Part 134

1K 144 0
                                    

134 01

အခန်း (၁၃၄)

ရွာထဲတွင် သန္ဓေပြောင်း သားရဲများ ရှိနိုင်သည်ဆိုသည့် သတင်းက ခဏလေးအတွင်း အဖွဲ့တစ်ခုလုံး ကြားတွင် ပျံနှံ့သွားသည်။ ဟေးယွီကို မမြင်ဖူးကြလျှင် သူတို့စိတ်ပူမည် မဟုတ်သော်လည်း ဟေးယွီ၏ စွမ်းရည်ကို မြင်ဖူးခဲ့ကြသဖြင့် ထိုသားရဲများနှင့် ပတ်သက်၍ အလွန် ကြောက်လန့် နေကြသည်။

"အဲဒီ သားရဲတွေက ဟေးယွီလိုမျိုး အင်အားကြီးရင် ဘယ်လို လုပ်ကြမလဲ ငါတို့သူတို့ရဲ့ ညစာဖြစ်သွားလိမ့်မယ်"

ဟေးယွီက သန္ဓေပြောင်း သားရဲဖြစ်သည်ဟု ယွင်ချဲ့ ရှင်းပြ ထားသောကြောင့် ထိုကဲ့သို့တွေးကြသည်မှာလည်း မမှားပေ။ ထို့ကြောင့် သန္ဓေပြောင်း သားရဲများသည် အင်အားကြီးကာကြောက်မက်ဖွယ် ကောင်းသည်ဟု ထင်နေကြခြင်း ဖြစ်သည်။

ခဏအကြာ စစ်တပ်က စွမ်းအားရှင် အယောက်တစ်ရာကို စုစည်းလိုက်သည်။ မော့ဝမ်းယန်က အဖွဲ့ကို ဉီးဆောင်မည်ဟု ပြောသဖြင့် ဗိုလ်ချုပ်ချန်နှင့် အခြားဗိုလ်များသည်လည်း ကျေနပ်စွာ လိုက်ခဲ့ကြသည်။ ယွင်ချဲ့မှာ ချောင်ယန်းနှင့် ထိပ်ဉီး အဖွဲ့သားများကို စုစည်းရန် သူ၏အဖွဲ့သို့ ပြန်သွားခဲ့သည်။ သူတို့၏မိတ်ဆွေ ဖြစ်သော လေတာ့ရှန်နှင့် ချန်းဟွာတို့လည်း သန္ဓေပြောင်း သားရဲများအား သူတို့မျက်စိဖြင့် ကိုယ်တိုင် ကြည့်ရန်အတွက် လိုက်လာကြသည်။ အချို့သော စွမ်းအားရှင်များမှာ ငြိမ်သက်စွာ လိုက်လာကြပြီး အချို့က ထိုစစ်ဆင်ရေးမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်း ဖြစ်မည်ဟု တွေးနေကြသည်။ လူတိုင်းက သူတို့အတွေးနှင့်သူတို့ ငြိမ်သက်နေကြသဖြင့် ရှင်းဖုန်းနှင့် ယွင်ချဲ့ အတွက် အဆင်ပြေနေသည်။ စစ်တပ်နှင့်အတူ မချီတက်မီ ယွင်ချဲ့ လည်း ယဲ့ရှင်းချန် အနားကပ်ကာ တီးတိုး ပြောသည်။ အခြားသူများက သူတို့အချင်းချင်း ခေါင်းညိတ် ပြနေသည်ကို မြင်သော်လည်း စကားသံများကို မကြားရပေ။

ရွာအတွင်းထဲသို့ မီတာ၁ဝဝလောက် လျှောက်လာရသည်နှင့် ယွင်ချဲ့ မျက်နှာတည်သွားလေသည်။ ဇယားကွက်မှ အပြာရောင် အစက်များမှာ လျင်မြန်စွာ ရွေ့လျားနေကြပြီး ထိုမတိုင်ခင်က ဟေးယွီ ရှိနေခြင်းကြောင့် သူတို့ ငြိမ်နေကြခြင်း ဖြစ်နိုင်သည်။ ဟေးယွီ နယ်မြေထဲသို့ ပြန်ဝင် သွားသော်လည်း သူ၏အနံ့က ကျန်ရှိနေသေးသဖြင့် ထိုသားရဲတို့ကို ကြောက်လန့်စေခဲ့ပြီး နာရီဝက် ကြာပြီးနောက် ဟေးယွီ အနံ့က ပျောက်ကွယ် သွားသောကြောင့် လှုပ်ရှား လာကြသည် ဖြစ်နိုင်သည်။ သို့မဟုတ် လူအုပ်ကြီးက သူတို့ထံ ဦးတည် လာနေသည်ကို ခံစားနေရသောကြောင့်လည်း ဖြစ်နိုင်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now