၁၄၄။ ယုတ်မာသည့် မိန်းမ - ၂

1.4K 93 0
                                    

၁၄၄။ ယုတ်မာသည့် မိန်းမ - ၂

ရွေးချယ်ခံ စစ်သား အယောက်ငါးဆယ် တစ်ယောက်မကျန် ထွက်ခွာသွားလျှင် မိုရွှမ်ဖေးက နန်းတွင်းသူအားလုံးကို ပြန်လွှတ်လိုက်သည်။ ဘိုင်ယန်ရှင်းအန်နှင့် သူတို့နှစ်ယောက်သာ အိမ်ဝန်းထဲတွင် ကျန်ရှိတော့သည်။

မည်သူမျှ သူ့ကို ကြည့်မည့်သူ မရှိတော့မှ မိုရွှမ်ဖေး၏ တင်းမာနေသည့် အမူအရာမှာ စိုးရိမ်ကြောင့်ကြခြင်း အရိပ်အယောင် ပေါ်ထွက်လာသည်။  “ယန်ရှင်းအန်, နင် ဘယ်လိုတွေ လုပ်လိုက်တာလဲ၊ အဆိပ်ဝိုင်ကို ရူလင်းစစ်တပ်အပေါ်မှာ အသုံးပြုမှာ မဟုတ်ဘူးလား၊ ဘာလို့... ဘာလို့ နင်က ယုလင်းစစ်သားတွေကို အဆိပ်ဝိုင်တွေကို တိုက်လိုက်ရတာလဲ။”

လွန်ခဲ့သည့် ရက်များတုန်းက, ဘိုင်ယန်ရှင်းအန်သည် လျှို့ဝှက်သိုသိပ်စွာ တစ်စုံတရာကို ဖော်စပ်နေခဲ့သည်။ မိုရွှမ်ဖေးသည်ပင် အမှောင်ထဲမှသာ ကြည့်နေရပြီး သူမက ရူလင်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ လုပ်နေတာကို သိခဲ့ရသည်။ သူမက သူ့အား အသေးစိတ် မပြောပြခဲ့ပေ။ သူမက တစ်နေ့လုံး အခန်းအောင်းကာ ဖော်စပ်နေခဲ့သည်။ နောက်ဆုံးတွင် သူမ ထွက်လာ၍ အရာရာကို ပြင်ဆင်ထားပြီးခဲ့လေပြီ။

ဒါဆိုရင် ဘာလို့ သူမက ယုလင်းစစ်သားတွေကို ဆေးဝိုင် တိုက်ခဲ့ရတာလဲ။

ဘိုင်ယန်ရှင်းအန်က ခပ်တိုးတိုး ရယ်လိုက်သည်။ သူမ မျက်လုံးများက အေးစက်စက် ဖြစ်နေပြီး နှုတ်ခမ်းများက အနည်းငယ် ကော့တက်နေသည်။ အဆိပ်ပင့်ကူကောင်က သူ၏ ပိုးမျှင်အိမ်ကို ရက်လုပ်သည်နှင့်ပင် တူနေသည်။  သူမက မိုရွှမ်ဖေးကို ကြည့်လိုက်သည် “စိတ်ချသာ နေစမ်းပါ၊ ဝိုင်က ရူလင်းစစ်တပ်ကို ရင်ဆိုင်ဖို့ အသုံးပြုသွားပါလိမ့်မယ်။”

“ဒါပေမဲ့.....”

“ဒါပေမဲ့ဆိုတာ မရှိဘူး၊ ရူလင်းစစ်သားတွေကို နင်က အရူးအအလို့ ထင်နေတာလား၊ သူတို့ကို အဆိပ်တိုက်တာကို ကျေးဇူးတွေ တင်ပြီး သောက်မယ်လို့ ထင်နေတာလား” ဘိုင်ယန်ရှင်းအန်က မိုရွှမ်ဖေးကို နှာခေါင်းရှုံ့လိုက်သည်။ သူ၏ တုံးအခြင်းကို စောင်းမြောင်းခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now