၅၀။ မျက်နှာကို အခါခါ ဖြတ်ရိုက်ခြင်း - ၂
“သခင်လေး, မင်းမှာ နောက်ထပ် သက်စောင့်ဆေး ရှိသေးတယ်လို့ ငါ ထင်တယ်၊ ငါ မင်းနဲ့ တစ်ခုခုကို လဲလှယ်ချင်တယ်၊ ငါ လိုချင်တာက ငါ့အချစ်လေးကို သူမနဲ့ သင့်တော်မဲ့ လက်ဆောင်ပေးပြီး ပျော်စေချင်တာပဲ၊ ကျေးဇူးပြုပြီးတော့ ငါ့ဆန္ဒကို ဖြည့်ဆည်းပေးပါ။” မိုရွှမ်ဖေးက မာန်ဝင့်၍ သူတို့ နှစ်ယောက်ကြားထဲသို့ ဝင်လာကာ သူ့ ရည်ရွယ်ချက်ကို ထုတ်ပြောသည်။
သည်ကလေးမှာ မည်သည့်နောက်ခံ ရှိနေသလဲ သူ မသိပေ။ သို့သော် သည်အလည်အပတ်ခရီးမှာ ကနေ့ ဘိုင်ယန်ရှင်းအန်ကို စိတ်ကျေနပ်အောင် လုပ်ပေးဖို့ လိုနေခဲ့သည်။ သည်လက်ဆောင်သာ မပေးရလျှင် အရာအားလုံးက အချည်းနှီးဖြစ်သွားရလိမ့်မည်။ သူမကို ကျေနပ်အောင် လုပ်ပေးဖို့ သူ့မှာ နောက်ထပ် မည်သည့် အကြံအစည်မျှ ထွက်မလာတော့ချ။
ထိုအဖိုးကြီးက သူ့ပစ္စည်းကို နားမလည်သလို ချင်းယန်ဆေးလုံးကိုလည်း မလိုချင်ခဲ့ချေ။ သို့သော်ငြား သူက နာမည်မရှိသည့် ထုတ်လုပ်ရာဌာနကို မသိရသည့် သက်စောင့်ဆေးကို တန်ဖိုးဖြတ်မရသည့် ရတနာလို ဆက်ဆံနေခဲ့သည်။ သူက သူ့ဇာစ်မြစ်ကို ထုတ်ပြပြီး သူလိုချင်ရာမှန်သမျှကို အရယူနိုင်ကြောင်းကို သက်သေပြချင်နေသည်။ ထိုအရူးအဖိုးကြီးကို မိန်းမောနေရာမှ နိုးထအောင် လုပ်ချင်နေသည်။
ဂျန်ဝုရှီက မိုရွှမ်ဖေးကို ကြည့်၍ မျက်မှောင်ကြုတ်သွားသည်။
ဟမ့်,,, ဒီနှစ်တွေမှာ နန်းတော်က ဒီလူတွေ ငါ့ လင်းအိမ်တော်ကို ပြဿနာရှာနေခဲ့ကြတာ၊ သူတို့က ငါ့ဖိုးဖိုးနဲ့ ဦးလေးကို ဒီလောက်ကြာအောင် အနိုင်ကျင့်ခဲ့တာ၊ သူတို့က အမှန်တကယ်ဆို ဒဏ်ခတ်ဖို့တောင် တောင်းဆိုခဲ့တာ။”
“ဒီဆေးလုံးတွေက ငါကိုယ်တိုင် လုပ်ခဲ့တာ၊ ငါက နင့်ကို ပေးမဲ့ အစား ခွေးကျွေးပစ်လိုက်မယ်။”
“မလဲဘူး” သူမက အေးစက်စွာ ပြောသည်။
![](https://img.wattpad.com/cover/290442876-288-k990938.jpg)