၁၁၅။ အပြောင်းအလဲ - ၁

1.6K 145 4
                                    

၁၁၅။ အပြောင်းအလဲ - ၁

ဂျန်ရှင်းယန်ကို သတ်လိုက်ရုံဖြင့် လင်းအိမ်တော်၏ စွမ်းအားက တစ်ဝက်လောက် ထိုးစိုက်ကျသွားမည် ဖြစ်သည်။

ဂျန်ဝုရှီမှာ များပြားသည့် စွမ်းရည် ရှိနေပါစေ, သူမက ကလေးသာ ဖြစ်နေပြီး, ဂျန်ချင်းက မသန်မစွမ်းမို့ အသုံးမဝင်ကြချေ။ လင်းအိမ်တော်က အချိန်အနည်းငယ်အတွင်းမှာ လဲပြိုသွားနိုင်မည် ဖြစ်သည်။

သူတို့က စတင်ကြံစည်ပြီးကတည်းက, ပြန်လှည့်လို့ မရကြတော့ချေ။

ဘုရင်ကြီးက အ‌ရေးကြီးသည့် အချက်ကို နားလည်ထားသည်။ ဒါက ကနေ့ည လင်းအိမ်တော်ကို တိုက်ခိုက်သူများက သူတို့နှင့် ဆက်စပ်နေတာကို ဂျန်ဝုရှီ သိသော်ငြား, သူမမှာ လက်ဆုပ်လက်ကိုင်ပြစရာ မရှိချေ။ သူမက ပုန်ကန်ရဲလျှင်, နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သူတို့ကို စွဲချက်တင်နိုင်ကာ နင်းချေနိုင်မည် ဖြစ်သည်။ ထိုမှ ရှေ့ဆက်ပြီး ရူလင်းစစ်တပ်တစ်ခုလုံးကို ပိတ်ပင်တားဆီးနိုင်မည် ဖြစ်သည်။

ထို့ကြောင့်ပင် ဘုရင်ကြီးက ရူလင်းစစ်တပ်ကို စစ်တပ်စွမ်းရည်ကြောင့်သာ စိုးရိမ်နေခြင်း မဟုတ်ဘဲ, ချီတိုင်းသူပြည်သားများအကြား သူတို့၏ မြင့်မားသည့် ဂုဏ်သိက္ခာကြောင့်လည်း စိုးရိမ်နေခြင်း ဖြစ်သည်။ သူတို့နှလုံးသားထဲတွင် ရူလင်းစစ်တပ်ကို အမြင့်ဆုံးမှာ သတ်မှတ်ထားကြပြီး, ဘုရင်ကြီးသည်ပင် မလိုမုန်းထားဖြစ်လာကာ သူတို့ကို လျှို့ဝှက်စွာ ဖျက်သိမ်းပစ်မည့် အတွေးများကိုပင် ဖြစ်ပေါ်စေခဲ့သည်။ သို့သော် သူက ချီတိုင်းသူပြည်သားများ၏ အသံကို ရင်ဆိုင်ရမည် ဖြစ်သည်။

သူက သူ့ရည်ရွယ်ချက်ကိုသာ အကောင်အထည် ဖော်လိုက်ပါက, အသနားခံစာများနှင့် လူများစွာ၏ ဆဲရေးတိုင်းထွာခြင်းတို့ကြောင့် မြုပ်သွားမှာ ဖြစ်သည်။ ဖြစ်ပေါ်လာမည့် ဖရိုဖရဲကိစ္စများကို သူသည်ပင် ဖြေရှင်းနိုင်တော့မည် မဟုတ်ပေ။

ပါရမီရှင်သမားတော်Where stories live. Discover now