၄၈။ ကမ္ဘာက ကျဉ်းကျဉ်းလေးပါ - ၃

1.6K 177 0
                                    

၄၈။ ကမ္ဘာက ကျဉ်းကျဉ်းလေးပါ - ၃

မိုရွှမ်ဖေး၏ အမူအရာက အရုပ်ဆိုး အကျည်းတန်သွားပြီး သူ့ခံစားချက်ကို မနည်း မျိုသိပ်ထားလိုက်ရသည်။ ဘိုင်ယန်ရှင်းအန်က အနည်းငယ် နဖူးတွန့်သွားပြီး ရှေ့သို့ တက်လာကာ အဖိုးကြီးအား ကြွေထည်ပုလင်းလေး တစ်လုံးကို လှမ်းပေးလိုက်သည်။

“ဒါတွေနဲ့ဆို လုံလောက်ပြီလား” သူမက မေးမော့၍ မာန်ဖြင့် မေးလိုက်သည်။

အဖိုးအိုက ပုလင်းကို ကောက်ယူ၍ မျက်ခုံးပင့်လိုက်ပြီး သူမကို ဖျတ်ခနဲ ကြည့်လိုက်သည်။

ပရိသတ်များက ချင်းယန်ကလန်အဓိပတိ၏ တပည့်က မည်သည့်အရာကို လှမ်းပေးလိုက်သလဲဆိုသည်ကို ကြည့်ရန် လည်ဆန့်လိုက်ကြသည်။ ထိုအရာက တကယ့်ကို ကောင်းမွန်သည့် ပစ္စည်း ဖြစ်နိုင်စရာ ရှိသည်။

အဖိုးကြီးက ပုလင်းကို ဖွင့်၍ နှာခေါင်းဝေ့ကာ နမ်းကြည့်သည်။

ပုလင်းကို ဖွင့်လိုက်သည်နှင့် ချိုအီပြီး လတ်ဆတ်သည့် ရနံ့က ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွား၍ လူအုပ်ကို ဆွဲဆောင်သွားသည်။

“ဒါက.....” သူက လည်ချောင်းသံဖြင့် မေးသည်။

ဘိုင်ယန်ရှင်းအန်က နှာခေါင်းရှုံ့ပြီး ပြန်ပြောသည် “ဒါက ချင်းယန်ကလန်ရဲ့ အကျော်ကြားဆုံး ချင်းယန်ဆေးလုံးတွေပဲ။”

သူမ ပါးစပ်မှ ထိုစကားလုံးများ ထွက်လာသည်နှင့် တပြိုင်နက်, အံ့အားတသင့် ပြောဆိုသံကို နေရာစုံမှာ ကြားနိုင်သည်။

ချင်းယန်ဆေးလုံးလား။

သည်ဆေးလုံးက ချင်းယန်ကလန်အဓိပတိကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးလုံးဟူ၍ ကောလာဟလရှိသည်။ ယင်းဆေးလုံးက အသက်ကယ်ဆေးဟူ၍ ကျော်ကြားသည်။ သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေသူသည်ပင် တစ်နေ့တစ်လုံး သုံးဆောင်ပါက သူတို့၏ သက်တမ်းကို ဆွဲဆန့်နိုင်စွမ်းရှိသည်။

ပါရမီရှင်သမားတော်Where stories live. Discover now