Part 165

652 96 0
                                    

165 01

အခန်း ၁၆၅ ယွင်ချဲ့က ဒေါသထွက်ပြီး ရန်ပွဲတစ်ပွဲစတင်

"မင်း တွန့်ဆုတ်နေတာပဲ ဟုတ်တယ်မလား ထိပ်ဦးအဖွဲ့နဲ့ သူ့ရဲ့ခေါင်းဆောင်က အတော်လေး အစွမ်းထက်တယ်လို့ စကားတွေထွက်နေတာ ဒါပေမဲ့ ချောင်ယန်းအဖွဲ့က မင်း တာဝန်တစ်ခုပြီးမြောက်အောင် ဆောင်ရွက်တဲ့အချိန်တိုင်း မင်းကို ကူညီပေးနေတာ ငါအမြဲတွေ့နေရတာပဲ အင်း ကောလဟာလတွေအရတော့ မင်းနဲ့ခေါင်းဆောင်ရှင်းက ချစ်သူတွေတဲ့ သူက"

"ဘန်း"

ယွင်ချဲ့တွေဝေနေတာကို တွေးမိပြီး ထောင်ချန်းက စကားစတင် ဖိပြောတော့၏။ သို့သော်ငြား ယွင်ချဲ့က ယခုအခေါက်တွင် ပြီးဆုံးအောင်ပြောဖို့ အခွင့်အရေး မပေးခဲ့ချေ။ သူသည် ထောင်ချန်းဆီသို့ မိုးကြိုးစွမ်းအားလုံးကို ပစ်ထုတ်လိုက်ပြီး တစ်ဖက်လူက လွင့်ထွက်သွားကာ လူပေါင်းများစွာကို ဝင်တိုက်ပြီနောက် ရပ်တန့်သွား၏။ မည်သူမှ မတုံ့ပြန်ရသေးခင် ယွင်ချဲ့သည် လျှပ်စီးပမာ လှုပ်ရှားလျက် ထောင်ချန်းကို ဘယ်လက်ဖြင့် ထိုးလိုက်ရာ တစ်ဖက်လူ၏ အရိုးများကို ကျိုးသွားစေတော့၏။ ပြီးနောက် ထောင်ချန်း၏ပခုံးကို ဆုပ်ကိုင်လျက် ဒူး‌မြောက်ကာ သူ့ကို ကန်လိုက်တော့၏။

"အွတ်"

"အား"

ပြင်ထန်သည့် ဒူးတိုက်ကွက်က သူ၏ရင်ဘတ်ကို ရောက်လာသည့်အချိန်၌ နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော အရိုးကျိုးသံတစ်သံ ထွက်ပေါ်လာပြီး ထောင်ချန်းက ဆိုးဆိုးရွားရွား အော်နေတော့၏။

"ဘန်း"

ယွင်ချဲ့သည် ထောင်ချန်း၏နောက်ကျောကို ညာဘက်တံတောင်ဖြင့် တွတ်လိုက်ရာ မြင့်မားသည့်ခန္ဓာကိုယ်ကြီးက မြေကြီးပေါ် ပြုတ်ကျသွားလေ၏။ နောက်တစ်စက္ကန့်၌ ယွင်ချဲ့သည် ဘောလုံးတစ်လုံးနှယ် ကွေးနေသောထောင်ချန်းကို ကန်ကြောက်လိုက်ရာ တစ်ဖက်သူကို မြေကြီးပေါ်၌ ဘေးသို့ မီတာအနည်းငယ်လှိမ့်သွားစေပြီးနောက် အချိန်မီမရှောင်နိုင်သော စွမ်းအားရှင်တစ်ယောက်နှင့် ဝင်တိုက်မသွားစေ၏။ ထိုကိစ္စအားလုံးကို အပြီးသတ်ရန်အတွက် ယွင်ချဲ့အဖို့ စက္ကန့်ပိုင်းသာ ကြာခဲ့၏။ ပြီးနောက် စွမ်းအားလုံးတစ်လုံးကို ပစ်ထုတ်ပြီး သူ့ကိုကန်လိုက်လေ၏။ အစောတုန်းက မောင့်မာထောင်လွှားစွာ တကျီကျီပြောနေသော ထောင်ချန်းသည် မြေကြီးပေါ်တွင်လှဲနေလျက် မထနိုင်တော့ပေ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now