Part 156

954 108 1
                                    

156 01

အခန်း ၁၅၆ အိပ်မပျော်သောတစ်ည

အခြေစိုက်စခန်းတွင် ညဘက် လှည့်လည်သွားလာမှုသည် ယွင်ချန်းနှင့် ချန်ချန်ကို စိတ်ပျော်ရွှင်သွားစေ၏။ သို့သော်ငြား အခြေစိုက်စခန်း၌ စောင့်ကြပ်နေသော စစ်သားများအတွက်မူ ကံဆိုးတာပဲဖြစ်သည်။ ကံကောင်းသည်မှာ ဟေးယွီက နံရံ၌ သေးမပန်းခဲ့ပေ။ မဟုတ်ပါက ထိုစစ်သားများက ပိုတောင် ဆိုးရွားသွားပေလိမ့်မည်။ ယွင်ချဲနှင့် ကလေးနှစ်ယောက် အိမ်သို့ပြန်ရောက်သည့်အချိန်၌ ညကိုးနာရီ ထိုးခါနီးပြီဖြစ်သည်။ လူတိုင်းက ဝံပုလွေသား၏ ဘေးထွက်ဆိုးကျိုးကို အိပ်ခန်းထဲ၌ ရင်ဆိုင်တိုက်ခိုက်နေသောကြောင့် ယခုအချိန်တွင် ဧည့်ခန်းထဲ၌ လူသုံးယောက်သာရှိတော့သည်။ ယွင်ယောင်၊ လန်ယဲ့ဟန်နှင့် ရှင်းဖုန်းတို့ဖြစ်သည်။

"ချန်း အဆင်ပြေရဲ့လား"

ရုတ်ရုတ်သဲသဲအသံကို ကြားသောအခါ ယွင်ယောင်က ချက်ချင်း ပြေးထွက်လာ၏။ သူမ၏သားကိုတောင် ဂရုမစိုက်တော့ဘဲ ယွင်ချန်းကိုသာ ဆွဲပြီး အပေါ်အောက်ကြည့်လိုက်၏။ သူက အသားတစ်ဖဲ့ ဆုံးရှုံးသွားမှာကို စိုးရိမ်နေသည့်ပမာ ကြည့်နေတော့တာပဲဖြစ်သည်။ သူ့နောက်ရှိ လန်ယဲ့ဟန်ကတောင် ဘာမှမပြောနိုင်ပေ။ ရှင်းဖုန်းက ယွင်ချဲ၏လက်ထဲရှိ ဖက်တီးလေးချန်ကို လှမ်းပွေ့လိုက်၏။ ဟေးယွီက မည်သည့်နေရာသို့ သွားသည်မသိ သူက စွမ်းအားနယ်မြေထဲ ပြန်သွားတာ ဖြစ်လောက်သည်။

"အဆင်‌ေပြပါတယ် အစ်မ ကျွန်တော်ပြောပြမယ် အပြင်မှာလေ ပျော်စရာကြီး ဟေးယွီက သိပ်အစွမ်းထက်တာပဲ သူပြေးနာ အတကယ်မြန်တယ် ကျွန်တော့်အစ်ကိုက နောင်ကျ အပြင်မှာကစားဖို့ မကြာခဏ ခေါ်သွားပေးမယ်လို့ပြောတယ်"

တင်းကြပ်စွာ ချုပ်ကိုင်ထားခြင်းကို ဖြေလျော့ပေးခြင်းကလည်း တစ်ခါတစ်ရံတွင် သူ့ကိုကာကွယ်ရန် နည်းလမ်းတစ်ရပ်ဖြစ်၏။

"ဟုတ်တယ် မင်ရွှမ်းက တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့အချိန်တိုင်း နေ့တိုင်းသတင်းပို့လိမ့်မယ် တစ်ယောက်ယောက် ဒဏ်ရာရမရ သူ ရှင်းရှင်းလင်းလင်းသိတယ် အဖွဲ့အစည်းထဲက သာမန်လူတွေအတွက် ဒဏ်ရာဂရနိုင်ခြေက အလွန်နိမ့်တာ သွေးထွက်သံယို မရှိရင် ချန်းလေးကို ညနေ‌စောင်း လမ်းလျှောက်ထွက်ဖို့ ခေါ်တာကလည်း ကောင်းတာပဲလေ"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now