၂၈။ ပျောက်ကင်းစေသည့် လက်များ - ၂

1.7K 210 0
                                    

၂၈။ ပျောက်ကင်းစေသည့် လက်များ - ၂

ထိုလူက အနည်းငယ် အံကြိတ်ပြီး အိပ်ရာကို မှီလျက် ပစ်ထိုင်လိုက်သည်.

မကြာခင်မှာပင် အစေခံများက အခန်းထဲတွင် မီးဖိုများကို နေရာချထားပြီး မြန်ဆန်စွာပင် တံခါးအားလုံးကို ပိတ်ထားလိုက်ကြသည်။ ရုတ်တရက် အပူချိန်က မြင့်တက်လာပြီး ထိုလူနှင့် ဂျန်ရှင်းယန်နှစ်လုံးက သူတို့၏ ဝိညာဉ်စွမ်းအားများကို လှည့်ပတ်ကာ ခုခံလိုက်ရသည်။ မကြာခင် သူတို့က အသီးသီး ဝတ်ရုံများကို လွှမ်းခြုံ၍ မြင့်မားလာသည့် အပူချိန်ကို သူတို့ကိုယ်တိုင် ကာကွယ်ကြရသည်။

ဂျန်ချင်း၏ ချွေးများက အမဲရောင်အနှစ်များဖြင့် ရောနှောနေပြီး တပေါက်ပေါက် ကျဆင်းလာကြသည်။ သူက လုံးဝပင် ချွေးများဖြင့် ရွှဲနစ်နေသည်။ သူ့ပုံစံက ရေကန်ထဲမှ အခုပင် ထွက်လာသည့် ပုံပေါက်နေသည်။ ချွေးများက အိပ်ရာပေါ်မှ ပေါက်ကျ၍ လျင်မြန်စွာပင် အငွေ့ပြန်သွားသည်မို့ အခန်းက အခိုးအငွေ့များဖြင့် ပြည့်နှက်သွားသည်။

တံခါးဖွင့်သံကို ကြားရပြီး ဂျန်ဝုရှီက ဝင်လာသည်။ သူမလက်ထဲမှာ ဆေးဖက်ဝင်အမျိုးမျိုးဖြင့် ဖော်စပ်ထားသည့် ပန်းကန်လုံးတစ်ခု ပါလာပြီး ကြောက်နက်လေးက သူမဘေးမှ လိုက်လာသည်။

သူမက မည်သူ့ကိုမျှ ဂရုစိုက်မနေတော့ဘဲ ဂျန်ချင်းထံ တိုက်ရိုက်သွားသည်။

ရုတ်တရက် သူမလက်ကောက်ဝတ်ကို သန်မာသည့် လက်က လာရောက် ဆွဲကိုင်သည်ကို သူမက ခံစားလိုက်ရသည်။ ထိုလူက ရှေ့သို့ အပြေးအလွှားတက်လာကာ သူမကို တားဖို့ ကြိုးစားခြင်း ဖြစ်သည်။

“သူက မင့်ဦးလေးနော်” သူက သူမကို အန္တရာယ်ပေးမည့်ဟန်ဖြင့် စူးစူးရဲရဲ ကြည့်သည်။ သူမက ဂျန်ချင်းအား ကြာစေ့ကျွေးလိုက်ခြင်းကြောင့် သည်ကိစ္စများ ပေါ်ပေါက်လာရသည်ကို သူက ဂျန်ချင်းယန်အား မပြောကြားခဲ့သော်လည်း သူမက တရားခံဟူ၍ သူက လက်ခံထားနေဆဲပင်။ သူမက ဂျန်ချင်းကို နာကျင်စေသူဟူ၍ သူက မယုံကြည်လိုသော်လည်း အမှန်တရားက အမှန်တရားပင် ဖြစ်နေသည်။

ပါရမီရှင်သမားတော်Where stories live. Discover now