unicode
Chapter 29
မိသားစုတွေ့ဆုံပွဲမှာ တော်ဝင်ဥယျာဉ်ထဲတွင် ဖြစ်သည်။
လင်းကျဲ့သည် ရှန်းချင်းဟန်၏နောက်မှာ နီးကပ်စွာ လိုက်လာပြီး သူ ဘယ်တုန်းကမှ မမြင်ဖူးခဲ့သောပန်းပွင့်များ အား ကြည့်နေသည်။
“ဟေး ဟေး ရှန်းချင်းဟန်၊ ဒီပန်းနာမည်က ဘာလဲ”
“…”
“ဒီပန်းတွေကကော ဘာတွေလဲ”
“…”
“ဒါတွေကရော”
ရှန်းချင်းဟန်က ပြန်မဖြေသော်လည်း လင်းကျဲ့သည် မမောနိုင်စွာ မေးမြန်းလျက်ရှိသည်။
လင်းကျဲ့သည် သူ၏အင်အားကို ဘယ်နေရာက ရလာသလဲဆိုသည်ကို ရှန်းချင်းဟန်မှာ အမှန်ပင် နားမလည်နိုင်ပေ။
“ရှန်းချင်းဟန်၊ ရှန်းချင်းဟန် ဒီပန်းနာမည်က ဘာလဲ”
လင်းကျဲ့သည် တောက်ပသော အရောင်ရှိသည့် ပန်းပွင့်အား ညွှန်ပြလျက် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ငါပြောပြရင်တောင်မှ မင်းသိမှာမဟုတ်ဘူး၊ မြန်မြန်လျှောက်”
ရှန်းချင်းဟန်သည် လင်းကျဲ့၏ အင်္ကျီလည်ပင်း (ကော်လာ) အား ဆွဲ၍ သွားလိုက်သည်။
“ဟေး ဟေး ဟေး”
နောက်ဆုံးတွင် လင်းကျဲ့သည် တစ်လျှောက်လုံး ဆွဲခေါ်သွားခြင်း ခံရလေသည်။
သူတို့သည် ဥယျာဉ်အနီးသို့ ရောက်လာသောအခါ ရှန်းချင်းဟန်သည် လင်းကျဲ့အား လွှတ်ပေးလိုက်သည်။
“ကျွန်တော့်မှာ ခြေထောက်တွေရှိပါတယ်၊ ခင်ဗျားဆွဲခေါ်စရာ မလိုပါဘူး”
လင်းကျဲ့သည် သူ၏အဝတ်အစားများကို သပ်ရပ်စေရန် ပြုပြင်လိုက်ပြီး မပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
“တိုတယ်၊ နှေးတယ်”
ရှန်းချင်းဟန်က ပြောလိုက်သည်။
လင်းကျဲ့၏ပါးစပ်မှာ ရွဲ့သွားပြီး ပြောသည်။
“ဒါက ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုလို့ မှတ်ယူနိုင်ပါတယ်”
“ပါးစပ်ကိုပိတ်တော့၊ ငါတို့ ရောက်ပြီ”
ရှန်းချင်းဟန်က အေးစက်စွာ ပြောလိုက်သည်။
သူသည် စကားလုံးများအား မျိုမချလိုက်ခင် အချိန်အတော်ကြာအောင်ပင် လျှာပေါ်တွင် စွဲနေခဲ့သည်။ လင်းကျဲ့သည် နှုတ်ခမ်းအား တွန့်ကွေးလိုက်သည်။
သူတို့နှစ်ဦး ရောက်သည့် အချိန်တွင် တွေ့ဆုံပွဲတွင် လူစုံလုနီးပါး ဖြစ်နေသည်။ မျက်လုံးတစ်စုံပြီး နောက်တစ်စုံသည် သူတို့ဆီသို့ ရောက်လာသည်။
လင်းကျဲ့သည် အကြမ်းဖျင်း ရေတွက်လိုက်သည်။ ရှန်းချင်းဟန်အား ဖယ်ထားပါက စားပွဲတွင် ကိုးယောက်ရှိသည်။
“အစ်ကိုတော်က နောက်ကျနေတာပဲ၊ အစ်ကိုတော်တို့ နှစ်ယောက်ပဲ ကျန်တော့တယ်”
ရှန်းနင်သည် သူတို့အား ကြည့်ပြီး ပြောလိုက်သည်။
“အစ်ကိုတော် ဘာလို့ နောက်ကျနေတာလဲ”
ရှန်းကူရန်သည် တခစ်ခစ် ရယ်နေသည်။
“ပြဿနာ သေးသေးလေးကို ဖြေရှင်းနေရလို့ပါ။ သားတော် နောက်ကျသွားပါတယ်၊ ခမည်းတော် ခွင့်လွှတ်ပေးတော်မူပါ”
ရှန်းချင်းဟန်က ပြောလိုက်သည်။
လင်းကျဲ့သည် ရှန်းချင်းဟန်က သူ့အား ပြဿနာ(ဒုက္ခအိုး)ဟု ပြောလိုက်သည့်အတွက် အံကြိတ်လိုက်မိသည်။
အဝါရောင် တောက်တောက် နဂါးဝတ်ရုံအား ဝတ်ဆင်ထားသော ရှန်းယန်ဝမ်သည် ထိပ်ဆုံးတွင် နေရာယူထားသည်။ လင်းကျဲ့ ကြည့်ရသည်မှာ သူသည် အလွန် ပျော်ရွှင်နေသည်။ ဟီးဟီး မှန်တာပေါ့၊ ငါတို့ရောက်ပြီလေ။ မတ်တပ် ရပ်တာနားပြီး ထိုင်ကြတာပေါ့။
ထို့နောက် ရှန်းချင်းဟန်သည် လင်းကျဲ့အား ရှန်းယန်ဝမ်နှင့် နီးသည့် ထိုင်ခုံဆီသို့ ခေါ်သွားသည်။
မိသားစုတွေ့ဆုံပွဲလို့ ခေါ်တွင်သည့် ပွဲတွင် ဧကရာဇ်နှင့် သူ၏သားတော်များ အတူစုဝေးပြီး လတ်တလော အခြေအနေများ အကြောင်းအား မေးမြန်း ဆွေးနွေးသောကြောင့် လင်းကျဲ့ အနေဖြင့် လုပ်စရာမရှိပေ။ ထို့ကြောင့် ဟင်းပွဲများ တည်ခင်းပြီးသည့် နောက်တွင် လင်းကျဲ့သည် စားရန်အတွက်သာ အာရုံစိုက်ထားပြီး လင်းကျဲ့သည် အစားအသောက်များဖြင့် ဖုံးကွယ်လုနီးပါး ဖြစ်နေသည်။ မိုက်မဲသော စကားများ ပြောဆိုခြင်း မရှိစေရန်အတွက် လင်းကျဲ့၏ပါးစပ်အား ပိတ်ထားရန် မျှော်လင့်လျက် ရှန်းချင်းဟန်သည် သူ့အတွက် ဝေစုရထားသော အစားအစာများကိုပင် ဝေမျှပေးခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ လင်းကျဲ့သည် အလွန်အမင်း ခံစားသွားရသည်။ မှန်ပါသည်။ သူသည် ရှန်းချင်းဟန် ဘာတွေးနေသည်ကို မသိသော အခြေအနေ အောက်တွင် ရှိနေသည်။
“လင်းကျဲ့ ချင်းဟန်နဲ့ ဘယ်လို နေထိုင်နေကြသလဲ”
ရှန်းယန်ဝမ်သည် ရယ်လျက် လင်းကျဲ့အား ကြည့်နေရာမှ ရုတ်တရက် မေးလိုက်သည်။
လင်းကျဲ့၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး လက်ထဲရှိ စားစရာများကို ဖြည်းညင်းစွာ ချလိုက်ပြီးနောက် ရှန်းချင်းဟန်အား ကြည့်လိုက်သည်။ ရှန်းချင်းဟန်သည် သူ့အား စကားလုံးများကို သတိထားရန် သတိပေး လိုက်သကဲ့သို့ စွေကြည့်လိုက်သည်။
လင်းကျဲ့သည် လည်ချောင်းအား ရှင်းလိုက်ပြီး တစ်စုံတစ်ရာကို ပြောလိုက်သော်လည်း မမျှော်လင့်စွာပင် ရှန်းနင်သည် ဝင်၍ စကားဖြတ်ပြောသွားသည်။
“ကျွန်တော် ကြားထားတာကတော့ အစ်ကိုတော်တို့ နှစ်ယောက် နန်းတော် ဝင်ပေါက်မှာ အငြင်းပွားခဲ့ကြတယ်ဆို”
ရှန်းနင်က ပြောလိုက်သည်။
ထိုသို့ ကြားလိုက်သောအခါ ရှန်းယန်ဝမ်၏ မျက်မှာမှာ မည်းလာပြီး လင်းကျဲ့အား ကြည့်လိုက်သည်။
“လင်းကျဲ့၊ ခမည်းတော်ကို ပြောစမ်း၊ အဲ့ဒါအမှန်ပဲလား၊ တကယ်လို့ ချင်းဟန်က မင်းကို အနိုင်ကျင့်တယ်ဆိုရင် ခမည်းတော်က သူ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
ထိုအချက်အား ကြားလိုက်သောအခါ လင်းကျဲ့သည် အလွန် ပျော်ရွှင်သွားသည်။ သူသည် ရှန်းချင်းဟန်ပြုလုပ်ခဲ့ သမျှသော မကောင်းမှုများအား ပြောရန်ကြံလိုက်သော်လည်း ရှန်းချင်းဟန်က သူ့အား စားစရာများ ပေးခဲ့သည်ကို ရုတ်တရက်ပင် သတိရသွားသည်။
ရှန်းချင်းဟန်သည် သူ့အား စားစရာပေးသည်ကို စဉ်းစားမိသောအခါ လင်းကျဲ့သည် သူ့အား ခွင့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။
သူ့ကို ဒီလိုကြင်နာဖို့ ဘယ်သူက တောင်းဆိုလို့လဲ။
“ခမည်းတော်ကို လျှောက်တင်ပါတယ်။ အဲ့ဒါက အမှန်ပါပဲ”
လင်းကျဲ့သည် လည်ချောင်း ရှင်းလိုက်ပြီးနောက် အလေးအနက် ပြောလိုက်သည်။
ထိုစကားအား ကြားသောအခါ ရှန်းချင်းဟန်၏ မျက်လုံးများသည် အနည်းငယ် ပြူးသွားသည်။
“ချင်းဟန်”
ရှန်းယန်ဝမ်သည် ရှန်းချင်းဟန်အား ကြည့်လိုက်သည့် အကြည့်မှာ ချက်ချင်း ပြောင်းသွားသည်။
ရှန်းချင်းဟန်သည် ဧကရာဇ်၏ သားအရင်းမှာ မည်သူနည်းဟုပင် သံသယဝင်လာသည်။
“ဒါပေမယ့် ဖခမည်းတော် ဒီကိစ္စမှာ ကျွန်တော်က မှားတာပါ၊ ကျွန်တော်က ချင်းဟန်ကို လှည်းယာဉ်ပေါ်ကနေ ချီသယ်ခိုင်းမိလိုက်တာ၊ ဒါပေမယ့် ကျွန်တော် မေ့သွားတာက ချင်းဟန်က ပိန်တယ်လေ၊ ဒါ့ကြောင့် တခြားလူ အမြင်နဲ့ကြည့်ရင် အငြင်းပွားသလို ဖြစ်သွားတာပဲ၊ ချင်းဟန်နဲ့ ဘယ်လိုကောင်းကောင်းဆက်ဆံရမလဲဆိုတာ ကျွန်တော် တကယ် မသိသေးပါဘူး”
လင်းကျဲ့သည် ထိုသို့ ပြောလိုက်ပြီးနောက် ရှန်းချင်းဟန်အနီးသို့ ကပ်သွားကာ လက်မောင်းအား ဆုပ်ကိုင်လိုက်သည်။ ရှန်းချင်းဟန်၏ မျက်လုံးများမှာ မှိန်သွားပြီး လွတ်မြောက်ရန် ကြိုးစားသော်လည်း လင်းကျဲ့သည် တင်းကျပ်စွာ ဆုပ်ကိုင်ထား၍ ပြုံးလိုက်သည်။
“ပုံမှန်အားဖြင့် ကြည်လင် အေးမြမှုက သားတော်လုပ်သမျှ အမှားတွေထဲမှာ ပါဝင်နေပါတယ်၊ ဒါ့ကြောင့် သားတော်က ရေနွေးတစ်ခွက်လုံးနဲ့ မတော်တဆ ပက်မိတာ၊ ဒါမှမဟုတ် တောင်းပန်တဲ့ အနေနဲ့ ပိုးကောင် အနည်းငယ်ကို မှားယွင်းပေးမိတာ၊ ပြီးတော့ စားစေချင်တဲ့ ဆန္ဒနဲ့ ဆားငံနေတဲ့ဟင်းကို မတော်တဆ ပေးမိတာတောင်မှ ဒီကြည်လင်အေးမြမှု ရှန်းချင်းဟန်က စိတ်မဆိုးပါဘူး၊ ဒါ့ကြောင့် ဒီကြည်လင် အေးမြတဲ့ သူက ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံပေးတာမလို့ သူ့ကို အပြစ်မပေးပါနဲ့၊ ဟုတ်တယ်မလား ရေခဲတုံး”
လင်းကျဲ့သည် ရယ်လျက် ရှန်းချင်းဟန်အား ကြည့်လိုက်သည်။
ရှန်းချင်းဟန်၏ အမူအရာမှာ အလွန်အမင်း ဖြစ်နေပြီဖြစ်သည်။
သို့သော် လင်းကျဲ့မှာမူ မျက်ကွယ် ပြုထားဆဲပင် ဖြစ်သည်။
ရှန်းယန်ဝမ်သည် အားရပါးရ ပြုံးလိုက်ကာ “ချင်းဟန် လင်းကျဲ့ပြောတာ အမှန်ပဲလား”
“ခမည်းတော်က ခင်ဗျားကို မေးနေတယ်လေ၊ ဘာလို့မဖြေတာလဲ”
လင်းကျဲ့သည် ရှန်းချင်းဟန်ကို မှီ၍ ပန်းတစ်ပွင့်ကဲ့သို့ ပြုံးလိုက်ကာ ခေါင်းကို မော့ပြီး ရှန်းချင်းဟန်အား ကြည့်လိုက်သည်။
ရှန်းချင်းဟန်သည် လင်းကျဲ့အား မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ရွံ့မုန်းမှုများဖြင့် ပြည့်နေသည်။
လင်းကျဲ့သည် ရယ်မောနေဆဲဖြစ်ပြီး သူသည် တကယ် ထက်မြက်သည်ဟု ယုံကြည်ထားပြီး ရှန်းချင်းဟန်အား ရွံ့မုန်းမှု ပိုမိုခံစားစေရန် ကူညီပေးနေသည်။
“ချင်းဟန်”
ရှန်းယန်ဝမ်သည် သူ၏သားမှာ ပို၍ရဲရင့်လာသည်ကို ခံစားနေရသည်။
ရှန်းချင်းဟန်သည် တစ်စုံတစ်ရာအား ကြိုတင်ပြင်ဆင် လိုက်သကဲ့သို့ သူ၏မျက်လုံးများအား မှိတ်၍ အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် ဖြေလိုက်သည်။
“အင်း”
ထိုစကားအား ကြားလိုက်ရသောအခါ မင်းသားအားလုံးသည် အေးစက်သောလေကို ရူရှိုက်လိုက်ရသည်။
လင်းကျဲ့၏ ဂရုမစိုက်မှုသည် ထိုင်နေသော ကျန်ရှိနေသည့် မင်းသားကိုးပါးအား ကြောက်ရွံ့ တုန်လှုပ်သွားစေသည်။ ဤအရာများသည် သူ့နေရာတွင်သာ ရှိပါက သူတို့သည် ရှန်းချင်းဟန်ကို မဆိုထားနှင့်၊ ရူးသွပ်ခြင်းကိုပင် ထိန်းထားနိုင်မည် မဟုတ်ပေ။ သို့သော် ရှန်းချင်းဟန်သည် သူတို့အား တစ်ယောက်ချင်း တစ်ယောက် ခွင့်လွှတ်ခဲ့သော်လည်း သူသည် လင်းကျဲ့နှင့် နက်ရှိုင်းစွာ ချစ်မိသွားသည်ကို မြင်တွေ့နိုင်သည်။ သို့သော် သူ၏စကားကို ကြားလိုက်ရသောအခါ သူတို့သည့် အဘယ့်ကြောင့် ကိုယ်ချင်စားမှုတချို့အား ခံစားလိုက်ရပါသနည်း။
ရှန်းကူရန်သည် ထိုစကားများအား ကြားလိုက်သောအခါ ယပ်တောင်အား ချက်ချင်း ဖြန့်လိုက်ပြီး ပါးစပ်အား ကွယ်လိုက်ကာ ပြုံးလိုက်မိသည်။ သူသည် အမှန်တရားအား သိသော တစ်ဦးတည်းသူ ဖြစ်မည် ထင်သည်။ သူသည် လင်းကျဲ့အား သတ်ရန်မှအပ ဘာမှမလိုချင်သော်လည်း သူ့တွင် ရွေးချယ်စရာမရှိပေ။
ရှန်းကူရန်သည် ရှန်းချင်းဟန်က သူသည် လူသတ်မိမှာ ကြောက်သည်ဟူ၍ အဘယ့်ကြောင့် ပြောသည်ကို အခုမှ နားလည်သွားသည်။
ရေနွေးနဲ့ပက်ခံရတယ်၊ ပိုးကောင်ပို့တယ်၊ မကောင်းတဲ့ အစားအစာတွေ စားရတယ်
အနည်းဆုံးတော့ ရှန်းချင်းဟန်သည် ထိန်းထားနိုင်စွမ်း ရှိသေးသည်။
“ဟားဟားဟား ချင်းဟန် မင်းဒီလက်ထပ် ထိမ်းမြားခြင်းကို အဲ့လောက် နှစ်သက်လိမ့်မယ်လို့ ခမည်းတော် ထင်မထားမိဘူး၊ ကြည့်ရတာ မင်းနဲ့လင်းကျဲ့ ကောင်းကောင်း နေသွားနိုင်မှာပါ။ ခမည်းတော်လည်း ခုမှ စိတ်သက်သာရာ ရသွားတယ်”
ရှန်းယန်ဝမ်သည် သူ့ပေါင်အား ရိုက်လိုက်သည်။
ဒီကိစ္စသည် နောက်ဆုံးတွင်တော့ ပြီးသွားပြီဖြစ်သည်။
ရှန်းချင်းဟန်၏ မျက်ခုံးများအား တွန့်ပြီး သူ၏ရင်ခွင်ထဲသို့ ရောက်နေပြီး လွှတ်ပေးရန်ငြင်းဆန်နေသာ လင်းကျဲ့အား ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။
“လွှတ်စမ်း”
“လွှတ်လို့ မရဘူး၊ ခင်ဗျား သရုပ်ဆောင်မယ်ဆိုရင် ပြီးတဲ့အထိ သရုပ်ဆောင်ရမယ်လေ”
လင်းကျဲ့က ရယ်လိုက်သည်။
သူသည် ရှန်းချင်းဟန်အား ဖက်လိုက် ကတည်းကပင် ရှန်းချင်းဟန်သည် သူ့အား နောက်ထပ်မတွေ့ချင်လောက် အောင်ပင် စိတ်ညစ်သွားတော့သည်။
ရှန်းချင်းဟန်သည် သူ့အား အတော်လေးပင် မနှစ်သက်သော်လည်း……
***
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ။
zawgyi
Chapter 29
မိသားစုေတြ႕ဆုံပြဲမွာ ေတာ္ဝင္ဥယ်ာဥ္ထဲတြင္ ျဖစ္သည္။
လင္းက်ဲ႕သည္ ရွန္းခ်င္းဟန္၏ေနာက္မွာ နီးကပ္စြာ လိုက္လာၿပီး သူ ဘယ္တုန္းကမွ မျမင္ဖူးခဲ့ေသာပန္းပြင့္မ်ား အား ၾကည့္ေနသည္။
“ေဟး ေဟး ရွန္းခ်င္းဟန္၊ ဒီပန္းနာမည္က ဘာလဲ”
“…”
“ဒီပန္းေတြကေကာ ဘာေတြလဲ”
“…”
“ဒါေတြကေရာ”
ရွန္းခ်င္းဟန္က ျပန္မေျဖေသာ္လည္း လင္းက်ဲ႕သည္ မေမာနိုင္စြာ ေမးျမန္းလ်က္ရွိသည္။
လင္းက်ဲ႕သည္ သူ၏အင္အားကို ဘယ္ေနရာက ရလာသလဲဆိုသည္ကို ရွန္းခ်င္းဟန္မွာ အမွန္ပင္ နားမလည္နိုင္ေပ။
“ရွန္းခ်င္းဟန္၊ ရွန္းခ်င္းဟန္ ဒီပန္းနာမည္က ဘာလဲ”
လင္းက်ဲ႕သည္ ေတာက္ပေသာ အေရာင္ရွိသည့္ ပန္းပြင့္အား ညႊန္ျပလ်က္ အံ့အားသင့္စြာျဖင့္ ေမးလိုက္သည္။
“ငါေျပာျပရင္ေတာင္မွ မင္းသိမွာမဟုတ္ဘူး၊ ျမန္ျမန္ေလၽွာက္”
ရွန္းခ်င္းဟန္သည္ လင္းက်ဲ႕၏ အကၤ်ီလည္ပင္း (ေကာ္လာ) အား ဆြဲ၍ သြားလိုက္သည္။
“ေဟး ေဟး ေဟး”
ေနာက္ဆုံးတြင္ လင္းက်ဲ႕သည္ တစ္ေလၽွာက္လုံး ဆြဲေခၚသြားျခင္း ခံရေလသည္။
သူတို့သည္ ဥယ်ာဥ္အနီးသို့ ေရာက္လာေသာအခါ ရွန္းခ်င္းဟန္သည္ လင္းက်ဲ႕အား လႊတ္ေပးလိုက္သည္။
“ကၽြန္ေတာ့္မွာ ေျခေထာက္ေတြရွိပါတယ္၊ ခင္ဗ်ားဆြဲေခၚစရာ မလိုပါဘူး”
လင္းက်ဲ႕သည္ သူ၏အဝတ္အစားမ်ားကို သပ္ရပ္ေစရန္ ျပဳျပင္လိုက္ၿပီး မေပ်ာ္ရႊင္စြာျဖင့္ ေျပာလိုက္သည္။
“တိုတယ္၊ ေႏွးတယ္”
ရွန္းခ်င္းဟန္က ေျပာလိုက္သည္။
လင္းက်ဲ႕၏ပါးစပ္မွာ ရြဲ႕သြားၿပီး ေျပာသည္။
“ဒါက ပုဂၢိဳလ္ေရးအရ တိုက္ခိုက္မွုလို့ မွတ္ယူနိုင္ပါတယ္”
“ပါးစပ္ကိုပိတ္ေတာ့၊ ငါတို့ ေရာက္ၿပီ”
ရွန္းခ်င္းဟန္က ေအးစက္စြာ ေျပာလိုက္သည္။
သူသည္ စကားလုံးမ်ားအား မ်ိဳမခ်လိုက္ခင္ အခ်ိန္အေတာ္ၾကာေအာင္ပင္ လၽွာေပၚတြင္ စြဲေနခဲ့သည္။ လင္းက်ဲ႕သည္ ႏွုတ္ခမ္းအား တြန္႔ေကြးလိုက္သည္။
သူတို့ႏွစ္ဦး ေရာက္သည့္ အခ်ိန္တြင္ ေတြ႕ဆုံပြဲတြင္ လူစုံလုနီးပါး ျဖစ္ေနသည္။ မ်က္လုံးတစ္စုံၿပီး ေနာက္တစ္စုံသည္ သူတို့ဆီသို့ ေရာက္လာသည္။
လင္းက်ဲ႕သည္ အၾကမ္းဖ်င္း ေရတြက္လိုက္သည္။ ရွန္းခ်င္းဟန္အား ဖယ္ထားပါက စားပြဲတြင္ ကိုးေယာက္ရွိသည္။
“အစ္ကိုေတာ္က ေနာက္က်ေနတာပဲ၊ အစ္ကိုေတာ္တို့ ႏွစ္ေယာက္ပဲ က်န္ေတာ့တယ္”
ရွန္းနင္သည္ သူတို့အား ၾကည့္ၿပီး ေျပာလိုက္သည္။
“အစ္ကိုေတာ္ ဘာလို့ ေနာက္က်ေနတာလဲ”
ရွန္းကူရန္သည္ တခစ္ခစ္ ရယ္ေနသည္။
“ျပႆနာ ေသးေသးေလးကို ေျဖရွင္းေနရလို့ပါ။ သားေတာ္ ေနာက္က်သြားပါတယ္၊ ခမည္းေတာ္ ခြင့္လႊတ္ေပးေတာ္မူပါ”
ရွန္းခ်င္းဟန္က ေျပာလိုက္သည္။
လင္းက်ဲ႕သည္ ရွန္းခ်င္းဟန္က သူ႔အား ျပႆနာ(ဒုကၡအိုး)ဟု ေျပာလိုက္သည့္အတြက္ အံႀကိတ္လိုက္မိသည္။
အဝါေရာင္ ေတာက္ေတာက္ နဂါးဝတ္႐ုံအား ဝတ္ဆင္ထားေသာ ရွန္းယန္ဝမ္သည္ ထိပ္ဆုံးတြင္ ေနရာယူထားသည္။ လင္းက်ဲ႕ ၾကည့္ရသည္မွာ သူသည္ အလြန္ ေပ်ာ္ရႊင္ေနသည္။ ဟီးဟီး မွန္တာေပါ့၊ ငါတို့ေရာက္ၿပီေလ။ မတ္တပ္ ရပ္တာနားၿပီး ထိုင္ၾကတာေပါ့။
ထို့ေနာက္ ရွန္းခ်င္းဟန္သည္ လင္းက်ဲ႕အား ရွန္းယန္ဝမ္ႏွင့္ နီးသည့္ ထိုင္ခုံဆီသို့ ေခၚသြားသည္။
မိသားစုေတြ႕ဆုံပြဲလို့ ေခၚတြင္သည့္ ပြဲတြင္ ဧကရာဇ္ႏွင့္ သူ၏သားေတာ္မ်ား အတူစုေဝးၿပီး လတ္တေလာ အေျခအေနမ်ား အေၾကာင္းအား ေမးျမန္း ေဆြးေႏြးေသာေၾကာင့္ လင္းက်ဲ႕ အေနျဖင့္ လုပ္စရာမရွိေပ။ ထို့ေၾကာင့္ ဟင္းပြဲမ်ား တည္ခင္းၿပီးသည့္ ေနာက္တြင္ လင္းက်ဲ႕သည္ စားရန္အတြက္သာ အာ႐ုံစိုက္ထားၿပီး လင္းက်ဲ႕သည္ အစားအေသာက္မ်ားျဖင့္ ဖုံးကြယ္လုနီးပါး ျဖစ္ေနသည္။ မိုက္မဲေသာ စကားမ်ား ေျပာဆိုျခင္း မရွိေစရန္အတြက္ လင္းက်ဲ႕၏ပါးစပ္အား ပိတ္ထားရန္ ေမၽွာ္လင့္လ်က္ ရွန္းခ်င္းဟန္သည္ သူ႔အတြက္ ေဝစုရထားေသာ အစားအစာမ်ားကိုပင္ ေဝမၽွေပးခဲ့သည္။
ထိုကိစၥႏွင့္ ပတ္သက္၍ လင္းက်ဲ႕သည္ အလြန္အမင္း ခံစားသြားရသည္။ မွန္ပါသည္။ သူသည္ ရွန္းခ်င္းဟန္ ဘာေတြးေနသည္ကို မသိေသာ အေျခအေန ေအာက္တြင္ ရွိေနသည္။
“လင္းက်ဲ႕ ခ်င္းဟန္နဲ႔ ဘယ္လို ေနထိုင္ေနၾကသလဲ”
ရွန္းယန္ဝမ္သည္ ရယ္လ်က္ လင္းက်ဲ႕အား ၾကည့္ေနရာမွ ႐ုတ္တရက္ ေမးလိုက္သည္။
လင္းက်ဲ႕၏ ခႏၶာကိုယ္မွာ ေတာင့္တင္းသြားၿပီး လက္ထဲရွိ စားစရာမ်ားကို ျဖည္းညင္းစြာ ခ်လိုက္ၿပီးေနာက္ ရွန္းခ်င္းဟန္အား ၾကည့္လိုက္သည္။ ရွန္းခ်င္းဟန္သည္ သူ႔အား စကားလုံးမ်ားကို သတိထားရန္ သတိေပး လိုက္သကဲ့သို့ ေစြၾကည့္လိုက္သည္။
လင္းက်ဲ႕သည္ လည္ေခ်ာင္းအား ရွင္းလိုက္ၿပီး တစ္စုံတစ္ရာကို ေျပာလိုက္ေသာ္လည္း မေမၽွာ္လင့္စြာပင္ ရွန္းနင္သည္ ဝင္၍ စကားျဖတ္ေျပာသြားသည္။
“ကၽြန္ေတာ္ ၾကားထားတာကေတာ့ အစ္ကိုေတာ္တို့ ႏွစ္ေယာက္ နန္းေတာ္ ဝင္ေပါက္မွာ အျငင္းပြားခဲ့ၾကတယ္ဆို”
ရွန္းနင္က ေျပာလိုက္သည္။
ထိုသို့ ၾကားလိုက္ေသာအခါ ရွန္းယန္ဝမ္၏ မ်က္မွာမွာ မည္းလာၿပီး လင္းက်ဲ႕အား ၾကည့္လိုက္သည္။
“လင္းက်ဲ႕၊ ခမည္းေတာ္ကို ေျပာစမ္း၊ အဲ့ဒါအမွန္ပဲလား၊ တကယ္လို့ ခ်င္းဟန္က မင္းကို အနိုင္က်င့္တယ္ဆိုရင္ ခမည္းေတာ္က သူ႔ကို ခြင့္လႊတ္မွာ မဟုတ္ဘူး”
ထိုအခ်က္အား ၾကားလိုက္ေသာအခါ လင္းက်ဲ႕သည္ အလြန္ ေပ်ာ္ရႊင္သြားသည္။ သူသည္ ရွန္းခ်င္းဟန္ျပဳလုပ္ခဲ့ သမၽွေသာ မေကာင္းမွုမ်ားအား ေျပာရန္ႀကံလိုက္ေသာ္လည္း ရွန္းခ်င္းဟန္က သူ႔အား စားစရာမ်ား ေပးခဲ့သည္ကို ႐ုတ္တရက္ပင္ သတိရသြားသည္။
ရွန္းခ်င္းဟန္သည္ သူ႔အား စားစရာေပးသည္ကို စဥ္းစားမိေသာအခါ လင္းက်ဲ႕သည္ သူ႔အား ခြင့္လႊတ္ရန္ ဆုံးျဖတ္လိုက္သည္။
သူ႔ကို ဒီလိုၾကင္နာဖို့ ဘယ္သူက ေတာင္းဆိုလို့လဲ။
“ခမည္းေတာ္ကို ေလၽွာက္တင္ပါတယ္။ အဲ့ဒါက အမွန္ပါပဲ”
လင္းက်ဲ႕သည္ လည္ေခ်ာင္း ရွင္းလိုက္ၿပီးေနာက္ အေလးအနက္ ေျပာလိုက္သည္။
ထိုစကားအား ၾကားေသာအခါ ရွန္းခ်င္းဟန္၏ မ်က္လုံးမ်ားသည္ အနည္းငယ္ ျပဴးသြားသည္။
“ခ်င္းဟန္”
ရွန္းယန္ဝမ္သည္ ရွန္းခ်င္းဟန္အား ၾကည့္လိုက္သည့္ အၾကည့္မွာ ခ်က္ခ်င္း ေျပာင္းသြားသည္။
ရွန္းခ်င္းဟန္သည္ ဧကရာဇ္၏ သားအရင္းမွာ မည္သူနည္းဟုပင္ သံသယဝင္လာသည္။
“ဒါေပမယ့္ ဖခမည္းေတာ္ ဒီကိစၥမွာ ကၽြန္ေတာ္က မွားတာပါ၊ ကၽြန္ေတာ္က ခ်င္းဟန္ကို လွည္းယာဥ္ေပၚကေန ခ်ီသယ္ခိုင္းမိလိုက္တာ၊ ဒါေပမယ့္ ကၽြန္ေတာ္ ေမ့သြားတာက ခ်င္းဟန္က ပိန္တယ္ေလ၊ ဒါ့ေၾကာင့္ တျခားလူ အျမင္နဲ႔ၾကည့္ရင္ အျငင္းပြားသလို ျဖစ္သြားတာပဲ၊ ခ်င္းဟန္နဲ႔ ဘယ္လိုေကာင္းေကာင္းဆက္ဆံရမလဲဆိုတာ ကၽြန္ေတာ္ တကယ္ မသိေသးပါဘူး”
လင္းက်ဲ႕သည္ ထိုသို့ ေျပာလိုက္ၿပီးေနာက္ ရွန္းခ်င္းဟန္အနီးသို့ ကပ္သြားကာ လက္ေမာင္းအား ဆုပ္ကိုင္လိုက္သည္။ ရွန္းခ်င္းဟန္၏ မ်က္လုံးမ်ားမွာ မွိန္သြားၿပီး လြတ္ေျမာက္ရန္ ႀကိဳးစားေသာ္လည္း လင္းက်ဲ႕သည္ တင္းက်ပ္စြာ ဆုပ္ကိုင္ထား၍ ျပဳံးလိုက္သည္။
“ပုံမွန္အားျဖင့္ ၾကည္လင္ ေအးျမမွုက သားေတာ္လုပ္သမၽွ အမွားေတြထဲမွာ ပါဝင္ေနပါတယ္၊ ဒါ့ေၾကာင့္ သားေတာ္က ေရေႏြးတစ္ခြက္လုံးနဲ႔ မေတာ္တဆ ပက္မိတာ၊ ဒါမွမဟုတ္ ေတာင္းပန္တဲ့ အေနနဲ႔ ပိုးေကာင္ အနည္းငယ္ကို မွားယြင္းေပးမိတာ၊ ၿပီးေတာ့ စားေစခ်င္တဲ့ ဆႏၵနဲ႔ ဆားငံေနတဲ့ဟင္းကို မေတာ္တဆ ေပးမိတာေတာင္မွ ဒီၾကည္လင္ေအးျမမွု ရွန္းခ်င္းဟန္က စိတ္မဆိုးပါဘူး၊ ဒါ့ေၾကာင့္ ဒီၾကည္လင္ ေအးျမတဲ့ သူက ကၽြန္ေတာ့္ကို ေကာင္းေကာင္း ဆက္ဆံေပးတာမလို့ သူ႔ကို အျပစ္မေပးပါနဲ႔၊ ဟုတ္တယ္မလား ေရခဲတုံး”
လင္းက်ဲ႕သည္ ရယ္လ်က္ ရွန္းခ်င္းဟန္အား ၾကည့္လိုက္သည္။
ရွန္းခ်င္းဟန္၏ အမူအရာမွာ အလြန္အမင္း ျဖစ္ေနၿပီျဖစ္သည္။
သို့ေသာ္ လင္းက်ဲ႕မွာမူ မ်က္ကြယ္ ျပဳထားဆဲပင္ ျဖစ္သည္။
ရွန္းယန္ဝမ္သည္ အားရပါးရ ျပဳံးလိုက္ကာ “ခ်င္းဟန္ လင္းက်ဲ႕ေျပာတာ အမွန္ပဲလား”
“ခမည္းေတာ္က ခင္ဗ်ားကို ေမးေနတယ္ေလ၊ ဘာလို့မေျဖတာလဲ”
လင္းက်ဲ႕သည္ ရွန္းခ်င္းဟန္ကို မွီ၍ ပန္းတစ္ပြင့္ကဲ့သို့ ျပဳံးလိုက္ကာ ေခါင္းကို ေမာ့ၿပီး ရွန္းခ်င္းဟန္အား ၾကည့္လိုက္သည္။
ရွန္းခ်င္းဟန္သည္ လင္းက်ဲ႕အား မ်က္လုံးေထာင့္ကပ္၍ ၾကည့္လိုက္ၿပီး သူ၏မ်က္လုံးထဲတြင္ ရြံ့မုန္းမွုမ်ားျဖင့္ ျပည့္ေနသည္။
လင္းက်ဲ႕သည္ ရယ္ေမာေနဆဲျဖစ္ၿပီး သူသည္ တကယ္ ထက္ျမက္သည္ဟု ယုံၾကည္ထားၿပီး ရွန္းခ်င္းဟန္အား ရြံ့မုန္းမွု ပိုမိုခံစားေစရန္ ကူညီေပးေနသည္။
“ခ်င္းဟန္”
ရွန္းယန္ဝမ္သည္ သူ၏သားမွာ ပို၍ရဲရင့္လာသည္ကို ခံစားေနရသည္။
ရွန္းခ်င္းဟန္သည္ တစ္စုံတစ္ရာအား ႀကိဳတင္ျပင္ဆင္ လိုက္သကဲ့သို့ သူ၏မ်က္လုံးမ်ားအား မွိတ္၍ အသက္ျပင္းျပင္း ရွူလိုက္သည္။ ထို့ေနာက္ အသံတိုးတိုးျဖင့္ ေျဖလိုက္သည္။
“အင္း”
ထိုစကားအား ၾကားလိုက္ရေသာအခါ မင္းသားအားလုံးသည္ ေအးစက္ေသာေလကို ႐ူရွိုက္လိုက္ရသည္။
လင္းက်ဲ႕၏ ဂ႐ုမစိုက္မွုသည္ ထိုင္ေနေသာ က်န္ရွိေနသည့္ မင္းသားကိုးပါးအား ေၾကာက္ရြံ့ တုန္လွုပ္သြားေစသည္။ ဤအရာမ်ားသည္ သူ႔ေနရာတြင္သာ ရွိပါက သူတို့သည္ ရွန္းခ်င္းဟန္ကို မဆိုထားႏွင့္၊ ႐ူးသြပ္ျခင္းကိုပင္ ထိန္းထားနိုင္မည္ မဟုတ္ေပ။ သို့ေသာ္ ရွန္းခ်င္းဟန္သည္ သူတို့အား တစ္ေယာက္ခ်င္း တစ္ေယာက္ ခြင့္လႊတ္ခဲ့ေသာ္လည္း သူသည္ လင္းက်ဲ႕ႏွင့္ နက္ရွိုင္းစြာ ခ်စ္မိသြားသည္ကို ျမင္ေတြ႕နိုင္သည္။ သို့ေသာ္ သူ၏စကားကို ၾကားလိုက္ရေသာအခါ သူတို့သည့္ အဘယ့္ေၾကာင့္ ကိုယ္ခ်င္စားမွုတခ်ိဳ့အား ခံစားလိုက္ရပါသနည္း။
ရွန္းကူရန္သည္ ထိုစကားမ်ားအား ၾကားလိုက္ေသာအခါ ယပ္ေတာင္အား ခ်က္ခ်င္း ျဖန္႔လိုက္ၿပီး ပါးစပ္အား ကြယ္လိုက္ကာ ျပဳံးလိုက္မိသည္။ သူသည္ အမွန္တရားအား သိေသာ တစ္ဦးတည္းသူ ျဖစ္မည္ ထင္သည္။ သူသည္ လင္းက်ဲ႕အား သတ္ရန္မွအပ ဘာမွမလိုခ်င္ေသာ္လည္း သူ႔တြင္ ေရြးခ်ယ္စရာမရွိေပ။
ရွန္းကူရန္သည္ ရွန္းခ်င္းဟန္က သူသည္ လူသတ္မိမွာ ေၾကာက္သည္ဟူ၍ အဘယ့္ေၾကာင့္ ေျပာသည္ကို အခုမွ နားလည္သြားသည္။
ေရေႏြးနဲ႔ပက္ခံရတယ္၊ ပိုးေကာင္ပို့တယ္၊ မေကာင္းတဲ့ အစားအစာေတြ စားရတယ္
အနည္းဆုံးေတာ့ ရွန္းခ်င္းဟန္သည္ ထိန္းထားနိုင္စြမ္း ရွိေသးသည္။
“ဟားဟားဟား ခ်င္းဟန္ မင္းဒီလက္ထပ္ ထိမ္းျမားျခင္းကို အဲ့ေလာက္ ႏွစ္သက္လိမ့္မယ္လို့ ခမည္းေတာ္ ထင္မထားမိဘူး၊ ၾကည့္ရတာ မင္းနဲ႔လင္းက်ဲ႕ ေကာင္းေကာင္း ေနသြားနိုင္မွာပါ။ ခမည္းေတာ္လည္း ခုမွ စိတ္သက္သာရာ ရသြားတယ္”
ရွန္းယန္ဝမ္သည္ သူ႔ေပါင္အား ရိုက္လိုက္သည္။
ဒီကိစၥသည္ ေနာက္ဆုံးတြင္ေတာ့ ၿပီးသြားၿပီျဖစ္သည္။
ရွန္းခ်င္းဟန္၏ မ်က္ခုံးမ်ားအား တြန္႔ၿပီး သူ၏ရင္ခြင္ထဲသို့ ေရာက္ေနၿပီး လႊတ္ေပးရန္ျငင္းဆန္ေနသာ လင္းက်ဲ႕အား ၾကည့္လိုက္ကာ ေအးစက္စြာ ေျပာလိုက္သည္။
“လႊတ္စမ္း”
“လႊတ္လို့ မရဘူး၊ ခင္ဗ်ား သ႐ုပ္ေဆာင္မယ္ဆိုရင္ ၿပီးတဲ့အထိ သ႐ုပ္ေဆာင္ရမယ္ေလ”
လင္းက်ဲ႕က ရယ္လိုက္သည္။
သူသည္ ရွန္းခ်င္းဟန္အား ဖက္လိုက္ ကတည္းကပင္ ရွန္းခ်င္းဟန္သည္ သူ႔အား ေနာက္ထပ္မေတြ႕ခ်င္ေလာက္ ေအာင္ပင္ စိတ္ညစ္သြားေတာ့သည္။
ရွန္းခ်င္းဟန္သည္ သူ႔အား အေတာ္ေလးပင္ မႏွစ္သက္ေသာ္လည္း……
***
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ။