၁၉၁။ "ငါ သန်မာဖို့ လိုတယ် - ၁"

Comincia dall'inizio
                                    

“ဒီကိစ္စနဲ့ ပတ်သက်ပြီး, နင့်ဦးလေးနဲ့ ငါ ဖြေရှင်းလိုက်မယ်။” ဂျန်ရှင်းယန်က သက်ပြင်းချသည်။ သူက သူ့စိတ်ထဲတွင် ဆုံးဖြတ်ပြီး ဖြစ်သည်။

သေသည့်လူက သေသွားခဲ့ပေမဲ့, ကျန်နေသူများက ဆက်လက်၍ နာကျင်နေဆဲပင်။ ချင်းယန်ကလန်၏ အင်အားက လင်းအိမ်တော် ပြိုင်ဆိုင်လို့ ရသည့် အရာ မဟုတ်ပေ။ သူတို့ ငြင်းဆိုမည်ဆိုလျှင်တောင်, ဝိညာဉ်ကျောက်စိမ်းကို ဂျန်ဂုနှင့် အတူ မြှုပ်နှံပေးလိုက်သည်ဆိုတာက လူများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိနေခဲ့သည့် ကိစ္စဖြစ်သည်မို့ ချင်းယန်ကလန်က အလွယ်တကူ သိရှိသွားနိုင်သည်သာ။

ချင်းယန်ကလန်၏ နိုင်လိုမင်းထက် လုပ်တတ်သည့် အကျင့်ကို သိနေသည်မို့, သူတို့က ဂျန်မိသားစု ဆင်ခြေပေးတာကို နည်းနည်းလေးမျှ ဂရုစိုက်ကြမည် မဟုတ်ပေ။

ချင်းယန်ကလန်ကိုယ်တိုင် အုတ်ဂူကို အင်အားသုံး တူးဖော်တာ ခံရမည့်အစား. သူတို့ဘာသာ လုပ်ဆောင်တာက အဆင်ပြေလိမ့်မည် ဖြစ်သည်။

ဂျန်ဝုရှီက တိတ်ဆိတ်စွာသာ နေသည်။ သူတို့မျက်နှာများမှာ ကူကယ်ရာ မဲ့နေပြီး ဝမ်းနည်းပူဆွေးနေတာကို တွေ့မြင်ရလျှင်, သူမက လက်ချင်း တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။

သူတို့ ခြားနားချက်က အင်အားဖြစ်သည်။ ဒါက လက်တွေ့ဘဝဆိုတာကို သူမအား ရှင်းရှင်းလင်းလင်း ပြသနေသည်။

တောအုပ်ဥပဒေဆိုတာက သန်မာသူတွေ ငဲ့ညှာမှ အားနည်းသူက ရပ်တည်နိုင်မှာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ, သူတို့ မလိုလားသော်လည်း, သူတို့မှာ အခြားရွေးစရာ နည်းလမ်း မရှိချေ။

သူမက ဘုရင်ကြီးကို အတင်းအကျပ် နန်းစွန့်ခိုင်းနိုင်တော့ရော ဘာဖြစ်မှာတဲ့လဲ။ ကမ္ဘာကြီးက ကျယ်ပြောသလောက် အင်အားစုတွေကလည်း များပြားကြသည်။ သူတို့က ဂျန်မိသားစုကို အညံ့ခံဖို့ အတင်းအကျပ် လုပ်နိုင်ကြသည်သာ။

ပါရမီရှင်သမားတော်Dove le storie prendono vita. Scoprilo ora