၂၄။ အဆိပ် - ၂

1.7K 205 3
                                    

၂၄။ အဆိပ် - ၂

ဂျန်ဝုရှီက နေရာအနှံ့ကို ဖိလျက် သူ့ခြေထောက်များကို စစ်ဆေးသည်။ “ဦးလေး ဘယ်လိုမှ မခံစားရဘူးလား။”

“တစ်ခါတစ်ရံတော့ နည်းနည်း အေးလာတတ်တယ်၊ ဒါပေမဲ့ အသိသာကြီးတော့ မဟုတ်ဘူး။” သူက ဖြေသည်။

သူမက သူ့ခြေထောက်များကို ဆက်လက် စစ်ဆေးလိုက်ပြီး ခဏအကြာမှာတော့ သူမက သူ့ကို မော်ကြည့်ကာ မေးလိုက်၏ “ဦးလေး, ကျမကို ယုံလား။” သူမက တည်ငြိမ်စွာ မေးသည်။

“ဒါပေါ့” သူက သူမကို နွေးနွေးထွေးထွေး ပြုံးပြသည်။

ဂျန်ဝုရှီက သူမ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ သူမအကြည့်က ကြာအိုင်ပေါ်သို့ သက်ဆင်းသွားသည်။ သူမမျက်လုံးများမှာ ဝမ်းသာသည့် အရိပ်အယောင် တစ်စွန်းတစ်စ ဖျက်ခနဲ လင်းလက်သွား၏။

“ဒီကြာပန်းတွေက အရမ်း လှတာပဲ၊ ဒီနားက ကြာပန်းဆို အပြည့်အဝ ဖူးပွင့်နေတာက လှလိုက်တာ၊ ဟင်း.... ဦးလေးက ကြာစေ့တွေကို စားချင်မလား သိချင်လိုက်တာ” သူမက သာမန်လောက်သာ မေးသည်။

ဂျန်ချင်းက အလျင်အမြန် စဉ်းစား၍ ပြန်ပြောသည်။ “ငါက တစ်ခါတစ်လေတော့ ကြာစေ့တွေကို စားတတ်တယ်။”

“ကျမ မနေ့က ကြာစေ့နည်းနည်း ခူးထားတယ်၊ ကြာစေ့တွေက တကယ်လည်း အရသာ ကောင်းတာပဲ၊ ဦးလေး နည်းနည်းလောက် စားမကြည့်ချင်ဘူးလား” သူမက သာမန်လေသံဖြင့်သာ ထပ်မံ မေးသည်။

“ဒါပေါ့, စားကြည့်ချင်တာပေါ့၊ နင်ကိုယ်တိုင် ခူးထားတာကိုး” သူက ကျေနပ်စွာ သဘောတူလိုက်သည်။ သူ့တူမလေးက အခုတော့ လိမ်မာရေးခြား ရှိလို့ နေပါလား။ အရင်တုန်းကသာဆိုလျှင်, သူမကိုယ်တိုင် ကြာစေ့များကို ခူးဆွတ်ထားခဲ့ပါက, သူမ အရင်ဆုံး ကျွေးမည့်သူက မိုရွှမ်ဖေးသာ။

“ဦးလေး, ပါးစပ်ဟ” သူမက ဆက်ပြောသည်။

ပါရမီရှင်သမားတော်Where stories live. Discover now