Part 162

798 97 1
                                    

162 01

အခန်း ၁၆၂ တစ်စိတ်တစ်ဝှမ်းထဲဖြစ်ခြင်း

"ဒီတော့ ဗိုလ်ချုပ်မော့က ငါတို့ကိုရော အနိုင်ရစေချင်တာလား"

ချန်ဟွားနှင့် လေ့တာ့ရှန်တို့က ယွင်ချဲ့နှင့်ရှင်းဖုန်းကြာရှိ ဆက်ဆံရေးကို သိထားပြီး ရှင်းဖုန်းနှင့် ဗိုလ်ချုပ်မော့ကြားရှိ ပတ်သက်မှုကိုလည်းသိ၏။ ယွင်ချဲ့သည် ယနေ့ သူတို့ကို အသေးစိတ်အချက်အလက်များကို ပြောပြခြင်းက သူတို့ကို သတိပေးရုံမျှသာ မဟုတ်လောက်ပေ။ စစ်တပ်ထဲ၌ ဗိုလ်ချုပ်မော့လည်း ရှိနေသည်မဟုတ်ပါလော။ သူတို့က သူနှင့် တစ်ဖက်တည်းရပ်မည်ဆိုလျှင် တစ်နည်းအားဖြင့် စစ်တပ်ထဲဝင်သွားသည်နှင့် သူ့နယ်မြေမဟုတ်ပါလော။ သူတို့၎င်းကို လက်မခံနိုင်ပေ။ ကြားလူက သူတို့နဲ့ရင်းနှီးသည့် ယွင်ချဲ့ဖြစ်နေပြီး သူဆို့ကို အမြဲတမ်းဂရုစိုက်သူ ဖြစ်နေပေလျှင် လက်မခံနိုင်ပေ။

"ဒါပေါ့"

ယွင်ချဲ့သည် စားပွဲပေါ် သူ့ကဒ်များတင်ထားပြီဖြစ်သောကြောင့် ထိုအချက်အလက်ကို သူတို့အား ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိပေ။ သူက အမြန်ထပ်ထည့်ပြောလိုက်၏။

"ခင်ဗျားတို့ ဘာကိုလွန်ဆွဲနေရမှန်း ကျုပ်သိတယ် ဗိုလ်ချုပ်မော့ကလည်း စစ်တပ်ကိုယ်စားလှယ်တစ်ယောက်ဆိုတာ အမှန်ပဲ ဒါပေမဲ့ သူ့ကို ပံ့ပိုးပေးတာက စစ်တပ်ထဲဝင်ဖို့ လိုအပ်တယ်လို့ မဆိုလိုဘူး ပြဿနာကို ဖြေရှင်းဖို့အတွက် ဖြေရှင်းနည်းတစ်ခုပဲ ရှိတယမဟုတ်ဘူး ဒီနည်းကို တွေးကြည့်ကြပါလား အစိုးရလက်ထဲက စွမ်းအားရှင်အဖွဲ့အစည်းနဲ့ သန်မာတဲ့သူဘက်လိုက်တဲ့ အစိုးရနဲ့ ဝေ့နဲ့ဝမ်စစ်တပ်က အခုဆိုရင် ပူးပေါင်းလိုက်တာ သိသာနေပြီး အစိုးရက အဖွဲ့လေးဖွဲ့ကို သိူတု့နည်းသူတို့ဟန်နဲ့ ဆက်ခွင့်ပြုထားမယ်ဆိုရင် တာဝန်ချမှတ်ပေးမှုက ပိုပြီးပရမ်းပတာ ဖြစ်လာလိမ့်မယ် ခင်ဗျားဆန္ဒမရှိရင်တော့ အဆုံးကျသူတို့ကို အားကိုးရဦးမှာပဲ သူတို့တွေက လူသစ်စုဆောင်းနေပြီဆိုတာက သူတို့တွေက စွမ်းအားရှင်အဖွဲ့အစည်းကို အပြည့်အဝ ထိန်းချုပ်ချင်နေတယ်ဆိုတဲ့ အကောင်းဆုံးသတ္တိပဲလေ"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now