၉၁။ပထမရိုက်ချက် - ၂

1.5K 135 0
                                    

၉၁။ပထမရိုက်ချက် - ၂

“ကျောက်စိမ်းနှင်းပွင့် ဆေးလုံး ဖော်စပ်နည်းက သီးသန့်ဖြစ်ပြီးတော့, ငါတို့ ချင်းယန်ကလန်မှာ တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားတဲ့ ဖော်စပ်နည်း ဖြစ်တယ်၊ ဒီဆေးလုံးကို ဖော်စပ်ဖို့ လိုအပ်တဲ့ အချိန်နဲ့တင်, ဒီဆေးလုံးက မှားယွင်းနေပြီ၊ ကျောက်စိမ်းနှင်းပွင့်ဆေးလုံးကို အပြည့်အဝ ဖော်စပ်ပြီးစီးဖို့ သုံးရက်ကနေ ငါးရက်အထိ ကြာတယ်၊ နင်က နေ့တစ်ဝက်လောက်ပဲ အချိန်သုံးခဲ့တာ၊ ဘယ်လိုလုပ် ဒီဆေးမျိုးကို ဖော်စပ်နိုင်ပါ့မလဲ၊ နင်က ကလေးကစားသလို ငါ့ကို အရူးလုပ်လို့ ရမယ် ထင်နေတာလား။” ဘိုင်ယန်ရှင်းအန်က အေးစက်စွာ ရယ်လိုက်သည်။ သူမက ပုလင်းထဲတွင် ပါဝင်သည့် အရာက ကျောက်စိမ်းနှင်းပွင့် ဆေးလုံးလို့ မယုံကြည်ပေ။

သည်ဆေးလုံးဖော်စပ်နည်းက သူတို့ ချင်းယန်ကလန်၏ ပြိုင်ဘက်ကင်း နည်းစနစ်ဖြစ်သည်။ တခြားသူများက သည်ဆေးလုံးကို သည်လောက်အချိန်ကြာအောင် ဖော်စပ်ရသည်ကို မသိကြပေ။ လင်းအိမ်တော်၏ သည်ကောင်မလေးက ခပ်မြန်မြန်ဖြင့် တခြားဆေးလုံးများကို ထည့်ထားပြီး ပုလင်းထဲမှာ ပါသည့် ဆေးလုံးများက ကျောက်စိမ်းနှင်းပွင့် ဆေးလုံးရယ်လို့ လုပ်ချင်သေးသည်။ သူမက တကယ့်ကို ရယ်စရာ လုပ်နေခြင်းပင်။

“သုံးရက်နဲ့ ငါးရက်လား” ဂျန်ဝုရှီက သူမ မျက်လုံးများကို မြှောက်ပင့်လိုက်ပြီး ဘိုင်ယန်ရှင်းအန်ကို အထက်စီးဟန်ဖြင့် ကြည့်လိုက်သည်။ သူမကို စိန်ခေါ်နေသလိုပင်။

ဘိုင်ယန်ရှင်းအန်က နှာခေါင်းရှုံ့လိုက်သည်။

“ဘာလို့ နင်က အရင် စစ်ဆေးပြီးမှ တစ်ခုခုကို မပြောရတာလဲ။”

စကားများစွာ ပြောနေတာထက်, အမှန်တရားကိုသာ ၎င်းကိုယ်တိုင် ပြောခိုင်းသင့်သည် မဟုတ်လား။

“စစ်ဆေးစရာ မလိုပါဘူး။” ဘိုင်ယန်ရှင်းအန်က လှောင်လိုက်ပြီး ပုလင်းကို ယူ၍ လွှင့်ပစ်ရန် လုပ်လိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now