဆန်းစစ်လိုက်လျှင် ရွှေရောင်အစင်းက ကြောင်နက်လေး၏ လည်ပင်းတွင် လည်ပတ်တစ်ခုလို ဖြစ်နေပြီး သူ၏ ချက်သို့တိုင် ဆင်းသက်သွားတာကို တွေ့လိုက်ရသည်။

ပါရမီရှင်သမားတော်Where stories live. Discover now