၁၁၁။ တိမ်ပျံအချက်ပြမီး - ၂

1.6K 136 0
                                    

၁၁၁။ တိမ်ပျံအချက်ပြမီး - ၂

တဖြောင်းဖြောင်း အော်မည်သံက နေပြည်တော် တခွင် ပဲ့တင်ထပ်သွား၍ လူများက ရုတ်ချည်းပင် အိပ်ရာမှ နိုးထလာကြပြီး မူးတူးတူးဝေတေတေဖြင့် ပြူတင်းပေါက်များမှ တဆင့် ညဘက် ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေသည့် အနီရောင် မီးအလင်းကို ကြည့်နေကြသည်။

အကြောင်းရင်းကို မသိသူများက လှပသော မြင်ကွင်းကို ကြည့်ပြီး မီးရှူးမီးပန်း ပစ်လွှင့်ခြင်းမျှသာ မှတ်ထင်ထားကြသည်။ ထို့ကြောင့် မိသားစုအားလုံး စုရုံး၍ ရှုစားနေကြသည်။

သို့သော် အရာရှိများက အနီရောင်သန်းနေသည့် ကောင်းကင်ကို ကြည့်ပြီး စိတ်မရွှင်မပျ ဖြစ်သွားကြသည်။ တကယ်တော့ ထိုတဖြောင်းဖြောင်း အော်မြည်သံနှင့် သူတို့ ရင်းနှီးပြီးသား ဖြစ်ကြသည် မဟုတ်လား။

သည်အသံကို ကြားရတိုင်း သည်အနီရောင်ကောင်းကင်ကို မြင်ရတိုင်း, အဓိပ္ပါယ်တစ်ခုတည်းသာ ရှိသည်.... ၎င်းက သွေးထွက်သံယို ဖြစ်တော့မည်ဟူ၏။

တိမ်ပျံအချက်ပြမီးကို အသက်သွင်းလိုက်သည်နှင့် ရူလင်းစစ်တပ်တစ်ခုလုံးကို ဆင့်ခေါ် စုစည်းပြီးသား ဖြစ်သည်။

သူတို့က စိမ်မသက်မသာ ဖြစ်လာကြပြီး သူတို့နှလုံးသားများမှာ ကြောက်ရွံ့ထိတ်လန့်ခြင်းက ကြီးစိုးသွားကြသည်။

တစ်စုံတစ်ရာ အရေးကြီးကိစ္စ ကနေ့ည ဖြစ်ပျက်တော့မည်။ ကြီးမားသည့် အပြောင်းအလဲ ဖြစ်တော့မည်။

ဘုရင့်နန်းတော်တွင်, အိပ်စက်နေသည့် ဘုရင်ကြီးက ပဲ့တင်ထပ်သည့် အော်မြည်သံကို ကြားရလျှင် လန့်ဖျပ်ကာ အော်ဟစ်မိသွားသည်။ သူက စက်တော်ခန်းဆောင်မှ အပြင်သို့ အလျင်အမြန် ထွက်လာကာ ဆူညံပွက်လောရိုက်သံကို ဖြစ်ရခြင်းအကြောင်းကို ကြည့်လိုက်သည်။ သူက ဆူညံသံ၏ အကြောင်းရင်းကို သိရလျှင် နီရဲနေသည့် ကောင်းကင်ကို ကြည့်ရင်း ပါးစပ်ဟကာ လှုပ်ရှားခြင်းကင်းမဲ့လျက် ထိုနေရာမှာပင် ရပ်နေမိသည်။ သည်အနီရောင်ကို သူ ရင်းနှီးသည်။ သူက မသိမသာ တံတွေး မျိုချလိုက်သည်။ သူ့နှလုံးသားက မီးတောက်လာသလို ကြောက်ရွံ့မှုကို စတင်ခံစားလာရသည်။

ပါရမီရှင်သမားတော်Where stories live. Discover now