Part105

1.5K 268 0
                                    

Unicode

အခန်း (၁ဝ၅)

"ကျွန်တော်တို့ ဟွိုင်မြို့မှာ တွေ့ခဲ့တာ မှတ်မိသေးလား အဲဒီတုန်းက သူ့ကိုခေါ်ဖို့သွားခဲ့တာ .. ဒါပေမယ့် ကျွန်တော်ရောက်တော့ သူဖုတ်ကောင်ဖြစ်ကာစ ပြုနေပြီ။ ခင်ဗျားနဲ့ ရင်းနှီးတဲ့သူ တစ်ယောက် ဖုတ်ကောင်ဖြစ်နေတာကို မြင်ရတဲ့အခါ ဘယ်လို ခံစားရလဲဆိုတာ ခင်ဗျားတွေးနိုင်မှာ မဟုတ်ဘူး ... ကျွန်တော့် ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲတော့မလိုပဲ သူ့ကို စမ်းရေနဲ့ ကုပေးလိုက်တယ်။ ခင်ဗျားကို တိုက်ခဲ့ဖူးတဲ့ရေပဲ၊ ရေက ခဏတာလောက်တော့ သူ့စွမ်းအားနဲ့ အင်အားတွေကို ပြန်ဖြည့်ပေးနိုင်တယ်။ အဆိပ်ဖြေဆေးလိုမျိုးပေါ့ ... ရေက သူ့ကိုယ်ထဲက ဇွမ်ဘီပိုးကို ထိန်းထားပေးနိုင်မယ် ထင်ခဲ့တာ။ ဒါပေမယ့် အဲဒါက သူပြောင်းလဲတာကို ပိုမြန်အောင်လုပ်လိုက်ပြီး အချိန်တိုလေး အတွင်းမှာပဲ အဆင်မြင့် ဖုတ်ကောင်ကို ပြောင်းသွားတယ် အားအင်တွေလည်း ပြတ်သွားပြီး နောက်ဆုံး ငူငူငိုင်ငိုင်ကြီး ဖြစ်သွားတယ် ... သူအတွင်းနဲ့အပြင် ညီအောင် ထိန်းထားနိုင်ဖို့ဆိုရင် အသားစိမ်း ဒါမှမဟုတ် အမြုတေကို စားဖို့လိုတယ် ... ရှောင်ချန်က အရမ်းတော်တဲ့ ကျောင်းသားလို့ ကျွန်တော် ပြောခဲ့ဖူးတယ်လေ။ သူပြောင်းလဲသွားပေမယ့် သူ့ကို မစွန့်လွှတ် မသတ်ပစ်နိုင်ဘူး။ အဲဒါကြောင့် သူဘယ်လိုပုံစံပဲ ပြောင်းသွားပါစေ သူ့ကို ဆက်ထိန်းထားဖို့ပဲ ဆုံးဖြတ်လိုက်တာ"

ထိုနေ့က အကြောင်းများကို ပြန်ပြောပြနေရင်းဖြင့် ယွင်ချဲ့ ရင်နာလာရသည်။ သူ၏စိတ်သောကများ ပြေပျောက်သွားရန် အတွက် ဆေးလိပ်တစ်လိပ် ယူထုတ်ကာ သောက်လိုက်သည်။

"အဲဒါကြောင့် မင်းသလင်းကျောက်တွေ လိုက်စုနေတာလား"

ထိုအမေးမှာ အဓိပ္ပါယ်မရှိပေ။ စောနကပင် ယွင်ချန်က အင်အားဖြည့်ရန် လိုအက်သဖြင့် အမြုတေများအသားစိမ်းများ စားရန်လိုအပ်သည်ဟု ယွင်ချဲ့ ပြောခဲ့သည်။ သေချာပေါက်ပင် ယွင်ချဲ့က လူသတ်သမား မဖြစ်ချင်သဖြင့် သူ့တွင် ရွေးချယ်စရာ တစ်ခုသာ ကျန်တော့သည်။ ထို့ကြောင့် လန်ယဲ့ဟန် တို့က ဖုတ်ကောင်များကို လိုက်လံ သတ်ဖြတ်နေခြင်း ဖြစ်သည်။ ရှင်းဖုန်း သေချာ မမြင်နိုင်သော်လည်း အမြုတေများကို ယွင်ချဲ့ မည်မျှ လိုအပ်နေကြောင်း တွေးကြည့်၍ပင် ရနိုင်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now