၁၂၃။ သတ်ဖြတ်ခြင်း အနုပညာ - ၅

1.6K 117 0
                                    

၁၂၃။ သတ်ဖြတ်ခြင်း အနုပညာ - ၅

ဂျန်ဝုရှီက ဘုရင်ကြီးနှင့် အဆုံးထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့်ပင် သူမက သည်လောက်အထိ ကိစ္စများကို ကြီးကျယ်အောင် လုပ်လိုက်ခြင်း ဖြစ်သည်။ သူမအတွက် ကြောက်ရွံ့ခြင်းဆိုတာ ဘာမျှ မရှိချေ။

သူမက အစုလိုက် အပြုံလိုက် သတ်ဖြတ်ပစ်ဖို့ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူမ လမ်းကြောင်းမှာ ရပ်နေသူမှန်သမျှကို အမြစ်ပြတ် ဖျက်ဆီးပစ်မည်သာ ဖြစ်သည်။

ဘုရင်ကြီးက ချွေးများဖြင့် စိုထန်းနေလေပြီ။ သူက သည်မိန်းကလေးကို တကယ့်ကို အထင်သေးမိခဲ့လေပြီ။ မူလက စဉ်းစားထားမိသမျှက သူတို့က တစ်ညလောက် အချိန်ဆွဲထားနိုင်လျှင် ဂျန်ဝုရှီက လက်မြှောက်သွားလိမ့်မည်ဟူ၍ ဖြစ်သည်။ သည်အရာ အရမ်းကို ရိုးစင်းလွန်းနေသည်။ သို့သော် အခု အခြေအနေကို ကြည့်ရသလောက်, သူမက ဆွဲခေါ်လာသူ မှန်သမျှကို တကယ် သတ်ဖြတ်ပစ်လိမ့်မည် ဖြစ်သည်။ ထို့‌နောက် နန်းတော်တစ်ခုလုံးက လူသေ အရာရှိများနှင့် ပြည့်နှက်သွားရလိမ့်မည်။

ကိစ္စများက သေရေးရှင်ရေးတမျှ ဖြစ်နေလေပြီ။ ဘုရင်ကြီး တွက်ဆထားသမျှ အရာအားလုံးက မည်သို့မျှ အသုံးမဝင်တော့ချေ။

သူက သည်လောက် မဆင်မခြင် လုပ်တတ်သည့် လူကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။ သူမက သူမဘဝမှာ တွေ့လာရမည့် အကျိုးဆက်ကို လုံးဝ လျစ်လျူရှူထားသည်။ ဂျန်ဝုရှီက သူတွေ့ဖူးသမျှ ရန်သူအားလုံးတွင် အကြမ်းတမ်းဆုံး အရက်စက်ဆုံး ဖြစ်နေသည်။

မိန်းမစိုးက ဘုရင်ကြီးထံမှ အမိန့်ကို ရလျှင် လျင်မြန်စွာ ပြေးသွားသည်။ ဂျန်ရှင်းယန်ကို သတ်ဖြတ်မည့်သူများကို တားဆီးရန် ဖြစ်သည်။ မိုရွှမ်ဖေးက သူ့ဖခင်၏ လုပ်ဆောင်နေသမျှကို မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့သည်။ သူ့ဖခင် ဘုရင်ကြီးက တကယ့်ကို နောက်ဆုတ်လိမ့်မည်ဟူ၍ သူ မတွေးထင်ထားမိခဲ့ပေ။

ပါရမီရှင်သမားတော်Where stories live. Discover now