Part 169

742 89 0
                                    

 169 01

အခန်း ၁၆၉ အဲ့တာကိုထုပ်ပိုးပြီး အိမ်ပြန်မယ်

"ထိပ်ဦးရဲ့အရင်းအမြစ်တွေက မလုံလောက်ဘူးလား သူတို့နဲ့ ချောင်ယန်းရဲ့အရင်းအမြစ်တွေကို ပေါင်းလိုက်ရင်ရော ဘယ်လိုလဲ"

ယွင်ချဲ့နှင့်ရှင်းဖုန်းက ဘေးချင်းယှဉ်ရပ်လျက် ကျန့်ဝမ်ရှန်းကို ကြည့်လိုက်သည်။ ယွင်ချဲ့၏ရည်ရွယ်ချက်ကို သတိမပြုမိပြီးနောက် ရှင်းဖုန်းနှင့် မော့ဝမ်းယန်တို့က ထွက်လာရန် ဆုံးဖြတ်လိုက်လေ၏။ ယွင်ချဲ့သည် ထိုကိစ္စရပ်များကို ဤအနေအထားထိ မည်ကဲ့သို့ ဦးဆောင်သွားမှန်း သူသို့သေချာမသိသော်ငြား ယင်းက တစ်သန်းလျှင်တစ်ပုံသာရနိုင်သော အခွင့်အရေးတစ်ခုဖြစ်၏။ သူတို့က ၎င်းကိုမဖမ်းဆုပ်လျှင် သူတို့ကအရူးများ သို့မဟုတ် ကျန်သည့်စစ်တပ်နှစ်တပ်နှင့် ယှဉ်ပြိုင်ရန်အတွက် တုံးအလွန်းနေသူများ ဖြစ်နေလိမ့်မည်။

"အမ်"

ကျန့်ဝမ်ရှန်းက ဘာပြောရမယ်မှန်း မသိတော့ပေ။ စွမ်းဆောင်ရည်ရှိလှသော ချောင်ယန်းနှင့် လျှို့ဝှက်ဆန်းကြယ်သောထိပ်ဦးတို့ ပူးပေါင်းသွားခဲ့လျှင် မလုံလောက်ဟု မည်သူမှပြောမှာ မဟုတ်ပေ။ ထိုသို့သာဆိုလျှင် ကိစ္စရပ်များက အာဏာရှင်များ၏လက်ထဲကနေ ချော်ထွက်သွားလိမ့်မည်။

ဤနေရာရှိမည်သူကမှ တုံးအသူမဟုတ်ပေ။ လူတိုင်းက ချောင်ယန်း၏(၁:၁၉)နှင့် သူတို့၏မိတ်ဆွေ မော့စစ်တပ်‌အကြောင်း သိထား၏။ ထို့အပြင် ချောင်ယန်း၏ပါတနာကထပ်ဦးဖြစ်ပြီး လူအရေအတွက်နည်းသော်ငြား အင်အားကြီးသည့် အဖွဲ့တစ်ခုဖြစ်၏။ မိန်းကလေးဖြစ်သည့် ကျန်းယာဖေးကတောင် ခေါင်းဆောင်အများစုထက် ပိုသန်မာသည်။ ထိပ်ဦးနှင့်လက်တွဲပြီး တာဝန်များ အတူထမ်းဆောင်ဖူးသည့်သူများက ထောက်ပံ့‌ပစ္စည်းများစွာ ရခဲ့ကြ၏။ သူတို့သည် ခရိုင်မြို့တော်သို့ သွားသည့်ခရီးစဉ်အတွင်း စူပါမားကတ်များ၊ မောလ်များကို မှတ်မိနေသေးစဲဖြစ်သည်။ ယွင်ချဲ့၏ သိုလှောင်နယ်မြေက အကန့်အသတ်မဲ့သောကြောင့် သူသည် စူပါမားကတ်များ ၊ မောလ်များအားလုံးကို အပြောင်ရှင်းနိုင်ခဲ့၏။ စုစုပေါင်းပမာဏက လူတိုင်းမှန်းဆနိုင်တာဖက် ကျော်လွန်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now