၁၂၆။ သေခြင်းတရား ပေါ်ပေါက်လာခြင်း - ၃

1.5K 151 0
                                    

၁၂၆။ သေခြင်းတရား ပေါ်ပေါက်လာခြင်း - ၃

“အမိုက်မလေး” ဂျန်ရှင်းယန်က ဂျန်ဝုရှီထံသို့ လျှောက်လှမ်းလာသည်။ သွေးများ စွန်းထင်းနေသည့် သူမဝတ်စုံကို မြင်လျှင် သူ့နှလုံးသားက နာကျင်ခံစားသွားရသည်။ သို့သော်လည်း သူမ ဘေးကင်းလုံခြုံနေသဖြင့် သက်သာရာ ရသွားသည်။ သူက လက်ကို မြှောက်၍ သူမ ဆံနွယ်များကို ချစ်ခင်ကြင်နာစွာ သိမ်းပေးလိုက်သည်။

“နင့် ဖိုးဖိုး အဆင်ပြေပါတယ်။”

ဂျန်ဝုရှီ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ မျက်ရည်များ ကျလုကျခင် ဖြစ်နေသည်။ သူမက ခေါင်းကို ငုံ့လိုက်ကာ သူမ မျက်ရည်များကို မကျအောင် ထိန်းသိမ်းလိုက်သည်။

ဂျန်ရှင်းယန်က ဂျန်ဝုရှီပခုံးကို အသာအယာ ပုတ်လျက်, တံတိုင်းအပေါ်ရှိ ဘုရင်ကြီးကို ကြည့်လိုက်သည်။ သူက အခုထိ တုန်ယင်နေတုန်းပင်။ “အရှင်မင်းကြီး စိတ်ချလက်ချသာ နေတော်မူပါ၊ လုပ်ကြံသူအားလုံးကို ဖယ်ရှားပြီးပါပြီ။ နန်းတော်ကလည်း အခု လုံခြုံသွားပါပြီ။”

ဂျန်ရှင်းယန်၏ ပေါ်ထွက်လာခြင်းက ဂျန်ဝုရှီကို တုန်လှုပ်စေသည်။ ထို့ပြင် ဘုရင်ကြီးကိုလည်း အံ့အားသင့်စေသည်။ သူက ပြောစရာစကားမဲ့လေပြီ။

သူက အသက်ရှင်နေတာပဲလား။

“အာ... အင်း... ငါ့ရဲ့ ချစ်လှစွာသော လက်အောက်ခံ, မင်း ပင်ပန်းသွားရပြီ၊ လင်းအိမ်တော်က သာမန်ထက်လွန်ကဲတဲ့ အကျိုးအမြတ်ကို ဆောင်ယူလာခဲ့တာပဲ၊ ဒီတော့ ငါကိုယ်တော် မေ့လို့ ဘယ်ဖြစ်ပါ့မလဲ၊ ဟေ့ကောင်တွေ... ငါ့အမိန့်ကို ပို့ဆောင်လိုက်၊ လင်းအိမ်တော်ကို ဆုချီးမြှင့်ရမယ်၊ အထည်အလိပ် တစ်ရာ, ရွှေသား တစ်ထောင်, ပြီးတော့ ရူလင်းစစ်တပ်ကို ဂုဏ်ပြုစကား ချီးမြှင့်ရမယ်၊ ငါ့ကို ကာကွယ်ပေးလို့ပေါ့။” မည်သို့ပင် ဖြစ်စေ, ဂျန်ရှင်းယန်က အသက်ရှင်နေခဲ့ပြီ။

သူ မသေသင့်မှန်း မိုးကောင်းကင်က အသိအမှတ်ပြုပုံရခဲ့သည်။

ပါရမီရှင်သမားတော်Where stories live. Discover now