Unicode
အခန်း (၁၂၈)
"ဝါး ! ကျန်းရှန်က အစ်ကိုယဲ့နဲ့ အိပ်ခဲ့တာလား .. ငယ်သေးတော့ ကောင်းလိုက်တာ !"
စားပွဲတစ်ဖက်တွင် ထိုင်နေသော ချူးဟောင်လင်းက ယဲ့ရှင်းချန် လည်ပင်းမှ အမှတ်ကို တွေ့သွားသဖြင့် အော်ပြောလိုက်ရာ အခြားသူများလည်း တစ်ပြိုင်နက်တည်း လှည့်ကြည့်ကြလေသည်။ ယဲ့ရှင်းချန်လည်း မျက်နှာမဲ့ကာ ရှက်ရွံ့စွာပင် အင်္ကျီလည်ပင်း ကော်လံကို ဆွဲတင်လိုက်သည်။ အောက်သို့ မဆင်းလာခင် ကတည်းက သူ၏မျက်နှာမှ ညှပ်ရိုးများအထိ မြင်သာသော အမှတ်များ မရှိစေရန် ထပ်တလဲလဲ စစ်ဆေး လာခဲ့သော်လည်း လူမိသွားခဲ့သည်။ ကျန်းရှန် မှာ ယဲ့ရှင်းချန် တစ်ကိုယ်လုံးကို နမ်းရှုံ့ခဲ့သည့်အပြင် အမှတ်အသားများကိုလည်း ချန်ထားခဲ့သေးသည်။
ထိုသို့ တွေးမိပြီးနောက် ကျန်းရှန်ကို ယဲ့ရှင်းချန် စိုက်ကြည့် လိုက်သော်လည်း ကျန်းရှန်၏ စိတ်ထဲတွင် ယဲ့ရှင်းချန် အထွတ်အထိပ် ရောက်ခဲ့သည့် အဖြစ်ကို မြင်ယောင် နေသဖြင့် အခြားသူများ ကြည့်နေကြသည်ကိုပင် သတိမထားမိပေ။ ထို့နောက် ဝက်သားလုံးကို တူနှင့်ယူကာ ယဲ့ရှင်းချန်ကို ခွံ့ကျွေးလေသည်။
"စီနီယာ စားလေ"
ယဲ့ရှင်းချန် ပါးစပ်ကိုဟကာ တစ်ကိုက် ကိုက်လိုက်သည်။ နောက်ထပ် တစ်ကိုက် မကိုက်မီ ပါးစပ်ကို ဟလိုက်စဉ် ကျန်းရှန်က ကျန်သော အပိုင်းကို ခွံ့ကျွေးလိုက်သည်။
"ကြည့်ဉီး ! ကျန်းရှန်လို ကောင်လေး တစ်ယောက်လောက် ရရင်ကောင်းမယ် ! ဝမ်းချင် .. ကျွန်တော့် အတွက် လုပ်ပေးပါလား"
ယွီဝမ်းချင် ပခုံးပေါ် လက်တင်ကာ ချူးဟောင်လင်း မျက်လုံး မှိတ်ပြကာ အီစီကလီ လုပ်ဟန်နှင့် စနောက် လိုက်သည်။ သို့သော် ယွီဝမ်းချင်က လက်ကို ပုတ်ထုတ်လိုက်ပြီး အေးစက်စက်လေသံဖြင့် ...
"ပြဿနာ မရှာနဲ့ မင်းလို အစားပုတ်နဲ့ ဘယ်သူမှ အတူမနေနိုင်ဘူး ... ငါ့အနားမကပ်နဲ့"
ယွီဝမ်းချင် ပြောလျက် ချူးဟောင်လင်း လက်တင်ခဲ့သော နေရာကို ဖုန်ခါသကဲ့သို့ ခါချလိုက်သည်။
"ယွီဝမ်းချင် .. ကျွန်တော်တို့က ညီအစ်ကိုလို့ မှတ်ထားတာကို ! နာကျင်လိုက်တာ"
ချူးဟောင်လင်း မပျော်မရွှင် ဖြစ်သွားပြီး ယွီဝမ်းချင်က တစ်ချက် စိုက်ကြည့်ကာ ...
"အဲဒါက မင်းရဲ့အစ်ကို တစ်ယောက်ကို လုပ်စရာလား"
"ဟားဟားဟား !"
ချူးဟောင်လင်း ပြန်မပြောခင် ရယ်မောသံများ ထွက်လာပြီး လုဟိုင်ရွှမ်း၏ အဘိုးနှင့် အမေပင် ရယ်လိုက်ကြသည်။ မနက်စာ စားပြီးနောက် ချောင်ယန်း အဖွဲ့က သူတို့နေရာသို့ ပြန်သွားပြီး ထိပ်ဉီးအဖွဲ့ကလည်း အပြင်ထွက်ရန် ပြင်လိုက်စဉ် ယွင်ချဲ့က သူတို့ကို တားလိုက်သည်။
"ယဲ့ဟန် ဒီမှာပဲနေ .. ဇယ်ယွီက အဖွဲ့ကို ဉီးဆောင်သွား ဘာတာဝန်မှ မလုပ်နဲ့ အပြင်ထွက်ပြီး ဖုတ်ကောင်တွေပဲ ရှင်းခဲ့ ... တကယ်လို့ တစ်ယောက်ယောက်က ငါ့ကိုမေးလာရင် စာတမ်းတွေကြည့်နေရလို့ လတ်တလော ဘာတာဝန်မှ မလုပ်နိုင်သေးဘူးလို့ ပြောလိုက်"
ရှုပ်ထွေးမှုများ ပြည့်နေသော အဖွဲ့သားများ၏ အကြည့်တို့ကို ကြည့်ကာ ယွင်ချဲ့ အမိန့်ပေးလိုက်ပြီး သူ့ကိုမှီနေသော ယွင်ချန် ဆံပင်ကို သပ်ပေးလိုက်သည်။
"ကောင်းပြီလေ .. သွားရအောင်"
ယွင်ချဲ့က သူတို့ကို လုပ်ခိုင်းသည်မှာ အကြောင်းပြချက် ရှိသောကြောင့် အဖွဲ့သားများလည်း ပြန်မမေးတော့ဘဲ ခေါင်းညိတ်ကာ ထွက်လာခဲ့ကြသည်။
"ဘာဖြစ်လို့လဲ"
အရေးကြီးကိစ္စ မဟုတ်ဘဲနှင့် ယွင်ချဲ့က အချိန်ကြာကြာ ခေါ်ထားမည် မဟုတ်သည်ကို လန်ယဲ့ဟန် သဘောပေါက်သည်။
"ညက တစ်ခုခုကို သတိရသွားလို့ .. အပေါ်ထပ်လိုက်ခဲ့"
လန်ယဲ့ဟန် ခေါင်းညိတ်ပြကာ တုံ့ဆိုင်းခြင်းမရှိ ယွင်ချဲ့နှင့် ယွင်ချန်တို့ အနောက်မှ လိုက်သွားသည်။ ယွင်ယောင်လည်း စားပွဲကို ရှင်းလင်းလျက် ခေါင်းခါလိုက်သည်။ သူတို့ကို ဝင်မနှောင့်ယှက်လိုပေ။
"အန်တီ ချန်း ... အန်တီနဲ့ အဘိုးက လယ်သမားတွေဆို .. နောက်ကျရင် ဖန်လုံအိမ်ထဲမှာ စိုက်ထားတဲ့ အသီးအရွက်ပင်တွေကို ကြည့်ပေးလို့ ရမလား"
"ရတာပေါ့"
လုဟိုင်ရွှမ်း၏ အမေလည်း ခေါင်းညိတ်လျက် ယွင်ယောင်ကို ကူညီပေးကာ ပို၍ကြိုးစား လုပ်ကိုင်လာသည်။ ကပ်ဘေးကာလတွင် ရှင်သန်ကြိုးစားရန် အလွန်ခက်ကြောင်း သူမသိသည်။ သူမနှင့် သူမ၏ အဖေလည်း ရေသာမခိုဘဲ သူတို့ကူနိုင်သမျှကို ပျော်ရွှင်စွာ ကူညီပေးသည်။
အပေါ်ဆုံးထပ်မှ ယွင်ချန် အခန်းထဲတွင် ...
"အစ်ကို ဟေးယွီရော"
အခန်းထဲသို့ ဝင်ပြီးနောက် ဟေးယွီကို အတော်ကြာအောင် မမြင်ခဲ့ရသဖြင့် ယွင်ချန် မေးလိုက်သည်။
"သူနယ်မြေထဲ ခဏပြန်သွားတယ် .. စိတ်မပူနဲ့နော် နောက်တစ်ရက် နှစ်ရက်ဆို သူပြန်ရောက်လာလိမ့်မယ်"
မနေ့က ဟေးယွီ ရောက်လာပြီး ယွင်ချဲ့နှင့် သီးသန့်တွေ့ကာ သူပြန်လည် သက်သာ လာသကဲ့သို့ ခံစားရသော်လည်း စွမ်းအားပြည့်ရန် လိုအပ်သေးသဖြင့် အပြင်လောကတွင် မနေသင့်ဘဲ နယ်မြေထဲသို့ သွားလိုကြောင်း ခွင့်တောင်းခဲ့သဖြင့် ယွင်ချဲ့လည်း ခွင့်ပြုပေးခဲ့သည်။
"ဪ"
ယွင်ချန်လည်း စိတ်ပျက် လက်ပျက်နှင့် မျက်လွှာ ချလိုက်သည်။ ထို့နောက် အိတ်ထဲမှ ပင်ပေါင်ဘောလုံး အရွယ်ရှိ အနီရောင် အမြုတေကို ထုတ်ကာ ကိုက်စားလိုက်သည်။ ထိုအမြုတေမှာ လန်ယဲ့ဟန် အတွက် ယွင်ချဲ့ ပေးခဲ့သည့် အဆင့် ၃ မီးအမြုတေဖြစ်ပြီး လန်ယဲ့ဟန်က ယွင်ချန်ကိုပေးလိုက်သည်။
"ရှောင်ချန် ဘေးနားမှာ ထိုင်ပေးပါ ယဲ့ဟန်"
လန်ယဲ့ဟန်ကို ကြည့်ကာ ယွင်ချဲ့ တောင်းဆိုလိုက်သည်။ ယွင်ချဲ့ကို ယုံကြည်လျက် ယွင်ချန် ဘေးတွင် လန်ယဲ့ဟန် ထိုင်လိုက်ပြီး ပခုံးကို ဖက်ထားလိုက်သည်။ အမြုတေကိုသာ စားနေခဲ့သော ယွင်ချန်က ဘာကိုမှ သတိမပြုမိပေ။ ထို့နောက် ယွင်ချဲ့လည်း ကြက်ဥအရွယ် ပန်းရောင် အပင်နှလုံးသား အမြုတေကို ယူထုတ်ကာ ...
"ချန် .. ဒါရော စားကြည့်မလား ဒါက ပိုကောင်းတယ်"
သစ်ပင်၏ပင်မ နှလုံးသားကို လူကသာ စားသုံးနိုင်သဖြင့် ဖုတ်ကောင် တစ်ကောင်အပေါ် မည်သို့ သက်ရောက်မည်ကို ယွင်ချဲ့ မသိပေ။ အမြုတေများနှင့် မတူဘဲ အပင်၏နှလုံးမှာ ချော့ကလက်ကဲ့သို့ မာကျောပြီး ချိုချဉ်အရသာရှိကာ အပင်၏သဘာဝ ခါးသက်သည့် အရသာလည်းကို ခံစားမိစေသည်။ လူများပင် စားသုံးနိုင်ကြသဖြင့် ဖုတ်ကောင်များလည်း စား၍ရနိုင်သည်မလား။ ဖုတ်ကောင်များက အမြုတေများကို သူတို့၏ပါးစပ်တွင်း ထည့်ကာ မျိုချလိုက်သည်က များပေသည်။
"အနံ့လည်းကောင်းတယ် !"
ပြင်းပြသော စွမ်းအားရနံ့က ယွင်ချန်ကို ဆွဲဆောင်နေသဖြင့် ယွင်ချန်လည်း အမြုတေကို လှမ်းယူလိုက်သည်။ ယွင်ချဲ့နှင့် လန်ယဲ့ဟန်လည်း အချင်းချင်းကြည့်ကာ အသက်ပင် မရှူရဲဘဲ ယွင်ချန် ကိုသာ စောင့်ကြည့် နေကြသည်။
"အွတ် အစ်ကို ! အစ်ကို !"
အစတွင် ဘာမှမဖြစ်ခဲ့သော်လည်း မိနစ်အနည်းကြာပြီးနောက် ယွင်ချန် နင်နေခဲ့ပြီး လက်တစ်ဖက်က ရင်ကိုဖိလျက် ကျန်တစ်ဖက်က ယွင်ချဲ့ထံ လက်လှမ်းကာ အကူအညီတောင်းနေသည်။ သူ၏ဖြူစွတ်သော အသားရေမှာ နီမြန်းလာပြီး ဖုတ်ကောင် အနေနှင့် ကိုယ်ခန္ဓာအေးစက်နေရမည် ဆိုသော်လည်း ယွင်ချန်မှာ အဖျားကြီးနေသူ အလား တဖြည်းဖြည်းနှင့် ပူကျစ်လာခဲ့သည်။ ကံကောင်းစွာ လန်ယဲ့ဟန်က တင်းကျပ်စွာ ဖက်ထားလေသည်။ မဟုတ်လျှင် ယွန်ချန် လူးလှိမ့်နေမှာ အသေအချာပင်။
"ဘာမှမဖြစ်ဘူး ချန် .. တောင့်ခံ ထားလိုက်နော် ဒါက စွမ်းအားမြင့်လာလို့ ဒီလိုဖြစ်တာ ခဏနေပြီးသွားလိမ့်မယ် .. ငါ့ကိုယုံနော်"
ယွင်ချဲ့လည်း သူ့ထံလှမ်းနေသော ယွင်ချန်ကို ဖမ်းဆုပ်လျပ် ချော့မြူလိုက်သည်။ ဖုတ်ကောင်များက အသက်ရှင်နေသည့် သတ္တဝါများ မဟုတ်သဖြင့် အပင်နှလုံးသားက အင်အား သာမက အသက်ရှင် ဆဲလ်များကိုလည်း ထောက်ပံ့ ပေးနိုင်သည်။
"လိမ္မာတယ် ချန် .. ငါတို့ရှိတယ် ခဏလောက် တောင့်ခံပေးနော်"
လန်ယဲ့ဟန်လည်း ယွင်ချန်ကို ဖက်လျက် နားနားကပ်ကာ နှစ်သိမ့်ပေးသဖြင့် ရုန်းကန်နေသော ယွင်ချန်လည်း ငြိမ်ကျသွားသည်။
"အ..အင်း"
မချိတင်ကဲ ခံစားနေရသဖြင့် မျက်နှာမဲ့နေသော ယွင်ချန်၏ ပုံစံမှာ ယွင်ချဲ့နှင့် လန်ယဲ့ဟန် တို့ကို နှိပ်စက် နေသကဲ့သို့ပင်။ နောက်ဆုံးတွင် ယွင်ချန်၏ အသားရေမှာ တဖြည်းဖြည်း အေးစက်လာပြီး ပြန်လည် ဖြူစွတ်လာကာ လန်ယဲ့ဟန်ကို မှီထားလျက်
"ဗိုက်ထဲမှာ နွေးနေသလိုပဲ"
ယွင်ချန် ကိုယ့်ဗိုက်ကို စမ်းကာ အားအင်ချိနဲ့စွာ ပြောလေသည်။
"အပင်ရဲ့ နှလုံးသားက ယွင်ချန် အတွက် အလုပ်ဖြစ်ပုံပဲ"
ယွင်ချဲ့ သက်ပြင်းချကာ လန်ယဲ့ဟန်ကို ပြောလိုက်စဉ် သူတို့၏ မျက်လုံးမှာလည်း လင်းလက်သွားသည်။
"ဟုတ်တယ် .. ဒါတွေကို စုနိုင်သမျှ များများစုရမယ်"
ယွင်ချန် အတွက် ကောင်းမွန်သော အရာဆိုလျှင် မည်မျှပင် ခက်ခဲပါစေ လန်ယဲ့ဟန် အစွမ်းကုန် ကြိုးစားမည်ဖြစ်သည်။ ယွင်ချဲ့လည်း သူနှင့်အတွေးတူ နေသဖြင့် ပြုံးပြလိုက်သည်။
"ဟန် ကျွန်တော် ညစ်ပတ်နေလို့ ရေချိုးချင်တယ်"
ယွင်ချန်လည်း ပြန်လည် ကောင်းမွန် လာသည်နှင့် ကိုယ်ပေါ်မှ ရေစိုဝတ်များကို ဖယ်လိုက်သည်။ ယွင်ချဲ့က ဖုတ်ကောင်လေးကို သေချာသင်ပြပေးခဲ့ ပုံရသည်။
"သူ့ကို သေချာ သန့်ရှင်းပေးပြီး ကိုယ်ပေါ်မှာ ပြောင်းလဲတာရှိမရှိ စစ်လိုက်ပါဉီး .. ရှင်းဖုန်းက ဖုတ်ကောင် သုတေသီအဖွဲ့ကို မြို့တော်ကနေ ဒီကိုခေါ်လာပြီး ကျွန်တော်တို့အတွက် စမ်းသပ်ခန်းတစ်ခု လုပ်ပေးမယ် ပြောတယ် ... တခြား ကိစ္စတွေအသာထား ချန်ရဲ့သွေးဆာ လာနိုင်မယ့် အခြေအနေကို တစ်ခုခုလုပ်ဖို့တော့ လိုလိမ့်မယ်"
ယွင်ချန်ကို အလိုလိုက် ခံထားရသော ကလေးတစ်ယောက် ကဲ့သို့ကြည့်ကာ ယွင်ချဲ့ ခေါင်းခါလျက် မတ်တပ် ရပ်လိုက်သည်။
"ကောင်းပြီလေ"
ယွင်ချဲ့ ဆိုလိုရင်းကို လန်ယဲ့ဟန် နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ယွင်ချန်ကို ဘယ်သောအခါမှ အန္တရာယ်ဖြစ်စေမည် မဟုတ်သည်ကို သူသိသည်။
"ကျွန်တော့်ကို ရေချိုးပေး ဟန်"
သူဖြစ်ချင်သော အရာကို မလုပ်ပေးသဖြင့် ယွင်ထျန် အသံကိုမြင့်ကာ ပြောလိုက်သည်။ ယွင်ချဲ့လည်း သူ၏ညီလေးက မိသားစုကို မတွယ်ကပ်တော့ဟု ခံစားမိလိုက်ပြီး လန်ယဲ့ဟန် ပခုံးကိုသာ ပုတ်ကာ ခေါင်းခါလျက် ထွက်သွားလေသည်။
"ကျွန်တော် ညစ်ပတ်နေလို့ ရေချိုးချင်တယ် ဟန် .. ရေချိုးချင်တယ်"
"အင်းပါ အင်းပါ ချိုးပေးမယ်နော်"
ယွင်ချဲ့လည်း တံခါးကိုပိတ်ကာ ပြုံးလျက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
"မမ ဘာလုပ်နေတာလဲ"
ယွင်ယောင်နှင့် အမျိုးသမီးကြီး ၂ ယောက်က တူးရွင်းပြားများ သယ်နေသည်ကို တွေ့သဖြင့် မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး .. မမ မျိုးစေ့တွေ စိုက်တာ နေရာ အရမ်းကပ် သွားတယ်လို့ အန်တီ ချန်း ပြောတယ် .. မုန်လာထုပ်တွေက အရမ်း များနေတော့ ချောင်ယန်းကန်တင်းဆီ ခွဲပေးမလို့ ... ရှောင်ချန်ရော ဘယ်လိုနေလဲ"
သူမ၏မောင်လေးကို တွေ့လိုက်သဖြင့် ယွင်ယောင် မျက်နှာဝင်း သွားသည်။ ဂေါ်ဖီထုပ်များက ရက် ၂၀ အတွင်း ပေါက်ရောက် ကြီးမားလာကာ စားရန် သင့်တော်လည်း အတော်အသင့်သာ ကြီးသေးသည်။
"ဘာအဆင်မပြေစရာ ရှိလို့လဲ .. များများ ယူလိုက်ဉီး ခေါင်းဆောင် ရှင်းက အသီးအရွက်တွေတောင်းနေတာ ခဏခဏပဲ .. သူတို့တွေ ကျွန်တော်တို့ မြေကွက်တွေကို မျက်စပစ်နေတာ ကြာပြီ"
မှန်လုံအိမ်ထဲမှ ကြီးမားသော ဂေါ်ဖီထုပ်များကို ကြည့်ကာ ယွင်ချဲ့ နောက်ပြောင် လိုက်သည်။ ယွင်ယောင် လည်း သူမကိစ္စကို ဆက်လုပ်နေသဖြင့် လုပ်စရာမရှိသော ယွင်ချဲ့က သူ၏နယ်မြေကိုစစ်ဆေးရန်ပြင်လိုက်စဉ် အဘိုးချန်းက ခေါ်လိုက်သည်။ လုဟိုင်ရွှမ်း ပြောခဲ့သည်ကို ယွင်ချဲ့ သတိရသွားပြီး အဘိုးကို ဧည့်ခန်းထဲသို့ ခေါ်ခဲ့သည်။
"ဘာပြောစရာရှိလို့လဲ အဘိုး"
မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ယွင်ချဲ့က လက်ဖက်ရည်ခွက်ကို ငဲ့ပေးလိုက်သည်။
"ခေါင်းဆောင် ယွင် .. အဘိုးလည်း စွမ်းအားရှိတဲ့ သူပါပဲ .. အဘိုးကို တာဝန်တွေအတွက် ခေါ်သွားပေးလို့ မရဘူးလား"
အဘိုးမှာ ထိုင်လိုက်သည်နှင့် သူဖြစ်ချင်သော အရာကို ပြောလိုက်သည်။ သူကိုယ်တိုင်လည်း ကျန်းမာရေး ကောင်းနေသဖြင့် မိသားစုထဲတွင် သူ၏သမီးနှင့် အလကား ခိုကပ်မနေချင်ပေ။ ထို့အပြင် စွမ်းအားရှင် တစ်ယောက် အနေနှင့် အရှေ့မြောက် စခန်းတွင် နေခဲ့စဉ်ကလည်း ဖုတ်ကောင်များကို သုတ်သင် ရှင်းလင်းခဲ့သဖြင့် ယခုတွင်လည်း ထိုသို့လုပ်ရန်သာ သင့်တော်သည်ဟု ယူဆထားသည်။
"အာ .. အဘိုး ချန်း .. အဘိုးက စွမ်းအားရှိတာ ကျွန်တော် သိပါတယ် ဒါပေမယ့် ဖုတ်ကောင် ရှင်းတာက စွမ်းအားတွေ အများကြီး လိုအပ်တယ်"
ယွင်ချဲ့ အသက်ဝအောင် ရှူကာ စကားကို ပြန်ဆက်လိုက်သည်။
"ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ ဖုတ်ကောင်တွေက တဖြည်းဖြည်းနဲ့ အဆင့်မြင့် လာကြတယ် .. ကျွန်တော်တို့မှာ စွမ်းအားအပြင် သန်မာတဲ့ ခန္ဓာကိုယ်နဲ့ စိတ်တည်ငြိမ်ရမယ် မျက်စိလျင် နားလျင်ရမယ် .. အဘိုးက စွမ်းအားရှင်လည်းဖြစ်ပြီး သန်မာတယ် ဆိုရင်တောင် အဘိုးက အသက်ကြီးနေပြီလေ အနားယူသင့်နေပါပြီ ... အဘိုးနဲ့အန်တီက အလကား မနေချင်ကြတာ ကျွန်တော်သိပါတယ် ဒါပေမယ့် အဘိုးတို့ ကိုယ်စား လုဟိုင်ရွှမ်း ရှိတယ်လေ ... ပြီးတော့ ကျွန်တော်တို့က မိသားစုပဲလေ တွက်ကပ်တာမျိုး မရှိပါဘူး အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ပဲ အရေးကြီးတာပါ"
အဘိုးကို စိတ်ပျက် အားလျော့စေရန် မရည်ရွယ်သော်လည်း လုဟိုင်ရွှမ်း အတွက် ယွင်ချဲ့ ထိုသို့ပြောရမည် ဖြစ်သည်။
"အဘိုးက စိတ်ငြိမ်ပြီး မျက်စိလျင် နားလျင်ပါတယ် ... ပြီးတော့ အဘိုးက မျက်လုံး အလျင်ဆုံးပဲ"
သို့သော် အဘိုးချန်းက အားမငယ်သည့် အပြင် ပို၍ပင် ယုံကြည်ချက် အပြည့် ဖြစ်သွားသည်။ ယွင်ချဲ့လည်း သံသယဖြစ်စွာ ...
"တကယ်လား"
အဘိုးက အလွန် ထက်မြက်သဖြင့် လုဟိုင်ရွှမ်း မည်သို့ လုပ်ရမည်မှာ မထူးဆန်းပေ။
"တကယ်"
အဘိုးချန်းလည်း မတ်တပ်ရပ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"အရင်ကတည်းက ခေါင်းဆောင်ယွင်နဲ့ ခေါင်းဆောင်ရှင်း တို့ကြား ဘာကိစ္စရှိလဲဆိုတာ အဘိုးသိတယ် ... အဘိုး မျက်စိလျင်တယ် မလား"
"ဘုရားသခင် !"
ယွင်ချဲ့ အလန့်တကြားနှင့် အိမ်အပြင်ကို လှမ်းကြည့်လိုက်ပြီး ယွင်ယောင် မကြားကြောင်း သေချာတော့မှ ပြန်လှည့်ကာ အားလျော့သော အပြုံးဖြင့် ...
"ဘယ်သူ့ကိုမှ မပြောပါနဲ့ အဘိုးချန်း"
မျက်စိလျင်သည်တဲ့လား။ ထိုလူကြီးမှာ အလွန် ကြောက်စရာ ကောင်းသော လော်စပီကာကြီး အလား၊ ယွင်ချဲ့ပင် လန့်ဖျပ် သွားရသည်။
"တာဝန်တွေ စစ်ဆင်ရေးတွေကို ခေါ်သွားပေးပါနော်"
အဘိုးချန်းမှာ ခြိမ်းခြောက် နေသကဲ့သို့ပင်။ ယွင်ချဲ့လည်း မျက်နှာဖျော့တော့စွာ ...
"ကျွန်တော် စဉ်းစားလိုက်ဉီးမယ်"
"မလှည့်စားနဲ့နော် ခေါင်းဆောင် ယွင်"
အဘိုးချန်း စိတ်မချ ဖြစ်နေလေသည်။ ယွင်ချဲ့လည်း မတ်တပ်ရပ်ကာ လမ်းလျှောက်နေရင်း ...
"အဘိုးက မျက်လုံးလျင်တာကို ကျွန်တော် ဘယ်လိုလုပ်ပြီး လှည့်စားနိုင်မှာလဲ .. ကျွန်တော့်ကို အချိန်ခဏလောက် ပေးပါ"
ယွင်ချဲ့ ပြောပြီးနောက် ဧည့်ခန်းထဲမှ ထွက်သွားလေသည်။ ထိုအခြေအနေကို မကြုံဖူးသဖြင့် ယွင်ချဲ့ ထွက်ပြေးချင်လု နီးပါးပင် ဖြစ်သွားသည်။
***
Zawgyi
အခန္း (၁၂၈)
"ဝါး ! က်န္းရွန္က အစ္ကိုယဲ့နဲ႕ အိပ္ခဲ့တာလား .. ငယ္ေသးေတာ့ ေကာင္းလိုက္တာ !"
စားပြဲတစ္ဖက္တြင္ ထိုင္ေနေသာ ခ်ဴးေဟာင္လင္းက ယဲ့ရွင္းခ်န္ လည္ပင္းမွ အမွတ္ကို ေတြ႕သြားသျဖင့္ ေအာ္ေျပာလိုက္ရာ အျခားသူမ်ားလည္း တစ္ၿပိဳင္နက္တည္း လွည့္ၾကည့္ၾကေလသည္။ ယဲ့ရွင္းခ်န္လည္း မ်က္ႏွာမဲ့ကာ ရွက္႐ြံ႕စြာပင္ အကၤ်ီလည္ပင္း ေကာ္လံကို ဆြဲတင္လိုက္သည္။ ေအာက္သို႔ မဆင္းလာခင္ ကတည္းက သူ၏မ်က္ႏွာမွ ညွပ္ရိုးမ်ားအထိ ျမင္သာေသာ အမွတ္မ်ား မရွိေစရန္ ထပ္တလဲလဲ စစ္ေဆး လာခဲ့ေသာ္လည္း လူမိသြားခဲ့သည္။ က်န္းရွန္ မွာ ယဲ့ရွင္းခ်န္ တစ္ကိုယ္လုံးကို နမ္းရႈံ႕ခဲ့သည့္အျပင္ အမွတ္အသားမ်ားကိုလည္း ခ်န္ထားခဲ့ေသးသည္။
ထိုသို႔ ေတြးမိၿပီးေနာက္ က်န္းရွန္ကို ယဲ့ရွင္းခ်န္ စိုက္ၾကည့္ လိုက္ေသာ္လည္း က်န္းရွန္၏ စိတ္ထဲတြင္ ယဲ့ရွင္းခ်န္ အထြတ္အထိပ္ ေရာက္ခဲ့သည့္ အျဖစ္ကို ျမင္ေယာင္ ေနသျဖင့္ အျခားသူမ်ား ၾကည့္ေနၾကသည္ကိုပင္ သတိမထားမိေပ။ ထို႔ေနာက္ ဝက္သားလုံးကို တူႏွင့္ယူကာ ယဲ့ရွင္းခ်န္ကို ခြံ႕ေကြၽးေလသည္။
"စီနီယာ စားေလ"
ယဲ့ရွင္းခ်န္ ပါးစပ္ကိုဟကာ တစ္ကိုက္ ကိုက္လိုက္သည္။ ေနာက္ထပ္ တစ္ကိုက္ မကိုက္မီ ပါးစပ္ကို ဟလိုက္စဥ္ က်န္းရွန္က က်န္ေသာ အပိုင္းကို ခြံ႕ေကြၽးလိုက္သည္။
"ၾကည့္ဉီး ! က်န္းရွန္လို ေကာင္ေလး တစ္ေယာက္ေလာက္ ရရင္ေကာင္းမယ္ ! ဝမ္းခ်င္ .. ကြၽန္ေတာ့္ အတြက္ လုပ္ေပးပါလား"
ယြီဝမ္းခ်င္ ပခုံးေပၚ လက္တင္ကာ ခ်ဴးေဟာင္လင္း မ်က္လုံး မွိတ္ျပကာ အီစီကလီ လုပ္ဟန္ႏွင့္ စေနာက္ လိုက္သည္။ သို႔ေသာ္ ယြီဝမ္းခ်င္က လက္ကို ပုတ္ထုတ္လိုက္ၿပီး ေအးစက္စက္ေလသံျဖင့္ ...
"ျပႆနာ မရွာနဲ႕ မင္းလို အစားပုတ္နဲ႕ ဘယ္သူမွ အတူမေနနိုင္ဘူး ... ငါ့အနားမကပ္နဲ႕"
ယြီဝမ္းခ်င္ ေျပာလ်က္ ခ်ဴးေဟာင္လင္း လက္တင္ခဲ့ေသာ ေနရာကို ဖုန္ခါသကဲ့သို႔ ခါခ်လိဳက္သည္။
"ယြီဝမ္းခ်င္ .. ကြၽန္ေတာ္တို႔က ညီအစ္ကိုလို႔ မွတ္ထားတာကို ! နာက်င္လိုက္တာ"
ခ်ဴးေဟာင္လင္း မေပ်ာ္မ႐ႊင္ ျဖစ္သြားၿပီး ယြီဝမ္းခ်င္က တစ္ခ်က္ စိုက္ၾကည့္ကာ ...
"အဲဒါက မင္းရဲ႕အစ္ကို တစ္ေယာက္ကို လုပ္စရာလား"
"ဟားဟားဟား !"
ခ်ဴးေဟာင္လင္း ျပန္မေျပာခင္ ရယ္ေမာသံမ်ား ထြက္လာၿပီး လုဟိုင္႐ႊမ္း၏ အဘိုးႏွင့္ အေမပင္ ရယ္လိုက္ၾကသည္။ မနက္စာ စားၿပီးေနာက္ ေခ်ာင္ယန္း အဖြဲ႕က သူတို႔ေနရာသို႔ ျပန္သြားၿပီး ထိပ္ဉီးအဖြဲ႕ကလည္း အျပင္ထြက္ရန္ ျပင္လိုက္စဥ္ ယြင္ခ်ဲ့က သူတို႔ကို တားလိုက္သည္။
"ယဲ့ဟန္ ဒီမွာပဲေန .. ဇယ္ယြီက အဖြဲ႕ကို ဉီးေဆာင္သြား ဘာတာဝန္မွ မလုပ္နဲ႕ အျပင္ထြက္ၿပီး ဖုတ္ေကာင္ေတြပဲ ရွင္းခဲ့ ... တကယ္လို႔ တစ္ေယာက္ေယာက္က ငါ့ကိုေမးလာရင္ စာတမ္းေတြၾကည့္ေနရလို႔ လတ္တေလာ ဘာတာဝန္မွ မလုပ္နိုင္ေသးဘူးလို႔ ေျပာလိုက္"
ရႈပ္ေထြးမႈမ်ား ျပည့္ေနေသာ အဖြဲ႕သားမ်ား၏ အၾကည့္တို႔ကို ၾကည့္ကာ ယြင္ခ်ဲ့ အမိန့္ေပးလိုက္ၿပီး သူ႕ကိုမွီေနေသာ ယြင္ခ်န္ ဆံပင္ကို သပ္ေပးလိုက္သည္။
"ေကာင္းၿပီေလ .. သြားရေအာင္"
ယြင္ခ်ဲ့က သူတို႔ကို လုပ္ခိုင္းသည္မွာ အေၾကာင္းျပခ်က္ ရွိေသာေၾကာင့္ အဖြဲ႕သားမ်ားလည္း ျပန္မေမးေတာ့ဘဲ ေခါင္းညိတ္ကာ ထြက္လာခဲ့ၾကသည္။
"ဘာျဖစ္လို႔လဲ"
အေရးႀကီးကိစၥ မဟုတ္ဘဲႏွင့္ ယြင္ခ်ဲ့က အခ်ိန္ၾကာၾကာ ေခၚထားမည္ မဟုတ္သည္ကို လန္ယဲ့ဟန္ သေဘာေပါက္သည္။
"ညက တစ္ခုခုကို သတိရသြားလို႔ .. အေပၚထပ္လိုက္ခဲ့"
လန္ယဲ့ဟန္ ေခါင္းညိတ္ျပကာ တုံ႕ဆိုင္းျခင္းမရွိ ယြင္ခ်ဲ့ႏွင့္ ယြင္ခ်န္တို႔ အေနာက္မွ လိုက္သြားသည္။ ယြင္ေယာင္လည္း စားပြဲကို ရွင္းလင္းလ်က္ ေခါင္းခါလိုက္သည္။ သူတို႔ကို ဝင္မေႏွာင့္ယွက္လိုေပ။
"အန္တီ ခ်န္း ... အန္တီနဲ႕ အဘိုးက လယ္သမားေတြဆို .. ေနာက္က်ရင္ ဖန္လုံအိမ္ထဲမွာ စိုက္ထားတဲ့ အသီးအ႐ြက္ပင္ေတြကို ၾကည့္ေပးလို႔ ရမလား"
"ရတာေပါ့"
လုဟိုင္႐ႊမ္း၏ အေမလည္း ေခါင္းညိတ္လ်က္ ယြင္ေယာင္ကို ကူညီေပးကာ ပို၍ႀကိဳးစား လုပ္ကိုင္လာသည္။ ကပ္ေဘးကာလတြင္ ရွင္သန္ႀကိဳးစားရန္ အလြန္ခက္ေၾကာင္း သူမသိသည္။ သူမႏွင့္ သူမ၏ အေဖလည္း ေရသာမခိုဘဲ သူတို႔ကူနိုင္သမွ်ကို ေပ်ာ္႐ႊင္စြာ ကူညီေပးသည္။
အေပၚဆုံးထပ္မွ ယြင္ခ်န္ အခန္းထဲတြင္ ...
"အစ္ကို ေဟးယြီေရာ"
အခန္းထဲသို႔ ဝင္ၿပီးေနာက္ ေဟးယြီကို အေတာ္ၾကာေအာင္ မျမင္ခဲ့ရသျဖင့္ ယြင္ခ်န္ ေမးလိုက္သည္။
"သူနယ္ေျမထဲ ခဏျပန္သြားတယ္ .. စိတ္မပူနဲ႕ေနာ္ ေနာက္တစ္ရက္ ႏွစ္ရက္ဆို သူျပန္ေရာက္လာလိမ့္မယ္"
မေန႕က ေဟးယြီ ေရာက္လာၿပီး ယြင္ခ်ဲ့ႏွင့္ သီးသန့္ေတြ႕ကာ သူျပန္လည္ သက္သာ လာသကဲ့သို႔ ခံစားရေသာ္လည္း စြမ္းအားျပည့္ရန္ လိုအပ္ေသးသျဖင့္ အျပင္ေလာကတြင္ မေနသင့္ဘဲ နယ္ေျမထဲသို႔ သြားလိုေၾကာင္း ခြင့္ေတာင္းခဲ့သျဖင့္ ယြင္ခ်ဲ့လည္း ခြင့္ျပဳေပးခဲ့သည္။
"ဪ"
ယြင္ခ်န္လည္း စိတ္ပ်က္ လက္ပ်က္ႏွင့္ မ်က္လႊာ ခ်လိဳက္သည္။ ထို႔ေနာက္ အိတ္ထဲမွ ပင္ေပါင္ေဘာလုံး အ႐ြယ္ရွိ အနီေရာင္ အျမဳေတကို ထုတ္ကာ ကိုက္စားလိုက္သည္။ ထိုအျမဳေတမွာ လန္ယဲ့ဟန္ အတြက္ ယြင္ခ်ဲ့ ေပးခဲ့သည့္ အဆင့္ ၃ မီးအျမဳေတျဖစ္ၿပီး လန္ယဲ့ဟန္က ယြင္ခ်န္ကိုေပးလိုက္သည္။
"ေရွာင္ခ်န္ ေဘးနားမွာ ထိုင္ေပးပါ ယဲ့ဟန္"
လန္ယဲ့ဟန္ကို ၾကည့္ကာ ယြင္ခ်ဲ့ ေတာင္းဆိုလိုက္သည္။ ယြင္ခ်ဲ့ကို ယုံၾကည္လ်က္ ယြင္ခ်န္ ေဘးတြင္ လန္ယဲ့ဟန္ ထိုင္လိုက္ၿပီး ပခုံးကို ဖက္ထားလိုက္သည္။ အျမဳေတကိုသာ စားေနခဲ့ေသာ ယြင္ခ်န္က ဘာကိုမွ သတိမျပဳမိေပ။ ထို႔ေနာက္ ယြင္ခ်ဲ့လည္း ၾကက္ဥအ႐ြယ္ ပန္းေရာင္ အပင္ႏွလုံးသား အျမဳေတကို ယူထုတ္ကာ ...
"ခ်န္ .. ဒါေရာ စားၾကည့္မလား ဒါက ပိုေကာင္းတယ္"
သစ္ပင္၏ပင္မ ႏွလုံးသားကို လူကသာ စားသုံးနိုင္သျဖင့္ ဖုတ္ေကာင္ တစ္ေကာင္အေပၚ မည္သို႔ သက္ေရာက္မည္ကို ယြင္ခ်ဲ့ မသိေပ။ အျမဳေတမ်ားႏွင့္ မတူဘဲ အပင္၏ႏွလုံးမွာ ေခ်ာ့ကလက္ကဲ့သို႔ မာေက်ာၿပီး ခ်ိဳခ်ဥ္အရသာရွိကာ အပင္၏သဘာဝ ခါးသက္သည့္ အရသာလည္းကို ခံစားမိေစသည္။ လူမ်ားပင္ စားသုံးနိုင္ၾကသျဖင့္ ဖုတ္ေကာင္မ်ားလည္း စား၍ရနိုင္သည္မလား။ ဖုတ္ေကာင္မ်ားက အျမဳေတမ်ားကို သူတို႔၏ပါးစပ္တြင္း ထည့္ကာ မ်ိဳခ်လိဳက္သည္က မ်ားေပသည္။
"အနံ႕လည္းေကာင္းတယ္ !"
ျပင္းျပေသာ စြမ္းအားရနံ႕က ယြင္ခ်န္ကို ဆြဲေဆာင္ေနသျဖင့္ ယြင္ခ်န္လည္း အျမဳေတကို လွမ္းယူလိုက္သည္။ ယြင္ခ်ဲ့ႏွင့္ လန္ယဲ့ဟန္လည္း အခ်င္းခ်င္းၾကည့္ကာ အသက္ပင္ မရႉရဲဘဲ ယြင္ခ်န္ ကိုသာ ေစာင့္ၾကည့္ ေနၾကသည္။
"အြတ္ အစ္ကို ! အစ္ကို !"
အစတြင္ ဘာမွမျဖစ္ခဲ့ေသာ္လည္း မိနစ္အနည္းၾကာၿပီးေနာက္ ယြင္ခ်န္ နင္ေနခဲ့ၿပီး လက္တစ္ဖက္က ရင္ကိုဖိလ်က္ က်န္တစ္ဖက္က ယြင္ခ်ဲ့ထံ လက္လွမ္းကာ အကူအညီေတာင္းေနသည္။ သူ၏ျဖဴစြတ္ေသာ အသားေရမွာ နီျမန္းလာၿပီး ဖုတ္ေကာင္ အေနႏွင့္ ကိုယ္ခႏၶာေအးစက္ေနရမည္ ဆိုေသာ္လည္း ယြင္ခ်န္မွာ အဖ်ားႀကီးေနသူ အလား တျဖည္းျဖည္းႏွင့္ ပူက်စ္လာခဲ့သည္။ ကံေကာင္းစြာ လန္ယဲ့ဟန္က တင္းက်ပ္စြာ ဖက္ထားေလသည္။ မဟုတ္လွ်င္ ယြန္ခ်န္ လူးလွိမ့္ေနမွာ အေသအခ်ာပင္။
"ဘာမွမျဖစ္ဘူး ခ်န္ .. ေတာင့္ခံ ထားလိုက္ေနာ္ ဒါက စြမ္းအားျမင့္လာလို႔ ဒီလိုျဖစ္တာ ခဏေနၿပီးသြားလိမ့္မယ္ .. ငါ့ကိုယုံေနာ္"
ယြင္ခ်ဲ့လည္း သူ႕ထံလွမ္းေနေသာ ယြင္ခ်န္ကို ဖမ္းဆုပ္လ်ပ္ ေခ်ာ့ျမဴလိုက္သည္။ ဖုတ္ေကာင္မ်ားက အသက္ရွင္ေနသည့္ သတၱဝါမ်ား မဟုတ္သျဖင့္ အပင္ႏွလုံးသားက အင္အား သာမက အသက္ရွင္ ဆဲလ္မ်ားကိုလည္း ေထာက္ပံ့ ေပးနိုင္သည္။
"လိမၼာတယ္ ခ်န္ .. ငါတို႔ရွိတယ္ ခဏေလာက္ ေတာင့္ခံေပးေနာ္"
လန္ယဲ့ဟန္လည္း ယြင္ခ်န္ကို ဖက္လ်က္ နားနားကပ္ကာ ႏွစ္သိမ့္ေပးသျဖင့္ ႐ုန္းကန္ေနေသာ ယြင္ခ်န္လည္း ၿငိမ္က်သြားသည္။
"အ..အင္း"
မခ်ိတင္ကဲ ခံစားေနရသျဖင့္ မ်က္ႏွာမဲ့ေနေသာ ယြင္ခ်န္၏ ပုံစံမွာ ယြင္ခ်ဲ့ႏွင့္ လန္ယဲ့ဟန္ တို႔ကို ႏွိပ္စက္ ေနသကဲ့သို႔ပင္။ ေနာက္ဆုံးတြင္ ယြင္ခ်န္၏ အသားေရမွာ တျဖည္းျဖည္း ေအးစက္လာၿပီး ျပန္လည္ ျဖဴစြတ္လာကာ လန္ယဲ့ဟန္ကို မွီထားလ်က္
"ဗိုက္ထဲမွာ ေႏြးေနသလိုပဲ"
ယြင္ခ်န္ ကိုယ့္ဗိုက္ကို စမ္းကာ အားအင္ခ်ိနဲ႕စြာ ေျပာေလသည္။
"အပင္ရဲ႕ ႏွလုံးသားက ယြင္ခ်န္ အတြက္ အလုပ္ျဖစ္ပုံပဲ"
ယြင္ခ်ဲ့ သက္ျပင္းခ်ကာ လန္ယဲ့ဟန္ကို ေျပာလိုက္စဥ္ သူတို႔၏ မ်က္လုံးမွာလည္း လင္းလက္သြားသည္။
"ဟုတ္တယ္ .. ဒါေတြကို စုနိုင္သမွ် မ်ားမ်ားစုရမယ္"
ယြင္ခ်န္ အတြက္ ေကာင္းမြန္ေသာ အရာဆိုလွ်င္ မည္မွ်ပင္ ခက္ခဲပါေစ လန္ယဲ့ဟန္ အစြမ္းကုန္ ႀကိဳးစားမည္ျဖစ္သည္။ ယြင္ခ်ဲ့လည္း သူႏွင့္အေတြးတူ ေနသျဖင့္ ၿပဳံးျပလိုက္သည္။
"ဟန္ ကြၽန္ေတာ္ ညစ္ပတ္ေနလို႔ ေရခ်ိဳးခ်င္တယ္"
ယြင္ခ်န္လည္း ျပန္လည္ ေကာင္းမြန္ လာသည္ႏွင့္ ကိုယ္ေပၚမွ ေရစိုဝတ္မ်ားကို ဖယ္လိုက္သည္။ ယြင္ခ်ဲ့က ဖုတ္ေကာင္ေလးကို ေသခ်ာသင္ျပေပးခဲ့ ပုံရသည္။
"သူ႕ကို ေသခ်ာ သန့္ရွင္းေပးၿပီး ကိုယ္ေပၚမွာ ေျပာင္းလဲတာရွိမရွိ စစ္လိုက္ပါဉီး .. ရွင္းဖုန္းက ဖုတ္ေကာင္ သုေတသီအဖြဲ႕ကို ၿမိဳ႕ေတာ္ကေန ဒီကိုေခၚလာၿပီး ကြၽန္ေတာ္တို႔အတြက္ စမ္းသပ္ခန္းတစ္ခု လုပ္ေပးမယ္ ေျပာတယ္ ... တျခား ကိစၥေတြအသာထား ခ်န္ရဲ႕ေသြးဆာ လာနိုင္မယ့္ အေျခအေနကို တစ္ခုခုလုပ္ဖို႔ေတာ့ လိုလိမ့္မယ္"
ယြင္ခ်န္ကို အလိုလိုက္ ခံထားရေသာ ကေလးတစ္ေယာက္ ကဲ့သို႔ၾကည့္ကာ ယြင္ခ်ဲ့ ေခါင္းခါလ်က္ မတ္တပ္ ရပ္လိုက္သည္။
"ေကာင္းၿပီေလ"
ယြင္ခ်ဲ့ ဆိုလိုရင္းကို လန္ယဲ့ဟန္ နားလည္သည္ျဖစ္ေစ နားမလည္သည္ျဖစ္ေစ ယြင္ခ်န္ကို ဘယ္ေသာအခါမွ အႏၲရာယ္ျဖစ္ေစမည္ မဟုတ္သည္ကို သူသိသည္။
"ကြၽန္ေတာ့္ကို ေရခ်ိဳးေပး ဟန္"
သူျဖစ္ခ်င္ေသာ အရာကို မလုပ္ေပးသျဖင့္ ယြင္ထ်န္ အသံကိုျမင့္ကာ ေျပာလိုက္သည္။ ယြင္ခ်ဲ့လည္း သူ၏ညီေလးက မိသားစုကို မတြယ္ကပ္ေတာ့ဟု ခံစားမိလိုက္ၿပီး လန္ယဲ့ဟန္ ပခုံးကိုသာ ပုတ္ကာ ေခါင္းခါလ်က္ ထြက္သြားေလသည္။
"ကြၽန္ေတာ္ ညစ္ပတ္ေနလို႔ ေရခ်ိဳးခ်င္တယ္ ဟန္ .. ေရခ်ိဳးခ်င္တယ္"
"အင္းပါ အင္းပါ ခ်ိဳးေပးမယ္ေနာ္"
ယြင္ခ်ဲ့လည္း တံခါးကိုပိတ္ကာ ၿပဳံးလ်က္ ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။
"မမ ဘာလုပ္ေနတာလဲ"
ယြင္ေယာင္ႏွင့္ အမ်ိဳးသမီးႀကီး ၂ ေယာက္က တူး႐ြင္းျပားမ်ား သယ္ေနသည္ကို ေတြ႕သျဖင့္ ေမးလိုက္သည္။
"ဘာမွမဟုတ္ပါဘူး .. မမ မ်ိဳးေစ့ေတြ စိုက္တာ ေနရာ အရမ္းကပ္ သြားတယ္လို႔ အန္တီ ခ်န္း ေျပာတယ္ .. မုန္လာထုပ္ေတြက အရမ္း မ်ားေနေတာ့ ေခ်ာင္ယန္းကန္တင္းဆီ ခြဲေပးမလို႔ ... ေရွာင္ခ်န္ေရာ ဘယ္လိုေနလဲ"
သူမ၏ေမာင္ေလးကို ေတြ႕လိုက္သျဖင့္ ယြင္ေယာင္ မ်က္ႏွာဝင္း သြားသည္။ ေဂၚဖီထုပ္မ်ားက ရက္ ၂၀ အတြင္း ေပါက္ေရာက္ ႀကီးမားလာကာ စားရန္ သင့္ေတာ္လည္း အေတာ္အသင့္သာ ႀကီးေသးသည္။
"ဘာအဆင္မေျပစရာ ရွိလို႔လဲ .. မ်ားမ်ား ယူလိုက္ဉီး ေခါင္းေဆာင္ ရွင္းက အသီးအ႐ြက္ေတြေတာင္းေနတာ ခဏခဏပဲ .. သူတို႔ေတြ ကြၽန္ေတာ္တို႔ ေျမကြက္ေတြကို မ်က္စပစ္ေနတာ ၾကာၿပီ"
မွန္လုံအိမ္ထဲမွ ႀကီးမားေသာ ေဂၚဖီထုပ္မ်ားကို ၾကည့္ကာ ယြင္ခ်ဲ့ ေနာက္ေျပာင္ လိုက္သည္။ ယြင္ေယာင္ လည္း သူမကိစၥကို ဆက္လုပ္ေနသျဖင့္ လုပ္စရာမရွိေသာ ယြင္ခ်ဲ့က သူ၏နယ္ေျမကိုစစ္ေဆးရန္ျပင္လိုက္စဥ္ အဘိုးခ်န္းက ေခၚလိုက္သည္။ လုဟိုင္႐ႊမ္း ေျပာခဲ့သည္ကို ယြင္ခ်ဲ့ သတိရသြားၿပီး အဘိုးကို ဧည့္ခန္းထဲသို႔ ေခၚခဲ့သည္။
"ဘာေျပာစရာရွိလို႔လဲ အဘိုး"
မ်က္ႏွာခ်င္းဆိုင္ ထိုင္လိုက္ၿပီး ယြင္ခ်ဲ့က လက္ဖက္ရည္ခြက္ကို ငဲ့ေပးလိုက္သည္။
"ေခါင္းေဆာင္ ယြင္ .. အဘိုးလည္း စြမ္းအားရွိတဲ့ သူပါပဲ .. အဘိုးကို တာဝန္ေတြအတြက္ ေခၚသြားေပးလို႔ မရဘူးလား"
အဘိုးမွာ ထိုင္လိုက္သည္ႏွင့္ သူျဖစ္ခ်င္ေသာ အရာကို ေျပာလိုက္သည္။ သူကိုယ္တိုင္လည္း က်န္းမာေရး ေကာင္းေနသျဖင့္ မိသားစုထဲတြင္ သူ၏သမီးႏွင့္ အလကား ခိုကပ္မေနခ်င္ေပ။ ထို႔အျပင္ စြမ္းအားရွင္ တစ္ေယာက္ အေနႏွင့္ အေရွ႕ေျမာက္ စခန္းတြင္ ေနခဲ့စဥ္ကလည္း ဖုတ္ေကာင္မ်ားကို သုတ္သင္ ရွင္းလင္းခဲ့သျဖင့္ ယခုတြင္လည္း ထိုသို႔လုပ္ရန္သာ သင့္ေတာ္သည္ဟု ယူဆထားသည္။
"အာ .. အဘိုး ခ်န္း .. အဘိုးက စြမ္းအားရွိတာ ကြၽန္ေတာ္ သိပါတယ္ ဒါေပမယ့္ ဖုတ္ေကာင္ ရွင္းတာက စြမ္းအားေတြ အမ်ားႀကီး လိုအပ္တယ္"
ယြင္ခ်ဲ့ အသက္ဝေအာင္ ရႉကာ စကားကို ျပန္ဆက္လိုက္သည္။
"ကြၽန္ေတာ္တို႔ ရင္ဆိုင္ရတဲ့ ဖုတ္ေကာင္ေတြက တျဖည္းျဖည္းနဲ႕ အဆင့္ျမင့္ လာၾကတယ္ .. ကြၽန္ေတာ္တို႔မွာ စြမ္းအားအျပင္ သန္မာတဲ့ ခႏၶာကိုယ္နဲ႕ စိတ္တည္ၿငိမ္ရမယ္ မ်က္စိလ်င္ နားလ်င္ရမယ္ .. အဘိုးက စြမ္းအားရွင္လည္းျဖစ္ၿပီး သန္မာတယ္ ဆိုရင္ေတာင္ အဘိုးက အသက္ႀကီးေနၿပီေလ အနားယူသင့္ေနပါၿပီ ... အဘိုးနဲ႕အန္တီက အလကား မေနခ်င္ၾကတာ ကြၽန္ေတာ္သိပါတယ္ ဒါေပမယ့္ အဘိုးတို႔ ကိုယ္စား လုဟိုင္႐ႊမ္း ရွိတယ္ေလ ... ၿပီးေတာ့ ကြၽန္ေတာ္တို႔က မိသားစုပဲေလ တြက္ကပ္တာမ်ိဳး မရွိပါဘူး အသက္ရွင္ၿပီး ေကာင္းေကာင္းမြန္မြန္ ေနထိုင္နိုင္ဖို႔ပဲ အေရးႀကီးတာပါ"
အဘိုးကို စိတ္ပ်က္ အားေလ်ာ့ေစရန္ မရည္႐ြယ္ေသာ္လည္း လုဟိုင္႐ႊမ္း အတြက္ ယြင္ခ်ဲ့ ထိုသို႔ေျပာရမည္ ျဖစ္သည္။
"အဘိုးက စိတ္ၿငိမ္ၿပီး မ်က္စိလ်င္ နားလ်င္ပါတယ္ ... ၿပီးေတာ့ အဘိုးက မ်က္လုံး အလ်င္ဆုံးပဲ"
သို႔ေသာ္ အဘိုးခ်န္းက အားမငယ္သည့္ အျပင္ ပို၍ပင္ ယုံၾကည္ခ်က္ အျပည့္ ျဖစ္သြားသည္။ ယြင္ခ်ဲ့လည္း သံသယျဖစ္စြာ ...
"တကယ္လား"
အဘိုးက အလြန္ ထက္ျမက္သျဖင့္ လုဟိုင္႐ႊမ္း မည္သို႔ လုပ္ရမည္မွာ မထူးဆန္းေပ။
"တကယ္"
အဘိုးခ်န္းလည္း မတ္တပ္ရပ္ကာ က်ယ္ေလာင္စြာ ေျပာလိုက္သည္။
"အရင္ကတည္းက ေခါင္းေဆာင္ယြင္နဲ႕ ေခါင္းေဆာင္ရွင္း တို႔ၾကား ဘာကိစၥရွိလဲဆိုတာ အဘိုးသိတယ္ ... အဘိုး မ်က္စိလ်င္တယ္ မလား"
"ဘုရားသခင္ !"
ယြင္ခ်ဲ့ အလန့္တၾကားႏွင့္ အိမ္အျပင္ကို လွမ္းၾကည့္လိုက္ၿပီး ယြင္ေယာင္ မၾကားေၾကာင္း ေသခ်ာေတာ့မွ ျပန္လွည့္ကာ အားေလ်ာ့ေသာ အၿပဳံးျဖင့္ ...
"ဘယ္သူ႕ကိုမွ မေျပာပါနဲ႕ အဘိုးခ်န္း"
မ်က္စိလ်င္သည္တဲ့လား။ ထိုလူႀကီးမွာ အလြန္ ေၾကာက္စရာ ေကာင္းေသာ ေလာ္စပီကာႀကီး အလား၊ ယြင္ခ်ဲ့ပင္ လန့္ဖ်ပ္ သြားရသည္။
"တာဝန္ေတြ စစ္ဆင္ေရးေတြကို ေခၚသြားေပးပါေနာ္"
အဘိုးခ်န္းမွာ ၿခိမ္းေျခာက္ ေနသကဲ့သို႔ပင္။ ယြင္ခ်ဲ့လည္း မ်က္ႏွာေဖ်ာ့ေတာ့စြာ ...
"ကြၽန္ေတာ္ စဥ္းစားလိုက္ဉီးမယ္"
"မလွည့္စားနဲ႕ေနာ္ ေခါင္းေဆာင္ ယြင္"
အဘိုးခ်န္း စိတ္မခ် ျဖစ္ေနေလသည္။ ယြင္ခ်ဲ့လည္း မတ္တပ္ရပ္ကာ လမ္းေလွ်ာက္ေနရင္း ...
"အဘိုးက မ်က္လုံးလ်င္တာကို ကြၽန္ေတာ္ ဘယ္လိုလုပ္ၿပီး လွည့္စားနိုင္မွာလဲ .. ကြၽန္ေတာ့္ကို အခ်ိန္ခဏေလာက္ ေပးပါ"
ယြင္ခ်ဲ့ ေျပာၿပီးေနာက္ ဧည့္ခန္းထဲမွ ထြက္သြားေလသည္။ ထိုအေျခအေနကို မႀကဳံဖူးသျဖင့္ ယြင္ခ်ဲ့ ထြက္ေျပးခ်င္လု နီးပါးပင္ ျဖစ္သြားသည္။
***