Part 55

3K 424 1
                                    

အခန်း (၅၅)

ရှင်းဖုန်းသည် ယွင်ချဲ့၏ လက်တိုလက်တောင်း ကောင်လေး ဖြစ်​နေသည် ဆို​သော ကူးမင်ရွှမ်း၏ စကားမှာ မှန်ကန်​ပေသည်။ ယွင်ချဲ့ ခေါ်လိုက်သည်နှင့် မိုင်​ပေါင်း မည်မျှပင် ဝေးကွာနေပါ​​စေ ချက်ချင်း ရောက်လာတတ်သည်။ မည်မျှပင် ခက်ခဲထိခိုက် ဆုံးရှုံးနိုင်​သော်လည်း ယွင်ချဲ့ကို ကူညီပေးရန် ရှင်းဖုန်း အသင့် ရှိနေတတ်သည်။ ရှင်းဖုန်းသည် မိမိ၏ ကိုယ်ပိုင် ကိစ္စရပ်များကို ဂရုစိုက် ဦးစားပေးလေ့ မရှိပေ။

ထို့ကြောင့် ရှင်းဖုန်း သေချာပေါက် ကူညီပေးလိမ့်မည်ဟု သူတို့​မျှော်မှန်း ထားသည်က မှားယွင်းချက် မရှိနိုင်​ပေ။

"မင်းအဲဒီနယ်မြို့ကို သွားမှာလား"

ဖုန်းချလိုက်ပြီးနောက် ကူးမင်ရွှမ်း မကျေနပ်ဟန်ဖြင့် အတွန့်တက်​ ပြောဆိုရန် မဖြစ်နိုင်‌​တော့​သော​ကြောင့် အခြားအ​ကြောင်းရာ တစ်ခုကို ​မေးမြန်းလိုက်သည်။ မတ်တပ် ရပ်​နေစဉ်ပင် သူ၏ဆရာမှာ ယွင်ချဲ့၏ ​တောက်တိုမယ်ရ​ ကောင်​လေးကဲ့သို့ ဖြစ်​နေသဖြင့် သူသာ မကျေနပ်စွာ အပြစ်တင် လိုက်မိလျှင် ကိုယ်တိုင်သာ အရှက်ရမိလိမ့်မည်။

"ဟုတ်တယ် ကျွန်တော်တို့ တစ်ရက်နှစ်ရက် အတွင်း ထွက်မယ် ... အိမ်က အခုထိ ပရိဘောဂ တချို့ လိုနေသေးတယ် ပြီးတော့ မြေအောက်မှာ မြှုပ်ဖို့ သံမဏိတွေလည်း လိုနေသေးတယ် ... ကျွန်တော် မနေ့ညက အဲဒါကို ယဲ့ဟန်နဲ့ ဆွေးနွေးခဲ့သေးတယ်။ ကျွန်တော်တို့​ ဒေသမှာ သံမဏိစက်ရုံ အကြီးကြီး နှစ်ရုံရှိပြီး တစ်ခုက ​ဝေ့မြို့မှာ အဲဒီရုံက မြို့တော်နဲ့ သိပ်မဝေးဘူး ... ဝမ်အန်း ခရိုင်မှာ ပရိဘောဂ ဈေးကြီး တစ်ခုရှိ​နေ​တော့ ပရိဘောဂတွေ ဝယ်ရတာ သိပ်မခက်ခဲလောက်ဘူး။ ဒါပေမယ့် ယာ​ဖေးတို့ အိမ်က မြို့တော်ထဲမှာ ဆိုတော့ ထပ်သွားဖို့တော့ မဖြစ်နိုင်ဘူး။ အဲဒီကနေ တချို့ပဲ ရနိုင်လောက်တယ်"

နယ်မြို့အတွင်းရှိ ဈေးကြီးများ အကြောင်းနှင့် သူတို့ တည်ရှိရာ နေရာများကို မနေ့ညက စုံစမ်းစစ်ဆေးခဲ့သည့် အ​ကြောင်းကို ယွင်ချဲ့ ထည့်မ​ပြောခဲ့​ပေ။ ​ဟေးယွီမှာ သူ့ကို မကြာခဏ​နှောင့်ယှက်​ နေ​သော်လည်း ​ဟေးယွီ အကြိုက် ​ချော့ကလက်​ ချောင်းများကို ယွင်ချဲ့ တစ်ခါမှမ​မေ့​လျော့ခဲ့​။ ​ဟေးယွီ ပြန်လည် ကောင်းမွန် လာချိန်မှစ၍ သူတို့ကို စားပစ်မည် စိုးသောကြောင့် ​ချော့ကလက် တစ်​နေ့ ငါးချောင်း စားသုံးခြင်းကို မတားဆီးခဲ့ပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်On viuen les histories. Descobreix ara