(ငါသိပြီ ငါသိပြီ အခုမှပဲ အဓိပ္ပာယ်ရှိသွားတော့ တယ်၊ မိန်းကလေးနှစ်ယောက်က ထူးထူးခြားခြားတွေ ပြုမူနေတာ ဒါကြောင့်ကိုး . . .)

(ဒီရဲရှောင်က တကယ့်ရဲရှောင် ဖြစ်နေတာပဲ . . .)

ဇန်ယွန်ဖေ့တို့မှာ တွေးရင်းဖြင့် သတိပင် လစ်ချင် သွားကြသည်။

ထိုသို့ဖြစ်သွားသည်က ဝုဖကို ရင်မဆိုင်ရဲ၍ မဟုတ် သူတို့၏ ညီငယ်ဖြစ်သူမှာ ရှောင်ဧကရာဇ် ဖြစ်နေခြင်း ကြောင့်ပါပင်။

(ဒါကအိပ်မက်ဆိုး တစ်ခုလိုပါပဲလား . . .)

(ငါတို့ရဲ့ ညီလေးရဲရှောင်က လွန်ခဲ့တဲ့ နှစ်အနည်း ငယ်က ငါတို့သတ်ခဲ့တဲ့ ရှောင်ဧကရာဇ်ဖြစ်နေတာပဲ)

(ကမ္ဘာကြီးကို အုပ်စိုးခဲ့တဲ့ ရှောင်ဧကရာဇ်ပေါ့ . . .)

ထိုအချိန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည့် ရဲရှောင်၏ အသံကြောင့် ဇန်ယွန်ဖေ့တို့ အတွေးစ ပြတ် သွားသည်။

ထိုအော်သံနှင့်အတူ ချီဓာတ်များမှာလည်း လေဟာ နယ်အတွင်း ပျံ့နှံ့သွားပြီး စွမ်းအင်လှိုင်းများ ဖြန့်ကျက် ထွက်သွားသည်။

ထိုအခါ ယွဲ့ရှောင်၊ ယွဲ့ဟန်နှင့် ဇန်ယွန်ဖေ့တို့ နှစ်ဦး မှာ မမြင်နိုင်သော စွမ်းအင်စီးဆင်းမှုကြောင့် အဝေးသို့ လွင့်ထွက်သွားတော့သည်။

အတိအကျဆိုရလျှင် ပေ ၁၀၀၀၀ အကွာအဝေး လောက်ထိကို လွင့်ထွက်သွားကြခြင်း ဖြစ်၏။

“အစ်ကိုကြီး . . .”

ယွဲ့ရှောင်မှ လှမ်းအော်လိုက်သည်။

“ငါသိုင်းလောကကို ပြန်ဝင်ပြီးနောက်ပိုင်းမှာ ဒါ က ငါပထမဆုံး တိုက်ခိုက်ရတဲ့ တိုက်ပွဲပဲ . . .”

ရဲရှောင်က ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။

ထို့နောက် လေးနက်သော အသံဖြင့် -

“ငါ့ရဲ့ ရန်သူက ဝုဖ နာမည်ကျော် အစွမ်းထက်ဆုံး လူတစ်ယောက်ပေါ့ . . .”

“ဒါကငါပြန်လာပြီဆိုတာကို ကြေညာမယ့် တိုက်ပွဲ တစ်ခုပဲ . . .”

ထိုအချိန် ရဲရှောင်၏ဝတ်ရုံက လေထဲတွင် တလူလူ လွင့်လျက် ရှိနေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now