၄၄။ စုတ်ပြတ်နေသော စာအုပ်များ - ၂
“ကြိုဆိုပါတယ်” ဖိုသီဖတ်သီ လူငယ်လေးက သူ့ကုန်ပစ္စည်းများကို လှန်လှောကြည့်နေသည့် တစ်စုံတစ်ယောက်ကို တွေ့ရလျှင် ချက်ချင်းပင် သူက သူ့စာအုပ်ကို ဘေးချထားလိုက်ပြီး အတောက်ပဆုံး ပြုံးပြသည်။ သူ၏ ဖြူရော်နေသည့် မျက်နှာတစ်ခုလုံးမှာ အညစ်အကြေးများ ပေကျံနေသော်လည်း သူက လမိုင်းကပ်သော အပြုံးကို အကောင်းဆုံး ပြုံးပြသည်။
“ကျေးဇူးပြုပြီး ကြည့်ရှုပါ၊ စိတ်ဝင်စားတာ တစ်ခုခုများ တွေ့ရရင် ကျနော့်ကို အသိပေးပါ” သူက စိတ်လိုလက်ရ ပြောသည်။
ဂျန်ဝုရှီက ဟန်လုပ်ကာ အတင်းပြုံးပြလိုက်ရသည်။ သူမက သူမလက်စွပ်နှင့် ဆန့်ကျင်ကာ ယီးတီးယောင်တောင် လုပ်နေရင်း စာအုပ်များအပေါ် ဝိရောဓိ ဖြစ်နေတုန်းပင်။
“နင်က ဒီစာအုပ်တွေနဲ့ ဘာအကျိုးကျေးဇူးရမှာမို့ လိုချင်နေရတာလဲ” သူမက အေးစက်စွာ မေးလိုက်သည်။ သူမက သည်ဈေးသို့ မျှော်လင့်ချက်အပြည့် လာရောက်ခဲ့သည်။ သို့သော် စိုက်ပျိုးရေးစာအုပ်များနှင့်သာ အဆုံးသတ်ရမည်ဟူ၍ သူမ ဘယ်တုန်းကမှ မတွေးမိခဲ့ချေ။
“ဒီစာအုပ်တွေလား၊ ဒီစာအုပ်အကုန်လုံးကို နင်က လိုချင်တာလား” ဖိုသီဖတ်သီ လူငယ်လေးက တောက်ပလွန်းသည့် အပြုံးဖြင့် သူ့မျက်လုံးများမှာ လှုပ်ရှားသွားသည့် အလင်းရောင်က လက်ခနဲ ဖြတ်သွားပြီး သူမကို ဆူဖြိုးသည့် သိုးကို ကြည့်သလို ကြည့်လိုက်သည်။
“အင်း” သူမက တိုပြတ်ပြတ် ပြောလိုက်သည်။ သူမ လိုချင်တာက သည်ကိစ္စကို လျင်မြန်စွာ ဖြေရှင်းပြီး သူမအတွက် ကျင့်ကြံခြင်းစာအုပ်ကို ဆက်လက်ရှာဖွေရန် ဖြစ်သည်။
ဖိုသီဖတ်သီ လူငယ်လေးက တောက်ပလင်းလက်သွားပြီး သူ၏ ညစ်ပတ်နေသည့် လက်ငါးချောင်း ဟန်ပါပါ ထောင်ပြလိုက်သည်။
“အရှေ့တိုင်း ပုလဲငါးလုံး”
![](https://img.wattpad.com/cover/290442876-288-k990938.jpg)