၃၉။ ဘုရင့်နန်းတော် - ၂

1.7K 183 0
                                    

၃၉။ ဘုရင့်နန်းတော် - ၂

ဝုဝမ်က လင်းဝမ်၏ အကြည့်အောက်တွင် မမြင်နိုင်သည့် ဖိအားများက သူ့အပေါ် စုပုံလာသလို ဖြစ်သွားသဖြင့် သူ့နောက်ကျော်ရှိ ဆံပင်များအားလုံး ထောင်ထသွားသလို ခံစားလိုက်ရသည်။ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အလွန် အခြိမ်းခြောက်ခံလိုက်ရသလို ခံစားလိုက်ရခြင်း ဖြစ်သည်။ သူ၏ အသက်ခြောက်ဆယ်ကျော် ဘဝတစ်ခုလုံးမှာ လင်းဝမ်၏ အံ့ဖွယ်ဂုဏ်သတင်းက ချီနိုင်ငံတော်ကိုပင် ကျော်လွန်ပြီး ကျော်ကြားခဲ့သည်။ ထိုသို့ ကျော်ကြားခြင်းက ဘာ့ကြောင့်လဲဆိုသည့် အဖြေကို သူက ကျိန်းသေ ရရှိသွားသလို ခံစားလိုက်ရသည်။

သူက မသိမသာပင် တံတွေး မျိုချလိုက်ပြီး သူ၏ ကြောက်လန့်ခြင်းကို တည်ငြိမ်အောင် မနည်းကြိုးစားလိုက်ရသည်။

“ကျုပ် လင်းအိမ်တော်ရဲ့ အရေးကိစ္စတွေမှာ ခင်ဗျား စိုးရိမ်နေစရာ မလိုပါဘူး၊ စိုးရိမ်သလို လုပ်ပြီးတော့ ကိုယ့်ကိုယ်ကို ပြဿနာဖြစ်အောင် မလုပ်ပါနဲ့” အနားရှိ အမတ်ကြီးများက ကြောက်ရွံ့ထိတ်လန့်စွာ ရယ်နေကြသည်ကို တွေ့ရ၍ သူက နောက်ဆုံးတွင် သွေးဆာရက်စက်သည့် စိတ်အရှိန်ကို ဖိနှိပ်ကာ ပြန်လည် ရုတ်သိမ်းလိုက်သည်။

“ကောင်းပါပြီ, ကျုပ်က ကျုပ်တို့ ဘုရင့်တိုင်းပြည်ကိစ္စတွေမှာသာ စိုးရိမ်ပူပန်ကြတာပေါ့။” ဂျန်ရှင်းယန်က သူ၏ သွေးဆာရက်စက်သည့် စိတ်အရှိန်ကို အကုန်အစင် ပြန်လည် ရုတ်သိမ်းပြီးနောက် ဝုဝမ်က တစ်ခု ကောက်ချက်ချလိုက်မိသည်--- ဂျန်ရှင်းယန်က သွားမရှိသည့် ကျား ဖြစ်နေခဲ့ပြီ၊ အခု သူက အိုမင်းနေပြီး သူက အရင်လို သတ္တိ မရှိတော့။ ထို့ကြောင့် အလွန် ဗြောင်ကျကျ မလုပ်ရဲတော့ဟူ၍ ဖြစ်သည်။

“အိုး, ကျုပ် ကြားထားရတာကတော့ သခင်မလေးက လင်းအိမ်တော်ကနေ ထွက်မလာတာတောင် အတော်ကြာနေပြီဆိုပါလား၊ သူမက ငယ်ငယ်လေး ရှိသေးတာ၊ သူမက ငါတို့ ရွှမ်ဖေးနဲ့ အလားအလာ မရှိရင်တောင် သူမက ဒီလောက်ကြီး ဝမ်းနည်းနေစရာမှ မလိုတာ၊ သူမ အပြင်ထွက်ပြီး လေကောင်းလေသန့်ကို တဝကြီး ရှူသင့်တယ်၊ အခန်းထဲမှာ တစ်နေ့လုံး ကုပ်နေတာ မိန်းကလေးငယ်လေးအတွက် ဘယ်ကောင်းပါ့မလဲ” ဂျန်ရှင်းယန်က အရင်တုန်းကလို ကြမ်းတမ်းသည့် ကျားတစ်ကောင် မဟုတ်တော့တာကို စဉ်းစားလျက် ဝုဝမ်က ဂျန်ချင်းအကြောင်းကို ပြောပြီးတာတောင် ဂျန်ဝုရှီကို ဆက်လက် လှောင်ပြောင်လိုက်သေးသည်။

ပါရမီရှင်သမားတော်Where stories live. Discover now