Part 118

1.4K 203 1
                                    

Unicode

အခန်း (၁၁၈)

"ကျွန်တော်တို့မှာလည်း ၁၀နာရီပဲ ရေးထားတယ်"

ယွင်ချဲ့၏ စာရွက်က ကျန်းဝမ်ရှန်ကို အံ့ဩစေသည့်အပြင် ကူးမင်ရွှမ်းလည်း ရှင်းဖုန်း အချက်ပြသည်နှင့် သူတို့ရထားသော စာရွက်ကိုလည်း ကမ်းပေးလိုက်သည်။ စာရွက် ၂ ရွက်တည်းသာ မှားယွင်းခဲ့ပြီး ထိုစာရွက်တို့ကို ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့သာ ရခဲ့ကြောင်းကို ကျန်းဝမ်ရှန် ကြံရာမရ ဖြစ်နေလေသည်။ ကာကွယ်ရေးတပ်၏ တံဆိပ်သာ မပါခဲ့လျှင် ထိုစာရွက်တို့ကို ယွင်ချဲ့တို့ ပြင်ဆင်ခဲ့သည်ဟု သူထင်ကောင်း ထင်မိလိမ့်မည်။

"ဒါဆို ကျွန်တော် တမင်လုပ်ပြောတာ မဟုတ်ဘူးမလား"

သာမန် စာရွက်တစ်ရွက်သာ ဖြစ်သဖြင့် ယွင်ချဲ့ အနေနှင့် သူစိတ်တိုင်းကျ ပြင်ဆင်နိုင်ပြီး တံဆိပ်ကိုလည်း နမူနာ ပုံစံသာရလျှင် အလွယ်တကူ ပုံတူကူး၍ ရနိုင်သည်။ လိုအပ်သော ပစ္စည်းများရှိသော သူတစ်ယောက်အတွက် ထိုသို့ လုပ်ရသည်မှာ အလွယ်ကူဆုံးပင်။

"ဒီ..ဒီစာရွက် ထုတ်တဲ့သူက အမှားလုပ်မိခဲ့တာ ဖြစ်လီမ့်မယ် ... တောင်းပန်ပါတယ် ကာကွယ်ရေးအဖွဲ့က လိုအပ်သွားတာပါ"

စာရွက် ၂ ရွက်ကို ကိုင်လျက် ကျန်းဝမ်ရှန် မျက်နှာပျက် နေသဖြင့် ယွင်ချဲ့လည်း သူ့အနားသွားကာ ပခုံးကို ပုတ်လိုက်ပြီး သူ၏ သဘောထားကြီးမှုကို ပြလေသည်။

"ရပါတယ် တစ်နာရီပဲ နောက်ကျတာ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ လူတိုင်းက အမှားလုပ်တတ်တာပဲ ကာကွယ်ရေး တပ်ဖွဲ့က ကိစ္စအစုံနဲ့ အလုပ်များနေကြတာ .. စိတ်မပူပါနဲ့ ကိုယ့်ရဲ့လူတွေကို ဂရုစိုက်ဖို့ပဲ ပြောလိုက်ပါ"

ယွင်ချဲ့ အကြောင်းကိုသာ သေချာမသိခဲ့လျှင် သူ၏ နှစ်သိမ့်ပေးမှုတွင် မျောပါသွားနိုင်သော်လည်း အကြောင်းသိနေသော ကူးမင်ရွှမ်းနှင့် ယဲ့ရှင်းချန်တို့က စိတ်ထဲတွင် ကျိတ်ရယ်နေကြလေသည်။ ယွင်ချဲ့ထက် ပို၍ မျက်နှာပြောင် အတိုက်နိုင်ဆုံး သူကို အနောက်တောင် စခန်းတွင် ရှာတွေ့မည် မဟုတ်ပေ။ ဟေးယွီက လူမဟုတ်သောကြောင့် သူ့ကို စဉ်းစားရန်မလိုပါ။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Onde histórias criam vida. Descubra agora