၁၈၃။ ပုန်းအောင်းခြင်း - ၁

1.3K 86 0
                                    

၁၈၃။ ပုန်းအောင်းခြင်း - ၁

ချင်းယန်ကလန်အုပ်စုသည် နန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။ မိုချင်းယွမ်က မဆိုင်းမတွ လိုက်ပါသွားသည်။ ကိုယ်စားလှယ်အယောက်နှစ်ဆယ်ကျော်ကို ခန်းမထဲသို့ ဖိမ်မံလိုက်သည်။

အဆင့်နိမ့် နန်းတွင်းသူများနှင့် အခြားနန်းတွင်း အမှုထမ်းများက ခန်းမထဲတွင် ရောက်ရှိနေကြပြီး ချင်းယန်ကလန်မှ “အလည်အပတ်လာသည့် ဧည့်သည်”များကို ဧည့်ခံကြသည်။ မိုချင်းယွမ်က ကြာရှည်စွာ အဆိပ်မိခဲ့၍ သူ့ခန္ဓာကိုယ်က ပျက်စီးလုလု ဖြစ်ခဲ့ပြီး သူ့ဝိညာဉ်စွမ်းအားကလည်း များစွာ တိုးတက်မလာခဲ့ပေ။ သူ၏ မဖြစ်ညစ်ကျယ် ဝိညာဉ်စွမ်းအားလေးဖြင့် ရောက်ရှိလာသည့် အုပ်စု၏ မျက်လုံးထဲတွင် သူက တစ်ချက်စာပင် ခံနိုင်မည် မဟုတ်ပေ။

“ယန်ရှင်းအန် ဘယ်မှာလဲ” ဂျန်းချန်ချင်းက ထိုင်ပြီးပြီးချင်း မဲမှောင်နေသည့် အမူအရာဖြင့် မေးသည်။ နန်းတွင်းသူများ တည်ခင်းဧည့်ခံသည့် အစားအစာများကိုပင် အရေးမစိုက်ချေ။

ချင်ယုယန်က သူမ လက်ဖက်ရည်ကို ခေါင်းငုံ့သောက်နေသည်။ သူမ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးက ကွန်းခိုနေသည်။ သို့သော် သူမက မည်သို့မျှ မပြောချေ။

“ငါ သူမကို ဒီလာဖို့ ဖိတ်ခေါ်ခိုင်းထားတယ်၊ ကျေးဇူးပြုပြီး ခဏလောက် ခြေဆန့်လက်ဆန့် နေပါ။”

ဘိုင်ယန်ရှင်းအန် သည်တိုင်းပြည်သို့ ရောက်လာစဉ်က, သူမကို အမြင့်မှာ ထားပြီး ဆက်ဆံကြသည်။ မိုရွှမ်ဖေးက သူမသဘောကျအောင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်ခဲ့သည်။ ဘိုင်ယန်ရှင်းအန်က မာနကြီးသော်လည်း မိုရွှမ်ဖေးက သူအခုလိုပင် သူ့ကိုယ်သူ နှိမ့်နှိမ့်ချချဖြင့် ဆက်ဆံပေးခဲ့သည်။

ဂျန်ချန်ချင်းက တိုင်းပြည်ဘုရင်နှင့်ပင် စကားစမြည် မပြောဆိုပေ။

ချင်းယန်ကလန်၏ အကြီးအကဲက တကယ် ကိန်းကြီးခန်းကြီး နိုင်လွန်းသည်။

ပါရမီရှင်သမားတော်Where stories live. Discover now