၅၇။ မွေးနေ့ပွဲ - ၂

1.6K 175 0
                                    

၅၇။ မွေးနေ့ပွဲ - ၂

အရင်နှစ်များမှာ အိမ်ရှေ့စံမင်းသား၏ မွေးနေ့ စားသောက်ပွဲကို ဂျန်ရှင်းယန် တစ်ဦးတည်းသာ အဖိတ်ခံခဲ့ရသည်။ သို့ပင် ဖြစ်သော်ငြား သည်နှစ်က ခြွင်းချက် ဖြစ်သွားသည်။ လင်းအိမ်တော်က နောက်ထပ် နှစ်ယောက်ကိုပါ အဖိတ်ခံရလို့ ဂျန်ရှင်းယန်က အနည်းငယ် စိုးရိမ်သွားခဲ့သည်။

ဂျန်ဝုရှီကို ဖိတ်ခြင်းက ဘုရင်မင်းမြတ်၏ မျက်နှာသာပေးခြင်းကြောင့် ဖြစ်သည်။ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်သဖြင့် တောင်းပန်သည့်အနေဖြင့် ဖိတ်မံလိုက်ခြင်း ဖြစ်သည်။

တကယ်တော့ ဂျန်ချင်း၏ ဖိတ်စာက အလွန်နောက်ကျမှ ရောက်လာခဲ့သည်။ ဂျန်ချင်း အသည်းအသန် ဖြစ်ပြီး လူတိုင်းက သူ့ကို သေတော့မည်ဟူ၍ တွေးထင်ပြီး တစ်လအကြာမှ ဖိတ်မံလာခြင်း ဖြစ်သည်။ သို့သော် သူတို့ မျှော်လင့်ခဲ့သည့်အတိုင်း ဂျန်ချင်း သေပြီဟူသည့် သတင်းက ထွက်ပေါ်မလာသဖြင့် သူတို့က မချင့်မရဲ ဖြစ်နေခဲ့ကြသည်။

မနက်ဖြန် အိမ်ရှေ့စံ မင်းသား၏ မွေးနေ့ ထမင်းစားပွဲက ရိုးရှင်းသည့် ပွဲတစ်ခုလောက်သာ ဟုတ်ဟန်မတူတော့ချေ။

လူအများက ဂျန်ချင်း၏ အခြေအနေကို စုံစမ်းဖို့ အခွင့်အရေးယူလိုကြသည်။

“ဒီအတောအတွင်း ဦးလေး ဘယ်လောက် တိုးတက်နေပြီလဲ” ဂျန်ဝုရှီက ဂျန်ရှင်းယန်အား ချက်ချင်း အဖြေမပေးချေ။ သူမက ဂျန်ချင်းဘက်သို့ လှည့်ကာ သူ့တိုးတက်မှုကို နေ့စဉ် စစ်ဆေးသလို စစ်ဆေးလိုက်သည်။

ဂျန်ချင်း၏ အနေအထားက အလျင်အမြန် တိုးတက်လာသည်။ သူ့သွေးကို သန့်စင်၍ အဆိပ်အားလုံးကို ထုတ်ပြီးနောက် ခန္ဓာကိုယ်က ကြံ့ခိုင်သန်မာလာနေ၏။ အပ်စိုက်ကုထုံးနှင့် ဂျန်ဝုရှီကိုယ်တိုင် ဖော်စပ်ပေးသည့် ဆေးများကြောင့် သူ့ခြေထောက်နှစ်ချောင်းစလုံးပင် ပြန်လည်ကောင်းမွန်လာပြီး သူ့ခြေထောက်များက တွေ့ထိခံစားလာနိုင်ကြသည်။ အခု သူက သူ့ခြေထောက်ကြွက်သားများ သန်မာရန်နှင့် နောက်ထပ် လမ်းပြန်လျှောက်နိုင်ရန် လေ့ကျင့်ခန်း ကုထုံးကို ပြုလုပ်နေခဲ့သည်။ သူက ချိုင်းထောက်အကူအညီဖြင့် လမ်းလျှောက်လေ့ကျင့်ခန်းကို လေ့ကျင့်နေခဲ့သည်။

ပါရမီရှင်သမားတော်Where stories live. Discover now