part 1

8.4K 700 4
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၁)

"ကယ်ပါဉီး  ဉီး​ဉီး ... ကယ်ပါဉီး "

"မလုပ်နဲ့  မင်းတို့​တွေ ချန်ချန် ကို မထိကြနဲ့ .. သူ့ကိုလွှတ်လိုက်"

ကိရိယာ တန်ဆာ အမျိုးမျိုး ပြည့်နှက်​နေ​သည့် ဓါတ်ခွဲခန်းထဲမှ​နေ၍ က​လေးငယ် တစ်ဉီး၏​အော်ငိုသံနှင့် ​ယောကျ်ားတစ်ဉီး၏ အသံများ ထွက်​ပေါ်လာခဲ့သည်။ အကွာအ​ဝေး နှစ်မီတာသာခြားသော စားပွဲတစ်လုံး​ပေါ်တွင် ချည်​နှောင် ခံရ​ထားရ​​သော အသက် ၂၄ နှစ်အရွယ် ယွင်ချဲ့ နှင့် ၆ နှစ်အရွယ် တူဖြစ်သူ ကျိုးဇီချန်တို့မှာ ရုန်းကန်​ နေကြ​သော်လည်း သူတို့ကို ဂရုစိုက်သူမရှိ​ပေ။ အဖြူ​ရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထား​ကြသည့် သု​တေသန ပညာရှင်များက ကိရိယာများကို ကျိုးဇီချန် အနား​ရွေ့ကပ် ထားလိုက်သည်။

"ဉီး​ဉီး  ဉီး​ဉီး "

လူတစ်​ယောက်က အမျိုးအမည် မသိ​သော အရည်တစ်မျိုးကို ကျိုးဇီချန်၏ လက်မောင်း မှတစ်ဆင့် ထိုးသွင်းလိုက်ပြီး​နောက် က​လေးငယ်​လေး၏ ငိုသံမှာ အား​လျော့ လာ​လေသည်။ ထိုသူတို့မှာ မူးယစ်​ဆေး တစ်မျိုး​ ပေးလိုက်ပြီး က​လေးငယ်၏ ဆံပင်များကို ရိတ်သင်ကာ ခွဲစိတ်မှုကို စတင်ကြ​လေသည်။ ခွဲစိတ်ဓါးကို ကိုင်လိုက်ကြသည်နှင့် ယွင်ချဲ့၏ မျက်လုံးတို့မှာ အဆမတန် ကျယ်သွားသည်။

"သူ့ကိုမထိကြနဲ့  မကြားဘူးလား မိစ္ဆာ​ကောင်​တွေ "

ထိုသူတို့မှာ ဇီချန်ကို ဉီးနှောက် ခွဲစိတ် စမ်းသပ်ရန်အတွက် ချုပ်ထားကြခြင်းပင်။ ထိုလူတို့ ရူးနေကြသည်လား။ ဇီချန်မှာ က​လေးတစ်​ယောက်သာ ရှိ​သေးပြီး အလွန် ငယ်ရွယ်လွန်းသည်။ ယွင်ချဲ့မှာ အလွန် ရုန်းကန်​နေသဖြင့် သူ၏ လက်​ကောက်ဝတ်နှင့် ​ခြေချင်းဝတ်တို့မှာ အလွန်နက်သည့် အနာတရ ဖြစ်​နေ​သော်လည်း နာကျင်ခြင်းကို မခံစားရ​ပေ။ ဇီချန်မှာ သူ့အစ်မ၏ တစ်ဉီးတည်း​သော က​လေးဖြစ်ပြီး သူ၏​​သွေး​သား​ တော်စပ်​သော ​ဆွေမျိုးတစ်​ယောက်လည်း ဖြစ်သည်။ ထိုက​လေးကို လူ့မိစ္ဆာတို့၏ အစမ်းသပ်ခံအဖြစ် အသုံးချခံ​နေရသည်ကို သူမကြည့်နိုင်​ပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now