Part 50

2.8K 445 2
                                    

အခန်း (၅ဝ)

"မဟုတ်ဘူး ဟိုင်ရွှမ်းမှာ စွမ်းအားရှိတယ်"

ယွင်ချဲ့ ရုတ်တရက် ဝင်လာကာ ​ပြောလိုက်သဖြင့် အခန်းထဲရှိသူ အားလုံး သူ့ကိုလှည့်ကြည့် လိုက်ကြသည်။ လှေကားထောင့်မှ ယွင်ချဲ့ ထွက်လာပြီး​နောက် ကျိုးဇယ်ယွီ မ​နေနိုင်​တော့ဘဲ ...

"အစ်ကို ချဲ့ မင်းသိလား ဟိုင်ရွှမ်း ..."

"သိတယ်"

ယွင်ချဲ့ သူ့ကို လက်နှင့် ကာလျက် တားလိုက်ပြီး ရှင်းဖုန်း အနားသို့ ဦးတည် သွား​လေသည်။

"ဟိုင်ရွှမ်းရဲ့ စွမ်းအားက ထူးခြားတယ် .. အဲဒါက သူ့ကိုယ်သူ အတွက်ပဲ ကုသလို့ရတဲ့ အလင်းစွမ်းအား တစ်မျိုးပဲ"

စစ်တပ်က ဘာ​ကြောင့်များ အစွမ်းရှိသူကို သတ်ပြီး အလောင်းကို မီးရှို့ပစ်လိုက်တာလဲ။ ယွင်ချဲ့၏ စကားလုံးများက သူတို့၏ခန့်မှန်းချက်ကို အတည်ပြုလိုက်ပြီး အကြောင်းပြချက် များမှာလည်း တဖြည်းဖြည်းနှင့် ပျက်စီးစ ပြုလာသည်။

"တောင်းပန်ပါတယ် ငါ့အမှားပါ"

ရှင်းဖုန်း သူ့အမှားကို ဝန်ခံရဲသည်။ စစ်တပ်က ယွင်ချဲ့ လူများကို နာကျင်အောင် လုပ်လိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့​ပေ။

"ဟင့်အင်း ဒါခင်ဗျားနဲ့ မဆိုင်ပါဘူး ပြီးတော့ ခင်ဗျားလည်း ဘာတတ်နိုင်မှာလဲ"

ရှင်းဖုန်း ​ဘေးတွင် ယွင်ချဲ့ ထိုင်လိုက်ပြီး အရှေ့တွင် ရှိ​နေ​သော ကော်ဖီခွက်ကို ယူလိုက်သည်။

"မင်္ဂလာပါ ငါက ​ကျောက်ယန်း အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ကူးမင်ရွှမ်း ပါ"

သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကို ကြည့်ပြီး ကူးမင်ရွှမ်း လက်ထုတ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက် လိုက်သဖြင့် ယွင်ချဲ့ သူ့လက်ကို ကြည့်လိုက်သည်။ ယွင်ချဲ့လည်း လက်ကိုထုတ်ကာ နှုတ်ဆက်ရန် ပြင်လိုက်​သော်လည်း ချက်ချင်းပင် သူ့လက်ကို ​လေထုအလွှာပါး​လေး တစ်ခုနှင့် ပိတ်ကာလိုက်သည်။ အတိတ်ဘဝတွင် ကူးမင်ရွှမ်းကို သိထားသဖြင့် သူ၏ စိတ်ဖတ်နိုင်​သော စွမ်းအားကိုလည်း သိနှင့်ပြီးဖြစ်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now