၁၅၀။ ကိုယ့်နေရာ ကိုယ်သိ - ၁

1.4K 93 3
                                    

၁၅၀။ ကိုယ့်နေရာ ကိုယ်သိ - ၁

အန္တရာယ်ကြီးမားသည့် နည်းလမ်းကို အသုံးချထားသော်လည်း ဂျန်ဝုရှီက တည်ငြိမ်နေသည်။

မိုချင်းယွမ်ကတော့ ဒေါသဖြင့် တုန်ယင်နေသည်။ သူက လက်သီးကျစ်ကျစ် ဆုပ်ထားမိသည်။ “သူတို့က ရူးသွားကြပြီလား၊ မြို့တော်တစ်ခုလုံးက ပြည်သူတွေလေ... ရက်စက်လိုက်တာ... တိုင်းသူပြည်သားတွေရဲ့ မျက်လုံးထဲမှာ အမြဲတမ်း ရိုသေမြတ်နိုးစရာ လူ ဖြစ်ခဲ့တယ်၊ ကောင်းမွန်တဲ့ စံနှုန်းတွေ ရှိခဲ့တယ်၊ ဒီလိုလူက ဘာလို့ ဒီလောက် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ကို လုပ်နိုင်ရတာလဲ။”

ဂျန်ဝုရှီက ဒေါသအမျက်ခြောင်းခြောင်း ထွက်နေပြီး မျက်ရည်များပင် စို့နေသည့် မိုချင်းယွမ်ကို ကြည့်၍ ပြောသည် “ဘုရင်ကြီးနဲ့ မိုရွှမ်ဖေးက ဒီလို လုပ်နိုင်တာ မဟုတ်ဘူး၊ ဒါက ဘိုင်ယန်ရှင်းအန်ရဲ့ လက်ချက်ပဲ။”

“ကောင်းပြီလေ” သူမက အခု သေချာ ခွဲခြမ်းစိတ်ဖြာနိုင်ပြီမို့, လင်းယွိယန်ကို ဒုက္ခပေးခဲ့သည့် အဆိပ်က ဘိုင်ယန်ရှင်းအန်လုပ်မှန်း သူမ သိသွားပြီ ဖြစ်သည်။ “သူမက ငါ့ဖိုးဖိုးကို ကိုယ်ထိလက်ရောက် ဒုက္ခပေးရဲတယ်ပေါ့။” “ဘိုင်ယန်ရှင်းအန်ရေ... နင်လုပ်တဲ့ အရာက ငါ့အတွက် လက်ရာမမြောက်တဲ့ အရာတစ်ခုပဲ၊ ငါ့မျက်လုံးထဲမှာ ဘာမှဆို ဘာမှ မဟုတ်ဘူးဆိုတာကို ပြရတော့မှာပေါ့။”

“ဘာလို့ ချင်းယန်ကလန်မှာ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ အရာက ရှိနေရတာလဲ” မိုချင်းယွမ်က အံ့အားသင့်နေသည်။

ဂျန်ဝုရှီက မအံ့သြဘဲ ပြန်ပြောသည် “ဆေးပညာနဲ့ အဆိပ်ပညာဆိုတာ တစ်အုပ်စုတည်းရယ်။”

ဆေးဖော်စပ်နိုင်သူများက, သဘာဝအားဖြင့် အဆိပ်ကိုလည်း ဖော်စပ်နိုင်ကြသည်သာ။

“သခင်မလေး, ငါတို့ ရဲဘော်ရဲဘက်တွေ ဘယ်လိုလုပ်မလဲ” လောင်ချီက နန်းတော်၏ ကြံစည်မှုကို အနည်းငယ်မျှ ဂရုမစိုက်ချေ၊ သူက ရူလင်းစစ်တပ်မှ သူ့ရဲဘော် ရဲဘက်များကိုသာ ဂရုစိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now