part 59

2.2K 373 2
                                    

Unicode

အခန်း (၅၉)

"မင်း အခုချက်ချင်း ထွက်သွားတော့"

စွမ်းအားရှင် အစည်းအရုံး၏ ရုံးခန်း တစ်နေရာတွင် ယွင်ချဲ့ အရှေ့တွင် ရှိသော စားပွဲကို မှောက်လှန် ပစ်လုနီးပါး ပေါက်ကွဲ နေလေသည်။

"အဟမ်း ဇယ်ယွီ ဖင်ဆောင့် ကန်သူများ ဆိုတဲ့ နာမည်က ငါတို့အဖွဲ့အတွက် မသင့်တော်ဘူးလို့ ထင်တယ်နော်"

ယွင်ချဲ့ရော  လုဟိုင်ရွှမ်းပါ သည်းမခံ နိုင်တော့ပေ။ သူတို့ ဇီဇာကြောင်နေခြင်း မဟုတ်ဘဲ ကျိုးဇယ်ယွီ ပြောသမျှ နာမည်များမှာ အလွန် ရူးကြောင်ကြောင် နိုင်လှသည်။ ဥပမာ အနေဖြင့် ကမ္ဘာ့အင်အားကြီး အဖွဲ့၊ လွှမ်းမိုးသူများ၊ အာဏာရှင် စသော နာမည်များမှာ ရူးကြောင်ကြောင် ဆန်လွန်းသည်။ နောက်ဆုံး ပေးထားသော နာမည်ပင်လျှင် 'ဖင်ဆောင့်ကန်သူများ' ဟုပေးထားသဖြင့် ယွင်ချဲ့ ယခုအချိန်ထိ စိတ်လျော့ သည်းခံ ထားနိုင်သည်က အလွန်ကံကောင်းနေသည်။

"ဘာလို့လဲ နာမည်တွေက အမိုက်စားပဲကို .. အစ်ကိုချဲ့က တခြားသူတွေ အစ်ကို့ရဲ့ တိုက်ခိုက် စွမ်းရည်ကို သိမှာ ကြောက်နေတာလား"

ယွင်ချဲ့၏ အကြည့် စူးစူးများကြောင့် ကျိုးဇယ်ယွီ ကိုယ်လေး ကျုံသွားကာ အခြားကို လျှောက်ကြည့်နေပြီး ပါးစပ်မှလည်း သူပြောသော နာမည်များ မိုက်ကြောင်း တိုးတိုးလေး ရေရွတ်နေသည်။ ထိုနာမည်များကို ဂိမ်းထဲတွင် သုံးခဲ့သဖြင့် လက်တွေ့တွင်လည်း အသုံးချနိုင်သည် မဟုတ်လား။ သာမန် နာမည်များက ယွင်ချဲ့၏ စွမ်းရည်အတွက် သုံးရန် မသင့်တော်သောကြောင့် ထိုနာမည်များကို သူတို့အတွက် တွေးကာ ကျိုးဇယ်ယွီ ရွေးပေး ထားသည်ကို ယွင်ချဲ့ မသိတတ်ပေ။

"မင်းက အားလုံးကို သိစေချင်လို့လား"

ယွင်ချဲ့ ဒေါသစိတ်ကြောင့် သက်ပြင်း ချလိုက်ပြီး အကြည့် လွဲလိုက်သည်။ ချန်ချန်လည်း တစ်ခုခုကို စဉ်းစားမိသွားပုံဖြင့် ပါးစပ်ထဲမှ သကြားလုံးကို ထုတ်ကာ ယွင်ချဲ့ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

"မငိုပါနဲ့ဦးဦး ဦးလေးကျိုးက တော်တော်ဆိုးတာပဲ"

"အမ်..."

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now