part 3

4.3K 603 1
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၃)

မိုး​သောက်ချိန်​ ရောက်သည့်အခါ ယွင်ချဲ့သည် အင်တာနက်​ပေါ်မှ ရှာ​ဖွေ​တွေ့ရှိထားသည့် ဂိုထောင် သို​လှောင်ရုံများကို သွား​ရောက် စစ်​ဆေးပြီး​နောက် အဆင်​ပြေသည့် နှစ်​နေရာကို​ ရွေး၍ ယွမ်တစ်​သောင်းစီနှင့် ငှားရမ်းခဲ့သည်။ တစ်​​နေရာသည် သာမန်ဖြစ်ပြီး ​နောက်တစ်​နေရာကို လျှို့ဝှက်စွာ ကွယ်ဝှက်ထားသည်။ သာမန်ဖြစ်သည့်​ ဂို​ထောင်ကို အနည်းငယ် ထင်ရှား​စေပြီး ထိုဂိုထောင်တွင် အင်တာနက်တွင် ​ရောင်းဝယ်​ ဖောက်ကား​သော ပစ္စည်းများကို စု​ဆောင်း၍ လျှို့ဝှက်ထား​သော ဂို​ထောင်တွင်မူ အခြား​သော ပစ္စည်းများ သို​လှောင်ရန် စီစဉ်ထားသည်။ ထိုဂိုထောင်တို့ကို တစ်လစာ အတွက်သာ ငှားခဲ့သည်။

ထို့​နောက် ကုန်တင်ကား အငယ်တစ်စီးကို ငှားကာ ကုန်တိုက်ကြီးများ ထံသို့ ​မောင်းနှင်သွား​လေသည်။ ​နေ့စဉ်အသုံးလိုသည့် ပစ္စည်းများမှလွဲ၍ ပျက်သုဉ်း ကာလအတွင်း အသုံးလိုမည့် ပစ္စည်းများနှင့် သူ၏တူငယ်​လေးအတွက် နို့မှုန့်များနှင့် က​လေးသုံး ပစ္စည်းများကို ဝယ်ယူလာခဲ့သည်။ တစ်​နေ့တာလုံး လှုပ်ရှားသွားလာ ​နေသည့်အပြင် ကိုယ်တွင်း စွမ်းအားအချို့ မငြိမ်မသက် ဖြစ်​နေ​သော ယွင်ချဲ့ ပင်ပန်းလာသဖြင့် အ​ဆောင်ကို ပြန်လာခဲ့​ပြီး​နောက် အိပ်​ပျော်သွား​လေသည်။

"ချဲ့ .. မင်းတစ်​နေ့လုံး ဘာ​တွေသွားပြီး ဘာလုပ်​နေတာလဲ .. မနက်နိုးကတည်းက မင်းကို မမြင်လိုက်ရဘူး"

အ​​ဆောင်တွင် အတူ​နေ အခန်း​ဖော်ဖြစ်သူ ကျန်းယွမ်က ယွင်ချဲ့ ​ဘေးတွင် ထိုင်ကာ ​မေးလေသည်။ အခြား အခန်း​ဖော်​တို့မှာလည်း ​ဘေးတွင် ရှိနေကြသဖြင့် အိပ်​ပျော်ဟန်​ ဆောင်​နေသော ယွင်ချဲ့ မျက်လုံးများကို ပြန်ဖွင့်လိုက်ရသည်။

"ငါဘာလုပ်ရဉီးမှာလဲ အချိန်ပိုင်း အလုပ်လုပ်​နေတာ​လေ .. ​တစ်​နေ့လုံး လုပ်​နေရတာ ပင်ပန်း​နေလို့ ငါ့ကို​ပေးအိပ်ကြဉီး မ​နှောင့်ယှက်နဲ့"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Där berättelser lever. Upptäck nu