Part 195

441 54 1
                                    

195 01

အခန်း(၁၉၅)

သူတို့အားလုံး နောက်ကျနေပြီ

မနေ့တုန်းက နှင်းများသည်းထန်စွာ ကျဆင်းသောကြောင့် မြေကြီးက ငွေရောင်များ ဖွေးဖွေးလှုပ်နေပြီး မြေပြင်၌ နှင်းအလွှွာထုများ ဖုံးလွှမ်းနေလေ၏။ ယခုက ဇွန်လရောက်နေပြီဖြစ်သည်။ သို့သော် ဒီဇင်ဘာတမျှ အေးစက်နေလေ၏။ တိတိကျကျဆိုရလျှင် အရှေ့မြောက် တရုတ်ရှိ ဒီဇင်ဘာကဲ့သို့ အေးခဲနေတာဖြစ်သည်။ တရုတ်အနောက်တောင်သည် ကုန်းတွင်းပိုင်းဒေသဖြစ်ပြီး ၎င်း၏အပူချိန်သည် အတိတ်တုန်းက သုံညဒီကရီ စင်တီဂရိတ်အောက် တစ်ခါမျှ မကျဖူးပေ။ သို့သော် ယခုအပူချိန်သည် ယခင်ကထက် ပိုလျော့လာ၏။

"ဇွန်လမှာ နှင်းကျနေတယ်။ ကြောက်ဖို့ကောင်းလိုက်တာ"

လုဟိုက်ရွှမ်၏ မိခင်နှင့်အဖိုးသည် တရုတ်နိုင်ငံ အရှေ့မြောက်အရပ်မှ လာတာဖြစ်သည်။ သို့သော် ရာသီဥတုက သူတို့တောင် ခံနိုင်ရည်မရှိလောက်အောင် အေးလွန်းနေလေရာ အနောက်တောင်ရှိ ဒေသခံများဆို ပိုဆိုးပေ၏။ ဆောင်းရာသီ အနွေးဝတ်ကို တင်းကြပ်စွာ ဝတ်ထားလျှက် မစ္စတာချန်က လုဟိုက်ရွှမ် သူ့အားပေးသည့် စီးကရက်ကို မီးညှိလိုက်သည်။ သူ၏မျက်နှာက သုန်မှုန်နေ၏။ ချန်းဘေးတွင်ရပ်လျှက် လက်ဖက်ရည်အိုးကို ကိုင်ထားသော ကျန်းထန်လုံက ပြန်ပြောလိုက်၏။

"ဟုတ်တယ် မင်းသိတဲ့အတိုင်း လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်တုန်းက နှင်းကျတာကို အကြိမ်ရေ အနည်းငယ်ပဲ တွေ့ခဲ့တာ။ နှင်းဖွဲဖွဲလေးပဲကျတာ။ ဒါပေမဲ့ အခုတော့ နွေရာသီမှာ နှင်းတွေပြင်းပြင်းထန်ထန် ကျနေတယ်"

နှင်းသည် အနောက်တောင်အရပ်တွင် ရှားပါးလှသည်။ နှင်းကျချိန်သည် နည်းပါးပြီး တိုတောင်း၏။ သက်ကြီးရွယ်အိုများကတောင် ထိုကဲ့သို့ နှင်းပြင်းထန်စွာ ကျတာကို ယခင်က တစ်ခါမှ မတွေ့ဖူးပေ။

"အဖေ ဘာလုပ်နေတာလဲ။ တံခါးပိတ်လိုက်လေ လေအေးတွေ အထဲဝင်နေတာ။ ချန်းချန်းအအေးမိလိမ့်မယ်"

လုဟိုက်ရွှမ်၏ မိခင်က ပြောပြောဆိုဆိုနှင့် တံခါးပိတ်ရန် သွားလိုက်၏။ အိမ်ထဲမှ အနွေးပေးစက်များ ရှိသော်ငြား တံခါးဖွင့်ထားချိန်တွင် အပူချိန်က လျော့ကျသွား၏။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now