၈၃။ ဆိုးယုတ်သည့် ရည်ရွယ်ချက်-၁

1.6K 153 0
                                    

၈၃။ ဆိုးယုတ်သည့် ရည်ရွယ်ချက်-၁

အိမ်ရှေ့စံ၏နန်းဆောင်တွင်, ဂျန်ဝုရှီက သူ့သွေးကြောများကို စမ်းသပ်နေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ရက်များတွင် ဆေးကုသခဲ့သည်က သူ့ခန္ဓာကိုယ်အတွင်းရှိ အဆိပ် အတော်များများကို ဖယ်ရှားပစ်ခဲ့ပြီး ဖြစ်၍ မိုချင်းယွမ်က အလွန် ကောင်းမွန်လာခဲ့သည်။ သူ၏ ပုံမှန် ဖြူရော်နေသည့် မျက်နှာက ပိုမို၍ အရောင် စိုလာခဲ့သည်။

ဒုတိယမင်းသားလေး အလည်အပတ်လာသည်ကို ကြေညာသည့်အချိန်မှာ, သူ့မျက်နှာမှာ စိတ်မရှည်သည့် အရိပ်အယောင် ပြသလာသည်။

“ဒီအချိန်ကိုမှ ရွေးချယ်ပြီး လာရတယ်လို့, သူလာတာ အကောင်းလာတာ မဟုတ်ဘူးလို့ ငါ ကျိန်းသေ သိတယ်။” မိုချင်းယွမ်က လှောင်ပြုံး ပြုံးလိုက်သည်။

ညီအကိုနှစ်ယောက်ကြားမှ ဆက်ဆံရေးက အဆင်ပြေ မနေကြချေ။ မိုချင်းယွမ်၏ အမေက မိဖုရားခေါင်ကြီး ဖြစ်ပြီး, မိုရွှမ်ဖေး၏ အမေက ကိုယ်လုပ်တော် ဖြစ်သည်။ မိဖုရားခေါင်ကြီး နတ်ရွာစံပြီးနောက်, သူမက မောင်းမဆောင်တစ်ခုလုံးကို သိမ်းယူလိုက်ပြီး ဘုရင်ကြီး၏ အချစ်တော် ဖြစ်လာခဲ့သည်။ ဘုရင်ကြီးက ဖိဖုရားခေါင်ကြီး နတ်ရွာစံသွားသော်လည်း, သည်ကိုယ်လုပ်တော်ကို အရမ်းပင် ချစ်မြတ်နိုးသောကြောင့် သည်ကိစ္စက မိုချင်းယွမ်၏ စိတ်နှလုံးကို အေးစက်စွာ ခံစားရစေသည်။

ဂျန်ဝုရှီက သွေးကြောစမ်းနေသည့် သူမလက်ကို ပြန်ရုတ်လိုက်ပြီး ပြောသည် “အခု နင်က ပြန်ကောင်းနေပြီဆိုတာကို လူသိများသွားပြီ၊ တချို့လူတွေက ကြောက်လန့်နေကြပြီး ဒါကို လက်မခံနိုင်ကြဘူး။”

မိုချင်းယွမ်က သူ ပြန်ကောင်းလာတာကို ဖုံးကွယ်မထားခဲ့ချေ။ သည်လို ဖုံးကွယ်မထားတာကလည်း အတိအကျ ပြောရလျှင် ဂျန်ဝုရှီကြောင့် ဖြစ်သည်။

မိုက်မဲသည့် အိမ်ရှေ့စံနှင့် လင်းအိမ်တော်ကို မည်သူက ထောက်ပံ့ပေးမည်နည်း။ သူက သူ့ဂုဏ်သတင်းကို မြေကြီးပေါ်မှ ပြန်လည် ထူထောင်နေရသည်။ ပြည်သူများ, အမတ်များအထံမှ ယုံကြည်မှုကို ပြန်လည်ရရှိအောင် ကြိုးစားနေရသည်။

ပါရမီရှင်သမားတော်Where stories live. Discover now