၆။ လင်းအိမ်တော် - ၃

2.5K 250 0
                                    

အခန်း(၆) လင်းအိမ်တော် - ၃

ဂျန်ဝုရှီက ဆွဲဆောင်အားကောင်းပြီး အန္တရာယ်အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ထိုလူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထိုလူက သူမ၏ အကို နေရာကို ရယူသွားလေ၏။ ဂျန်ဝုယောင်းဆိုသူကား မိသားစုတွင် ဘယ်တုန်းကမှ စာရင်းမရှိခဲ့ချေ။ ကုလားထိုင်ပေါ်မှာ ထိုင်နေသော ထိုလူက ထိုနေ့တွင် လိုဏ်ဂူထဲမှ သူမ ကယ်တင်ခဲ့သည့် လူသာလျှင် ဖြစ်တော့သည်။ နက်ရှိုင်းသည့် ခရမ်းရောင် မျက်လုံးတစ်စုံနှင့် ကျောက်မီးသွေးရောင် မျက်လုံးတစ်စုံသာ ကွဲပြားခြားနားလေသည်။

ရှင် ဘာလုပ်ခဲ့တာလဲ သူမက သူ့မျက်လုံးများကို အကြောက်အလန့်ကင်းစွာ စိုက်ကြည့်လျက် အေးစက်မာကျောသည့် အမူအရာဖြင့် မေးလိုက်သည်။

ဂျန်ဝုယောင်းက မေးစေ့ထောက်ကာ သာမန်လောက်သာ ဘေးတိုက် ကြည့်လိုက်ပြီး သူ့မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်သည်။ သူ့နှုတ်ခမ်းများက စနောက်လိုဟန်ဖြင့် အပေါ်သို့ တွန့်ကွေးသွားသည်။ သူက ဟိတ်ဟန်ကြီးလွန်းသော မိန်းကလေးကို ပြန်လည် ကြည့်သည်။

ကျေးဇူး ပြန်ဆပ်တာလေ သူက ပြန်ပြောသည်။

မလိုပါဘူး သူမက ပြန်ပက်သည်။

ကံမကောင်းတာက, ဒါက မင်း ရွေးချယ်မှု မဟုတ်တာပဲ သူက ပ‌ဟေဠိဆန်သည့် အပြုံးကို သူမထံ ပို့လွှတ်လိုက်သည်။

ဂျန်ဝုရှီက မျက်မှောင်ကြုတ်သွား၏။ သည်လူက အန္တရာယ်ကြီးလွန်း၏။ ကြီးကျယ်သည့် လင်းဝမ်ကိုတောင် သူ့မြေးလို အသိအမှတ်ပြုရအောင် သူက ဘယ်လိုနည်းလမ်းကို အသုံးပြုခဲ့တာပါလိမ့်။

နင်က ငါ့ လင်းအိမ်တော်က လူတွေကို ဘာလုပ်ခဲ့တာလဲ

ဂျန်ဝုယောင်းက သူမအား ဖျော့တော့စွာ ပြုံးပြပြီး သူ့လက်ကို မြှောက်ကာ ဆံပင်နှင့် တူသည့် မြွေကို ထုတ်ဖော်ပြသည်။ ယင်းမြွေက သူ့လက်ချောင်းထိပ်ဖျားမှာ ခွေပတ်နေလေ၏။ မကြောက်ပါနဲ့, ငါက ဒီသေးသေးလေးတွေကို သူတို့ ခန္ဓာကိုယ်ထဲမှာ ထည့်ထားတာပါ၊ ယာယီ သူတို့ မှတ်ဉာဏ်ကို ပုံဖျက်ထားမလို့ပေါ့၊ ငါက ဒီမှာ ရှိတဲ့ သူမှန်သမျှကို မထိခိုက် မနာကျင်စေပါဘူး၊ မင်း စိတ်ချလက်ချ နေနိုင်ပါတယ်ကွာ

ပါရမီရှင်သမားတော်Where stories live. Discover now