“ပါးစပ်ကိုပိတ်တော့၊ ငါတို့ ရောက်ပြီ”

ရှန်းချင်းဟန်က အေးစက်စွာ ပြောလိုက်သည်။

သူသည် စကားလုံးများအား မျိုမချလိုက်ခင် အချိန်အတော်ကြာအောင်ပင် လျှာပေါ်တွင် စွဲနေခဲ့သည်။ လင်းကျဲ့သည် နှုတ်ခမ်းအား တွန့်ကွေးလိုက်သည်။

သူတို့နှစ်ဦး ရောက်သည့် အချိန်တွင် တွေ့ဆုံပွဲတွင် လူစုံလုနီးပါး ဖြစ်နေသည်။ မျက်လုံးတစ်စုံပြီး နောက်တစ်စုံသည် သူတို့ဆီသို့ ရောက်လာသည်။

လင်းကျဲ့သည် အကြမ်းဖျင်း ရေတွက်လိုက်သည်။ ရှန်းချင်းဟန်အား ဖယ်ထားပါက စားပွဲတွင် ကိုးယောက်ရှိသည်။

“အစ်ကိုတော်က နောက်ကျနေတာပဲ၊ အစ်ကိုတော်တို့ နှစ်ယောက်ပဲ ကျန်တော့တယ်”

ရှန်းနင်သည် သူတို့အား ကြည့်ပြီး ပြောလိုက်သည်။

“အစ်ကိုတော် ဘာလို့ နောက်ကျနေတာလဲ”

ရှန်းကူရန်သည် တခစ်ခစ် ရယ်နေသည်။

“ပြဿနာ သေးသေးလေးကို ဖြေရှင်းနေရလို့ပါ။ သားတော် နောက်ကျသွားပါတယ်၊ ခမည်းတော် ခွင့်လွှတ်ပေးတော်မူပါ”

ရှန်းချင်းဟန်က ပြောလိုက်သည်။

လင်းကျဲ့သည် ရှန်းချင်းဟန်က သူ့အား ပြဿနာ(ဒုက္ခအိုး)ဟု ပြောလိုက်သည့်အတွက် အံကြိတ်လိုက်မိသည်။

အဝါရောင် တောက်တောက် နဂါးဝတ်ရုံအား ဝတ်ဆင်ထားသော ရှန်းယန်ဝမ်သည် ထိပ်ဆုံးတွင် နေရာယူထားသည်။ လင်းကျဲ့ ကြည့်ရသည်မှာ သူသည် အလွန် ပျော်ရွှင်နေသည်။ ဟီးဟီး မှန်တာပေါ့၊ ငါတို့ရောက်ပြီလေ။ မတ်တပ် ရပ်တာနားပြီး ထိုင်ကြတာပေါ့။

ထို့နောက် ရှန်းချင်းဟန်သည် လင်းကျဲ့အား ရှန်းယန်ဝမ်နှင့် နီးသည့် ထိုင်ခုံဆီသို့ ခေါ်သွားသည်။

မိသားစုတွေ့ဆုံပွဲလို့ ခေါ်တွင်သည့် ပွဲတွင် ဧကရာဇ်နှင့် သူ၏သားတော်များ အတူစုဝေးပြီး လတ်တလော အခြေအနေများ အကြောင်းအား မေးမြန်း ဆွေးနွေးသောကြောင့် လင်းကျဲ့ အနေဖြင့် လုပ်စရာမရှိပေ။ ထို့ကြောင့် ဟင်းပွဲများ တည်ခင်းပြီးသည့် နောက်တွင် လင်းကျဲ့သည် စားရန်အတွက်သာ အာရုံစိုက်ထားပြီး လင်းကျဲ့သည် အစားအသောက်များဖြင့် ဖုံးကွယ်လုနီးပါး ဖြစ်နေသည်။ မိုက်မဲသော စကားများ ပြောဆိုခြင်း မရှိစေရန်အတွက် လင်းကျဲ့၏ပါးစပ်အား ပိတ်ထားရန် မျှော်လင့်လျက် ရှန်းချင်းဟန်သည် သူ့အတွက် ဝေစုရထားသော အစားအစာများကိုပင် ဝေမျှပေးခဲ့သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now