၁၂၀။ သတ်ဖြတ်ခြင်း အနုပညာ - ၂

1.6K 139 4
                                    

၁၂၀။ သတ်ဖြတ်ခြင်း အနုပညာ - ၂

ဘုရင်ကြီးက ဂျန်ဝုရှီကို စူးစူးရဲရဲ ကြည့်နေလျက် ကြောက်ရွံ့တုန်လှုပ်နေသည်။ ဂျန်ဝုရှီက သတ်ဖြတ်သည့် အခါမှာ, သူမက သနားငဲ့ညှာခြင်းမရှိသည့် အပြင်, အပြည့်အဝ တရားဥပဒေကို အသုံးချသွားလို့, ငြင်းဆိုရန် အခွင့်ပင် မရှိတော့တာကို သူ သတိပြုမိလိုက်သည်။

လူထု၏ ကောင်းချီးပေးသံက ကျယ်လောင်သထက် ကျယ်လောင်လာပြီး ရုတ်ရုတ်သဲသဲပင် ဖြစ်လာသည်။ သူတို့နှလုံးသားထဲဝယ် အမြင့်မှာ ထားသည့် ရူလင်းစစ်တပ်က မြင့်သထက် မြင့်အောင် ပျံသန်းတက်သွားလေပြီ။

အရင်က အကြီးအကျယ် ပြစ်တင်ဝေဖန်ခဲ့သည့် ဂျန်ဝုရှီက သူတို့ကို ပိုမို၍ အံ့သြစေသည်။ သူမက အလွန်ပင် ယုံကြည်မှုရှိပြီး စိုးမိုးခြယ်လှယ်နိုင်သည့် အမျိုးသမီးငယ်တစ်ယောက် ဖြစ်လာသည် မဟုတ်လား။ အရင်က ပျံ့နှံ့ခဲ့သည့် မကောင်းသတင်းများက ကနေ့ညတွင် အပြီးသတ် ချုပ်ငြိမ်းသွားခဲ့လေပြီ။

ဂျန်မိသားစု၏ ဆက်ခံသူ သမီးပျိုက အသက်ငယ်ငယ်လေးနှင့်ပင် တကယ့်ကို ဂုဏ်ကျက်သရေမြင့်မားသည့် ပုံရိပ်ဖြစ်လာခဲ့သည်။

ခပ်ဖျော့ဖျော့ လရောင်က ဂျန်ဝုရှီအပေါ်သို့ ကျဆင်းလျက် ရှိသည်။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါက နူးညံ့စွာ လင်းလက်လျက် ရှိသည်။ သူမက လက်ဖျားခါရလောက်အောင် လှပနေသည်။ သူမကို မြင်ရသူများက သူမအား ပစ်ပစ်ခါခါ စွန့်ပစ်ခဲ့သည့် မိုရွှမ်ဖေးကို ဉာဏ်နည်းသူ လူမိုက်ဟူ၍ မတွေးဘဲ မနေနိုင်ကြတော့ပေ။ သူမက အလွန်ပင် ညှို့ယူဖမ်းစားနိုင်သည် မဟုတ်လား။

ဂျန်ဝုရှီက သူတို့ကို တိတ်ဆိတ်စွာ အကဲခတ်လိုက်သည်။ သူမ မျက်လုံးများက သူတို့၏ အမူအရာကို သိမ်းကြုံးမှတ်သားလိုက်သည်။

လင်းအိမ်တော်၏ ဂုဏ်သိက္ခာကို ဂျန်ရှင်းယန်က တတိတိဖြင့် တည်ဆောက်ထားရခြင်း ဖြစ်သည်။ ထို့ပြင် သူမ၏ ဖိုးဖိုး, ဖေဖေနှင့် ဦးလေးတို့က လင်းအိမ်တော်၏ ဂုဏ်သိက္ခာကို မြင့်မားစွာဆုပ်ကိုင်ထားဖို့ သူတို့၏ ဘဝများဖြင့် ပေးဆပ်ထားခဲ့သည်။

ပါရမီရှင်သမားတော်حيث تعيش القصص. اكتشف الآن