part 13

3.7K 639 3
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၁၃)

"​ရှောင်ချဲ့ .."

အပြင်ဘက်မှ အသံကြားရသဖြင့် ယွင်​ယောင် အခန်းထဲမှ ထွက်လာပြီး ယွင်ချဲ့ကို ဆူပူသည့်ပုံစံနှင့် ကြည့်​လေသည်။ ထိုအခါ ယွင်ချဲ့မှာ အပြစ်လုပ်ထားသည့် က​လေး မျက်နှာချို​သွေးဟန်ဖြင့် ပြုံးပြကာ စားပွဲ​ပေါ်ရှိ အစားအစာများကို ကြည့်ပြီး​နောက် လေထုထဲမှ စားပွဲတစ်လုံး ယူထုတ်လိုက်ပြီး မ​နေ့က သူချက်ပြုတ်ထားခဲ့​သော ငါး​ပေါင်း၊ အမဲသားနှပ်၊ ဝက်သားစွပ်ပြုတ်၊ ​ဂေါ်ဖီထုပ်​​​ကြော်တို့ကို တုံ့ဆိုင်းခြင်းမရှိ ယူထုတ်လိုက်သည်။ တစ်ဖက် နယ်​မြေ​ဒေသမှာ အစားအစာများ၏ အပူ​ငွေ့ကို ​ကောင်းမွန်စွာ ထိန်းသိမ်းထားသဖြင့် ပူ​နွေးလတ်ဆတ်​လျက်ရှိ​နေသည်။

"​​ရှောင်ချဲ့ ... ဘယ်လိုလုပ် ..."

သူ ​မှော်အစွမ်း တတ်ကျွမ်းသည်လား။ ယွင်​ယောင် အံ့အားသင့်လျက် ယွင်ချဲ့ကို တစ်လှည့်၊ ​လေထဲမှ​ ပေါ်လာသည့် အစားအစာတို့ကို တစ်လှည့် လက်ညှိုးထိုးလျက် ကြည့်​နေသည်။ သူဘယ်တုန်းကများ စွမ်းအားနဲ့ ဖြစ်သွားရတာလဲ။

​လေထုထဲမှ ပစ္စည်းများ ထုတ်ယူ​နေ​သော ယွင်ချဲ့ကို ကြည့်ကာ အခြားသူများမှာလည်း မှင်သက်​ နေကြ​လေသည်။ ပျက်သုဉ်းကာလ အစဖြစ်​သော​ကြောင့် စွမ်းအားအ​ကြောင်းကို မသိကြ​သေး​ပေ။

"ဝါး .. ဉီးဉီးက အစွမ်းရှိတာပဲ"

​မှော်အစွမ်းရှိသည်ဟု ထင်လိုက်​သော ချန်ချန် တစ်​ယောက်တည်း သာလျှင် စိတ်လှုပ်ရှားစွာ လက်ခုပ် တီး​လေသည်။ ယွင်ချဲ့ ကိုယ်ကိုကိုင်းကာ ချန်ချန်ကို ချီယူလိုက်ပြီး သူ၏ဇွန်း၊ ပန်းကန်လုံးနှင့် တူတစ်စုံတို့ကို ယူကာ အံ့အားသင့်​နေ​သော အစ်မဖြစ်သူအား ...

"ဒါက ​လေဟာပြင် စွမ်းအားပါ .. မမ အမြန်လာစား​လေ ဗိုက်ဖြည့်ပြီးရင် ​ရှောင်ချန်ဆီ အမြန်သွားရမှာ"

​​လေဟာပြင် စွမ်းအားမှာ ကမ္ဘာပျက်ကပ် အစတွင် အလွန်ရှားပါး​သော စွမ်းအင် တစ်မျိုးဖြစ်ပြီး မိမိအနားရှိ​ လေထဲတွင် ဂို​ထောင်တစ်ခု ရှိ​နေပုံနှင့် တူသည်။ ထိုစွမ်းအား ရှိသူတို့မှာ ကြိုတင်ပြင်ဆင်ခြင်း မရှိဘဲ ထွက်​ပြေး သွားလာနိုင်ပြီး ပစ္စည်းတစ်ခုခု​ ပျောက်သွားမည်ကို စိုးရိမ်ရန်မလို​ပေ။ ထိုစွမ်းအား ရှိသူများသည် အစတွင် မိမိအစွမ်းကို ဖုံးကွယ်​လေ့ရှိပြီး အကယ်၍တစ်​ယောက်​ယောက် သိသွားခဲ့လျှင် ထိုသူ၏ကိုယ်ပိုင် ဂို​ထောင်အဖြစ်သို့ပင် ​ပြောင်းလဲ သွားနိုင်​ပေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now