၂၅။ အဆိပ် - ၃

1.7K 201 0
                                    

၂၅။ အဆိပ် - ၃

ဂျန်ချင်း၏ အပြုံးက ချက်ချင်းပင် ပျောက်သွားပြီး သူ့ခေါင်းကို လှုပ်ယမ်းလိုက်သည်။ “ထပ်, မင်းရဲ့ ဒေါသကို သည်းခံနိုင်တာ အကိုတစ်ယောက်ပဲ ရှိတယ်၊ မမေ့ပါနဲ့၊ ဒီကလေးက.... သူမက မင်းသစ္စာစောင့်သိဖို့ ကျိန်ဆိုထားတဲ့ လူရဲ့ က‌လေးဆိုတာကို၊ တစ်နေ့ကျရင် အဖေနဲ့ ငါသာ မရှိတော့ရင် သူမက မင်းလက်ထဲမှာ.......။”

သူ့စကားကိုပင် သူ ဆုံးအောင် မပြောနိုငတော့ချေ။ တစ်ယောက်ယောက်က တုံးသည့် ဓားဖြင့် သူ့အရိုးများကို လှီးဖြတ်နေသလို သူက မသက်သာသည့် နာကျင်မှုကို ခံစားလာရသည်။ ထို့ပြင် သည်နာကျင်မှုက သူ့ခန္ဓာကိုယ်ရှိ အရိုးတိုင်းသို့ ပြန့်နှံ့သွားသည်ဟူ၍ သူက ထင်လာသည်။

“သခင်.....” ဂျန်ချင်း၏ ဖြူရော်သွားသည့် မျက်နှာကို မြင်ရ၍ ထိုလူက စိုးရိမ်တကြီး ဖြစ်သွားသည်။

ထိုအချိန်က ဂျန်ချင်း မိခဲ့သည့် အဆိပ်ကို အပြည့်အဝ ဖယ်ထုတ်ထားပြီး ဖြစ်သည်။ အကြွင်းအကျန် အဆိပ်အာနိသင်ကတော့ ရိုးတွင်းခြင်ဆီထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ဂုဏ်သတင်းကျော်ကြားသည့် ချင်းယန်ကလန်၏ အဓိပတိသည်ပင် အဆိပ်အာနိသင်ကို ဖယ်ထုတ်ပစ်ရန် မစွမ်းသာခဲ့ချေ။ သည်နှစ်များမှာ ဂျန်ချင်းက အလွန်သတိထားကာ စားသောက်ခဲ့သည်။ သူက အခုပင် ကောင်းနေသေးပြီး သူ့ကိုပင် မာန်မဲခဲ့သေးသည်။ ဘာ့ကြောင့်များ ရုတ်တရက် သည်လို ဖြစ်လာရတာလဲ....”

သူက ရုတ်တရက် တစ်စုံတစ်ရာကို စဉ်းစားမိလိုက်သည်။

“အဲဒီ ကြာစေ့တွေလား၊ ဒါပေမဲ့ ဘယ်လို ဖြစ်နိုင်မှာလဲ။”

သူက ဂျန်ဝုရှီကို မည်သို့ပင် မကြိုက်နှစ်သက်ပါစေ, သူမကိုယ်တွင်းမှာ ဂျန်မိသားစု သွေးများက စီးဆင်းနေခဲ့သည်။ ထို့ကြောင့်ပင် သူက အခု ဂျန်ချင်းထံသို့ သူမ ချည်းကပ်လာတော့ သူမကို မည်သို့မျှ မတားမြစ်ခဲ့ပေ။ သည်ကိစ္စက သူမ ဖြစ်နိုင်မလား။

ပါရမီရှင်သမားတော်Where stories live. Discover now