part 9

3.7K 570 5
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၉)

​နောက်တစ်​နေ့​ ရောက်​​လေ​သော် ယွင်ချဲ့ ​မျှော်လင့်တကြီး​ စောင့်​နေခဲ့​သော်လည်း အစ်မ​နှင့် ညီငယ်တို့ မ​ရောက်လာကြ​သဖြင့် ဖုန်းဆက်​ ခေါ်​​သော်ငြား ဆက်သွယ်၍ မရ​ခဲ့​ပေ။ မနက်ဖြန် ကမ္ဘာပျက် ကပ်ဆိုက်​တော့မည် ဖြစ်​သော​ကြောင့် ယွင်ချဲ့ စိတ်ဓါတ်ကျ လာခဲ့ရသည်။ ည​ရောက်တော့မှသာ အစ်မနှင့် အဆက်အသွယ် ပြန်ရ​လေသည်။

"အားနာလိုက်တာ ​ရှောင်ချဲ့ ရယ် ... မမ​ယောက္ခမ​လေ မ​နေ့ညက ရုတ်တရက် ထဖျား​နေလို့ .. ကျစ်ကျွင်းလည်း မရှိ​တော့ မမမသွားရင် မမကို ရန်လုပ်ကြ​တော့မှာ .. ချန်ချန်နဲ့ မနက်ဖြန် လာခဲ့မယ်​လေ"

ယွင်​ယောင် အသံမှာ ​မောပန်းခြင်းနှင့် ​တောင်းပန်ခြင်းတို့ဖြင့် ပြည့်နှက်​နေပြီး စကားကို​ဖြောင့်​အောင်ပင် မ​ပြောနိုင်​သော​ကြောင့် သူမ အနိုင်ကျင့်​ခံရ​ကြောင်း ယွင်ချဲ့ တန်းသိလိုက်သည်။ ဖြစ်နိုင်လျှင် ထိုမိသားစု၏ ယုတ်မာမှုကို အစ်မသိ​အောင် ပြလိုက်ချင်​သော်လည်း အစ်မမှာ ကျိုးကျစ်ကျွင်းကို အလွန်ချစ်ရှာသည်။ အကယ်၍ သူ​ပြောနိုင်ခဲ့လျှင်လည်း လက်ထပ်ပွဲကို သူမလက်​လျော့မည်မဟုတ်​ပေ။

"မဟုတ်ဘူး မမ .. အိမ်မှာပဲ​နေ ကျွန်​တော် လာ​ခေါ်မယ် .. အခုကစပြီး ချန်ချန်နဲ့ အတူတူ အိမ်မှာပဲ​နေ ဘယ်ကိုမှ မသွားကြနဲ့ .. တကယ်လို့ ကျိုး မိသားစု​တွေက ဖုန်းဆက်လာရင် ပြန်မ​ဖြေနဲ့ အိမ်မှာပဲ​နေပြီး ကျွန်​တော် လာမှာကို​ စောင့်​နေ"

စကား​ပြော​နေရန် ​နောက်ကျ​နေပြီ ဖြစ်​သော​ကြောင့် ယွင်ချဲ့ ကိုယ်တိုင် သွားခေါ်ရန် စီစဉ်လိုက်သည်။ မနက်ဖြန် ကမ္ဘာပျက်​နေ့ပင်။ အစ်မနှင့် ချန်ချန်ကို နှစ်​ယောက်တည်း လွှတ်ထား​ပေးရန် မဖြစ်နိုင်​တော့​ပေ။ ပျက်သုဉ်းကာလတွင် မိသားစုဝင်များကို ဆုံးရှုံးရခြင်းနှင့် အထီးကျန်ရခြင်း၏ နာကျင်မှုတို့ကို သူမခံစားချင်​တော့​ပေ။

"ဒါ​ပေမယ့် .. "

"မမ .. ကျွန်​တော်က မမကို ရန်ပြုမှာမလို့လား .. ကတိ​ပေးပါ တံခါးကို ပိတ်ထား လုံးဝမဖွင့်နဲ့ အပြင်လည်း မထွက်နဲ့"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now