၁၃၁။ ဒါက အစပဲ ရှိသေးတယ် - ၅

1.5K 124 0
                                    

၁၃၁။ ဒါက အစပဲ ရှိသေးတယ် - ၅

ဂျန်ရှင်းယန်က အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။ ဂျန်ဝုရှီ၏ စီမံချက်က စေ့စပ်သေချာလွန်း၍ ရင်သပ်ရှုမော ဖြစ်ရသည်။

သူမက အသက်ဘယ်လောက် ကြီးပြီးလဲ။

သူမက သူ့မြေးမအရင်းဖြစ်နေတာတောင် ကြောက်ဖို့ ကောင်းနေသည်။

ကောင်မလေးက အိမ်မှာတင် ကုတ်နေပါလျက်နှင့်, တိကျပြတ်သားပြီး ယောက်ျားသားတွေထက် ပိုမို စွမ်းဆောင်နိုင်ခဲ့သည်။ သည်ကောင်မလေးက မည်မျှလောက် နက်ရှိုင်းနေသနည်း။

ဂျန်ဝုရှီက သူ့လက်များဖြင့် မသတ်ခဲ့ပေ။ သို့သော် သူမအမိန့်က နန်းမြို့တော်ကို သွေးလွှမ်းစေခဲ့သည်။

ဂျန်ရှင်းယန်သာမက, ဂျင်ချင်းနှင့် မိုချင်းယွမ်တို့ နှစ်ဦးလုံးလည်း ဂျန်ဝုရှီ၏ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းကြောင့် တုန်လှုပ်သွားကြရသည်။

မိုချင်းယွမ်က ဂျန်ဝုရှီကို အံ့သြမှင်သက်စွာ ကြည့်နေမိသည်။ သူက စိတ်လက်သက်သာ သွားတာကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

သူ့အတွက် ကံကောင်းသွားတာက, သူက ဂျန်ဝုရှီနှင့် မိတ်ဖွဲ့မိခြင်းပင်။ သို့မဟုတ်ပါက, သူသည်လည်း သူမလက်အောက်တွင် မကြာမတင် သေဆုံးရမည် ဖြစ်သည်။

“နင်.... ဒီမှာ ငါ့ကို ရှိနေစေချင်တာ, ဒီအရာအားလုံးကို နားထောင်စေချင်ရုံတော့ မဟုတ်ဘူးမို့လား၊ ငါ့ကို ကာကွယ်ချင်လို့၊ ဟုတ်တယ်မို့လား” မိုချင်းယွမ်က ရုတ်တရက် သဘောပေါက်သွားသည်။

ဂျန်ဝုရှီက သူ့ကို တိတ်ဆိတ်စွာသာ ကြည့်လိုက်သည်။ ၎င်းက အဖြေပင် ဖြစ်သည်။

“နင် သိနေခဲ့တယ်, ကနေ့ည ကိစ္စတွေ ဖြစ်ပြီးသွားရင်, သူ မကျေမချမ်း ဖြစ်လိမ့်ဆိုတာ၊ သူက လင်းအိမ်တော်နဲ့ ဆန့်ကျင်ဘက် မလုပ်ရဲတော့ပေမဲ့, ငါသာ အိမ်ရှေ့စံနန်းဆောင်မှာ ကျန်နေခဲ့ရင် သူက ငါ့ကို သုတ်သင်ရှင်းလင်းပစ်လိမ့်မယ်၊ ငါတို့က မိတ်ဆွေဖွဲ့ထားတာကို သူ မြင်ပြီးလို့ပေါ့၊ ငါက အခု ပစ်မှတ်ဖြစ်နေလို့ နင်က ဆွေးနွေးမယ်ဆိုတာကို ယိုးမယ်ဖွဲ့ပြီး ငါ့ကို ဖိတ်ခေါ်လာခဲ့တာပေါ့၊ နင်က ငါ့ကို သူ့ဆီကနေ ကာကွယ်ထားချင်လို့၊ ဟုတ်တယ်မို့လား” မိုချင်းယွမ်က တဆက်တည်း မေးသည်။

ပါရမီရှင်သမားတော်Where stories live. Discover now