၁၉၃။ “ငါ ပိုသန်မာဖို့ လိုတယ် - ၃”
ဂျန်ဝုယောင်းက သူမ အမေးကြောင့် ရယ်လိုက်သည်။ “ဒါက ငါ ကျေနပ်လို့ပါ။”
ဘယ်လောက်တောင် တဇွတ်ထိုးနိုင်ပြီး မာနကြီးလိုက်တဲ့ အဖြေလဲ။
ဂျန်ဝုရှီက ငြိမ်သက်စွာ ကြည့်နေသည်။ သူမက ထိုလူ၏ နှလုံးသားကို သဘောပေါက်ရန် ကြိုးစားကြည့်နေပြီး သူ့အတွေးကို မှန်းဆနေသည်။
“နင် လုပ်ချင်တာကိုသာ လုပ်လိုက်ပါ၊ ငါ တစ်ချိန်လုံး နင့်ကို ကာကွယ်ပေးရင်းနဲ့ ရှိပေးမှာပါ၊ ငါက နင့် အကိုလေ၊ ငါ့ညီမကို ကာကွယ်ပေးရမှာပေါ့, ဟုတ်တယ်မို့လား”ဂျန်ဝုယောင်းက လက်တစ်ဖက်ကို မြှောက်၍ သူမခေါင်းကို ထိုးဖွသည်။ သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာသည်။ ဒီကောင်မလေး သူ့ကို ကနေ့လို သိမ်သိမ်မွေ့မွေ့ စကားပြောရင်, မဖက်ရ မနမ်းရရင်တောင်, အတော်ခံစားလို့ ကောင်းနေပြီ။
ဂျန်ဝုရှီက အံ့ဩသွားသည်။
အကိုတဲ့လား။
ဒါက မိသားစုဘောင်ထဲမှာ, ဟုတ်တယ်မို့လား။
ထိုအခိုက် ဂျန်ဝုယောင်းရှေ့မှာ ရပ်နေသည့် ဂျန်ဝုရှီ မျက်လုံးများက အရင်နှင့် ကွာခြားသွားလေပြီ။ သူမက ဂျန်ဝုယောင်းကို ခေါင်းညိတ်ပြပြီး စာကြည့်ခန်းသို့ လှည့်ပြေးသွားသည်။
သူမက ဂျန်ရှင်းယန်နှင့် ဂျန်ချင်းကို သူ့အဖေ့အုတ်ဂူကို မတူးဖော်ဖို့ အပြေးသွားပြောခြင်း ဖြစ်သည်။
ချင်းယန်ကလန်ကို ဆန့်ကျင်ဘက်လုပ်မိရင်တောင်, ဂျန်မိသားစုက တစ်လက်မလေးမျှ နောက်ပြန်ဆုတ်မည် မဟုတ်ပေ။
သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် ဂျန်ဝုရှီ၏ ကျောပြင်ကို ကြည့်နေရင်း ဂျန်ဝုယောင်းက ပြုံးနေသည်။
“ဒီမိစ္ဆာမလေး ဒီလို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ငါ့ကို စကားပြောတာ ဒါ ပထမဆုံးအကြိမ်ပဲ၊ ဒါက အတော်ခံစားလို့ ကောင်းတာပဲ။” ဂျန်ဝုယောင်းက ခြံဝန်းထဲတွင် တစ်ယောက်တည်း ကျန်ခဲ့ပြီး သူ့ကိုယ်သူ ပြန်ပြောနေသည်။