၆၂။ ညစာစားပွဲ - ၄

1.5K 161 0
                                    

၆၂။ ညစာစားပွဲ - ၄

မိုချင်းယွမ် လဲပြိုကျစဉ်ခဏမှာ ခပ်ဖျော့ဖျော့ ပန်းပွင့်ရနံ့တစ်မျိုးကို သူမ ထောက်လှမ်းမိသည်။ သူမက ထိုပန်းပွင့်ရနံ့နှင့် အလွန် ရင်းနှီးခဲ့သည်။ အရင်ကမ္ဘာမှာတုန်းက အဆီအနှစ်ကို မူးယစ်ဆေးအဖြစ် ထုတ်လို့ရသည့် ပန်းပွင့်တစ်မျိုး ရှိသည်။ လူတစ်ယောက်က ၎င်းမူးယစ်ဆေးကို သုံးစွဲပါက သူတို့အဝတ်အစားများမှာ ထိုပန်းပွင့်ရနံ့က စွဲထင်ကျန်ခဲ့သည်။

၎င်းမူးယစ်ဆေးကို သုံးစွဲစမှာတော့ လေပေါ်မှာ မျောလွင့်နေသလို ပျော်ရွှင်နေရပြီး, သူတို့၏ ပြဿနာများကို မေ့ပျောက်ပစ်နိုင်သည်။ သုံးစွဲချိန် အနည်းငယ်ကြာလာလျှင် လူတစ်ယောက်၏ စိတ်အရည်အသွေးကို ပြောင်းလဲစေနိုင်သည်။ ကာလကြာရှည်စွာ သုံးစွဲလာပါက, ထိုလူသည် အသုံးမဝင်သူ လူ့အမှိုက်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။ ယင်းမူးယစ်ဆေးက လူတစ်ယောက်၏ အာရုံကြောများကိုသာ မက ကိုယ်တွင်းအင်္ဂါများကိုပါ ပျက်စီးစေသည်။ ထို့ပြင် ၎င်းဆေးက အလွန်စွဲလမ်းစေပြီး အချိန်မှန် မသုံးစွဲရပါက, ပုရွက်ဆိတ်ပေါင်း ရာချီ ကိုက်ခဲတာကို ခံစားရသလို မသက်မသာ ခံစားလာရပြီး ကိုယ်ကျင့်တရားကိုပါ ပျက်စီးစေတော့သည်။

ဆိုးရွားလွန်းသည့် ၎င်းဆေးမျိုးက သည်ကမ္ဘာမှာ တည်ရှိနေမည်ဟူ၍ ဂျန်ဝုရှီ တွေးပင် မတွေးမိပေ။ ထိုမူးယစ်ဆေးရနံ့က အိမ်ရှေ့စံမင်းသားမှ ထွက်ပေါ်လာသဖြင့် သူမကို ပိုလို့ပင် အံ့အားသင့်စေသည်။

သူ၏ ဗရုတ်သုက်ခအနေအထားကို ကြည့်လိုက်လျှင် အလွန်အကျွံ မူးယစ်နေသည်က ဝိုင်ကြောင့်မဟုတ်ဘဲ ထိုပန်းကြောင့်သာ ဖြစ်နိုင်ချေ ပိုများသည်။ သူ့ထံမှ ထိုပန်းရနံ့က ပေါ်ထွက်နေခဲ့သည် မဟုတ်လား။

“သူ ဒီဆေးစွဲနေတာ အတော်ကြာနေပြီပဲ” သူမက မေးစေ့ကို ကိုင်၍ သူမ အတွေ့အကြုံကို မူတည်ပြီး သုံးသပ်သည်။ သူ သည်ဆေးကို သုံးစွဲနေတာ နှစ်အတော်ကြာနေလောက်ပြီ၊ သူ နောက်ထပ် သုံးစွဲလို့ မဖြစ်တော့ပေ။ သူ ဆက်လက် သုံးစွဲလျှင် သူ့အသက်ရှင်သန်ချိန်က ၂နှစ်လောက်သာ ကျန်တော့မည် ဖြစ်သည်။

ပါရမီရှင်သမားတော်Where stories live. Discover now