၁၂။ မှတ်ဉာဏ်အပိုင်းအစများ - ၁

2K 219 0
                                    

၁၂။ မှတ်ဉာဏ်အပိုင်းအစများ - ၁

ကြောင်နက်လေးက ဂျန်ဝုရှီ၏ ပေါင်ပေါ်တွင် သက်သောင့်သက်သာဖြင့် လှဲနေပြီး သူ့သခင်မ၏ အတွေ့အထိကို ကြည်နူးခံစားနေသည်။

(သခင်မလေး, ဒီလင်းအိမ်တော်က မလုံခြုံဘူးနော်၊ ငါတို့ ထွက်သွားသင့်သလား။) ကြောင်နက်လေးက တညောင်ညောင်ဖြင့် ပြောသည်။ ကနေ့ အဖြစ်အပျက်က လင်းအိမ်တော်က ကြာရှည်တောင့်ခံနိုင်တော့မည် မဟုတ်ဆိုတာကို ပြသနေသည်။ ဘုရင့်နန်းတော်က လက်တွဲဖြုတ်တော့မည် ဆိုတာ ထင်ရှားနေသည်။

“ငါတို့ ဘယ်ကိုမှ မသွားဘူး။” ဂျန်ဝုရှီက သာမန်လောက်သာ ပြောလိုက်သည်။

သည်ကမ္ဘာက သူ့အရင်ဘဝနှင့် မတူချေ။ လင်းအိမ်တော်က တဖြည်းဖြည်း လဲပြိုကျနေသော်လည်း အလုံခြုံဆုံး ကွန်ခိုးရာ ဖြစ်နေဆဲပင်။

သူမက ဆေးပညာကျွမ်းကျင်သော်လည်း သူမခန္ဓာကိုယ်၏ လောလောဆယ် အားနည်းနေသည့် အမှန်တရားကိုတော့ မပြောင်းလဲနိုင်ချေ။ သည်ထူးဆန်းသည့် ကမ္ဘာတွင် ပတ်ပတ်လည် ချောင်းမြောင်းနေသည့် အန္တရာယ်များက များလွန်းလှသည်။

“လင်းအိမ်တော်ရဲ့ အဓိကအင်အားက ဂျန်ရှင်းယန်ပဲ၊ ငါ ဒီမှာ ရှိနေပြီဆိုတော့ သူ့ကို လွယ်လွယ်နဲ့ မသေစေရဘူးပေါ့။” ဂျန်ဝုရှီ၏ မျက်ခုံးက အနည်းငယ် ပင့်မြောက်သွား၏။ သူမ ကာကွယ်ချင်သည့် မည်သူ့ကိုမဆို ဆုံးရှူံးစေမည် မဟုတ်ပေ။

“ဒီခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံက  ချာလွန်းတယ်၊ စာချုပ်ဝိညာဉ်တောင် မရှိရှာဘူး၊ စာချုပ်ဝိညာဉ်ရှိရင် ငါဟာ ဒီကမ္ဘာမှာ အကောင်းဆုံး သက်ရှင်ကျန်ရစ်နိုင်သူ ဖြစ်လိမ့်မယ်။”

‘စာချုပ်ဝိညာဉ်ဆိုတာ ဘာလဲ’ အနက်ရောင် ကြောင်လေးက သည်ကမ္ဘာအကြောင်းကို ဘာမျှ မသိပေ။

ဂျန်ဝုရှီက ညာဖက်လက်ကို မြှောက်၍ သူမ၏ လက်သူကြွယ်ကို ပြလိုက်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now