၁၅၂။ ကိုယ့်နေရာ ကိုယ်သိ - ၃

1.3K 100 0
                                    

၁၅၂။ ကိုယ့်နေရာ ကိုယ်သိ - ၃

“ငါ အဆိပ်ဖြေဆေး ဖော်စပ်ပြီးသွားပြီ၊ ဘယ်သူတွေ အဆိပ်မိလဲ ငါတို့မှာ တိကျတဲ့ အရေအတွက် မရှိဘူး၊ ဒါ့ကြောင့် လူတိုင်းအတွက် လုံလောက်အောင် ပြင်ဆင်ပေးထားတယ်၊ ရူလင်းစစ်သားအားလုံးကို အဆိပ်ဖြေဆေး ပေးပြီးရင်, လူတိုင်းကို ပေးဝေဖို့ သူတို့ကို လက်လွှဲလုပ်ခိုင်းလိုက်။”

အဆိပ်က အလွန်ကျယ်ပြန့်သော နယ်ပယ်သို့ ပျံ့နှံ့သွားခဲ့သည်။ ဂျန်ဝုရှီက လူတိုင်းကို စမ်းသပ်စစ်ဆေးဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် လူတိုင်းကို အဆိပ်ဖြေဆေး ပေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဒါက အလွန် ထိရောက်သည့် လုပ်ငန်းစဉ် ဖြစ်သည်။

“ပြီးဆုံးအောင် ဆောင်ရွက်လိုက်ပါ့မယ်။”

“ဘယ်လို လုပ်ရမလဲ ပြောစရာ မလိုဘူးလို့ ငါ ယူဆတယ်။” အေးစက်သည့် မျက်လုံးများက မျှော်လင့်ခြင်းဖြင့် လောင်ချီကို ကြည့်သည်။

ခန္ဓာကိုယ်များ ပေါက်ကွဲပြီး နောက်တစ်နေ့တွင်, လူအများအပြားက ဖျားနာကုန်သည်။ သမားတော်များကလည်း မည်သို့ စတင်ဆောင်ရွက်ရမှန်း မသိခြင်းကြောင့်, လူများ ထိတ်ထိတ်လန့်လန့် ဖြစ်လာကြသည်။

ထိုနေ့ မွန်းလွဲပိုင်းလောက်တွင်, ကြေညာချက်တစ်ခုကို တစ်မြို့လုံးသို့ ပျံ့နှံ့စွာ ကပ်ထားသည်။ ဖတ်မိသူများက ဒေါသထွက်ကုန်သည်။ သတင်းက ချောင်ကြိုချောင်ကြားပါ မကျန် တောမီးပမာ ပျံ့နှံ့သွားသည်။

တရားခံများက မြို့တော်တွင် ပုန်းခိုနေကြပြီး အရှုံးမပေးကြဘဲ မြို့တော်ရှိ လူများကို ကြောက်ရွံ့သွားအောင် အဆိပ်ကို အသုံးချခဲ့ကြသည်။ ပေါက်ကွဲသွားကြသည့် ခန္ဓာကိုယ်ငါးဆယ်က သူတို့ အဆိပ်ကို ပျံနှံ့အောင် လုပ်ဆောင်သည့် အကြောင်းရင်းများ ဖြစ်ကြသည်။

ခဏခြင်းဖြင့် လူများက မြို့တော်ရှိ နေရာတကာတွင် ကျိန်ဆဲလာကြသည်။ အဆိပ်မိခဲ့ကြသည့် မိသားစုဝင်များက စိုးရိမ်တကြီးဖြင့် ငိုကြွေးနေကြသည်။

ပါရမီရှင်သမားတော်Where stories live. Discover now