၁၀၀။ ဘုရင်ကြီး၏ လှည့်ကွက် - ၁

1.6K 151 2
                                    

၁၀၀။ ဘုရင်ကြီး၏ လှည့်ကွက် - ၁

ထိုအကြောင်းကို တစ်ယောက်ယောက်သာ ကြားရလျှင် ရူးသွပ်သွားနိုင်သည်။

ဂျန်ဝုရှီက ဂျန်ဝုယောင်း ပြောဆိုတာကို တုံ့ပြန်မနေတော့ဘဲ သူ့ရင်ခွင်ထဲမှ ထလိုက်သည်။ သူမက မီးပြင်းဖိုသို့ သွား၍ မီးထပ်ထည့်သည်။

သူမက စစ်တန်းလျားသို့ သွားပြီးနောက် ဂျန်ချင်းထံမှ မီးပြင်းဖိုကို တောင်းခံခဲ့သည်။

သည်မီးပြင်းဖိုက ကြီးမားပြီး လုံးဝ ပြည့်စုံကုံလုံနေသည်။ အထုအထည်လိုက် ဆေးဝါးဖော်စပ်ဖို့ သင့်တော်သည်။

စစ်သားတစ်သိန်းအတွက် ခံစစ်ပြင် ဆေးဝါးကို ထုတ်လုပ်ဖို့က ကျော်လွှားဖို့ မဖြစ်နိုင်သလောက် ဖြစ်သည်။

သို့သော် ဂျန်ဝုရှီ၏ လက်တွင်းမှာဆိုလျှင်တော့, သူမအတွက် လွယ်လင့်တကူ ပြီးစီးသွားနိုင်သည့် ကိစ္စဖြစ်သည်။

သာမန်ဆေးဝါးပညာရှင်များက အထုအထည်လိုက် ဆေးဝါးထုတ်လုပ်ခြင်းကို ရှောင်ကြသည်။ သူတို့မှာ ဆေးဖက်ဝင်ပစ္စည်းများကို တိကျစွာ ထိန်းချုပ်နိုင်သည့် အရည်အချင်း မရှိသောကြောင့်, ရလဒ်အနေဖြင့် အမှားအယွင်းများ, ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

ဂျန်ဝုရှီအတွက်တော့, သည်ကိစ္စက ပြဿနာမဟုတ်ပေ။ သူမ၏ အရင်ဘဝမှာ, သူမ၏ နားလည်မှု, ဆေးပစ္စည်းများကို ထိန်းချုပ်မှုက စက်ပစ္စည်းထက်ပင် တိကျခဲ့သည်။ သူမလက်အောက်တွင်, ထုတ်လုပ်သမျှ ဆေးဝါးများက အမြဲတမ်း ချို့ယွင်းချက် ကင်းမဲ့ခဲ့သည်။

ဂျန်ဝုယောင်းက မေးထောက်ပြီး အလုပ်များနေသည့် ဂျန်ဝုရှီကို ပျင်းတွဲတွဲဖြင့် ကြည့်နေသည်။ သူက သေးသွယ်ရှည်လျားသည့် သူ့လက်ချောင်းများကို ပွတ်သပ်နေသည်။ ဂျန်ဝုရှီခန္ဓာကိုယ်မှ စွဲထင်ကျန်ရစ်နေခဲ့သည့် နွေးထွေးမှုကို သူက ခံစားနေခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now