Part 122

1.3K 196 1
                                    

Unicode
အခန်း (၁၂၂)

'ရေစွမ်းအားပိုင်ရှင်တွေက တိုက်ခိုက်နိုင်တယ်ပေါ့ လာနောက်နေတာလား'

ဝမ်ကွော်အန်း သာမက ထိုနေရာတွင် ရှိသော စွမ်းအားရှင်များ အားလုံးအပြင် မော့ဝမ်းယန်၊ ရှင်းဖုန်း၊ ကူးမင်ရွှမ်း၊ ယဲ့ရှင်းချန်နှင့် ကျန်းရှန်တို့ပင် ယွင်ချဲ့ နောက်နေသည်ဟုသာ ထင်နေကြသော်လည်း ယွင်ချဲ့ အကြောင်းသိကြသဖြင့် တီးတိုး ဆွေးနွေးနေကြသည်။

"ရေက တကယ် တိုက်ခိုက်လို့ ရလို့လား"

"မင်းနဲ့မင်းအဖွဲ့က အားကြီးတာ ငါတို့သိပါတယ် ခေါင်းဆောင် ယွင် ... ဒါပေမယ့် ဒါက အရမ်းချဲ့ကားလွန်း မနေဘူးလား လူတွေကို နောက်တာ မကောင်းဘူး ငါတို့ ..."

"တော်တော့"

ဝမ်ကွော်အန်းအား ယွင်ချဲ့ ငြင်းဆိုခွင့် မပေးဘဲ သူ့အား ရွေးချယ်နိုင်သည့် အခွင့်အရေးသာ ပေးလိုက်သည်။ သူသာ သဘောတူခဲ့လျှင် ဝမ်ကွော်အန်းကို ချေမှုန်းရန် မော့ဝမ်းယန်ကို ယ့င်ချဲ့ သင်ကြားပေးမည်ဖြစ်သည်။ အကယ်၍ သူသာ ငြင်းဆိုခဲ့လျှင် အခန်းထဲရှိသူများ အားလုံးက ဝမ်စစ်တပ်သည် ရေစွမ်းအား ပိုင်ရှင်နှင့် တိုက်ခိုက်ရမည်ကို ကြောက်ရွံ့သည့် စစ်တပ်ဟု သတ်မှတ်ခံသွားရမည် ဖြစ်သည်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်များမှလွဲ၍ အခန်းတွင်းရှိ သူများအားလုံးသည် စခန်း၏ထိပ်တန်း စွမ်းအားရှင်များ ဖြစ်ကြသည်။ ထိုသတင်းသာ ပြန့်သွားခဲ့လျှင် သေချာပေါက် ဝမ် စစ်တပ်သည် ခေါင်းဆောင်ဖြစ်နိုင်မည့် အခွင့်အလမ်းထက် အရေးကြီးသည့် အရာများအား ဆုံးရှုံးရပေလိမ့်မည်။

"ဗိုလ်ချုပ် မော့သာ ရေစွမ်းအားကိုပဲ သုံးမယ်ဆိုရင် ငါအဆင်ပြေတယ်"

သေချာပေါက် ဝမ်ကွော်အန်းသည် ငတုံးမဟုတ်ပေ။ သဘောတူ လိုက်သော်လည်း ရေဆိုသည့် စကားလုံးကို အသားပေး ပြောသွားသဖြင့် မော့ဝမ်းယန် အနေနှင့် ရေစွမ်းအားကိုသာ သုံးရမည်ဖြစ်ကြောင်း ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီလေ ခင်ဗျားက ကမ္ဘာမှာ လူပါးအဝဆုံးသူပဲ ... ဗိုလ်ချုပ် မော့က ရေမီးစွမ်းအား ပိုင်ရှင်ဆိုပေမယ့် ခင်ဗျားက ရေကို ပဲသုံးခိုင်းတယ်ပေါ့ ရေသာ အသုံးမဝင်ရင် ခင်ဗျား သူ့ကိုနာကျင်အောင် လုပ်မှာပဲ"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now